July 28, 2012

သင်ယူသူနှင့် သင်ကြားသူ ကြားက ကွာဟချက်

   သင်ယူသူနှင့် သင်ကြားသူ ကြားက ကွာဟချက်
                  အသိပညာ    အတတ်ပညာ သင်ကြားသူ တွေကို ဆရာ လို့ အသိအမှတ်ပြု ကြပါတယ်။ အဲဒီကမှ ကျောင်းပညာ အတန်းပညာ သင်ကြားပေးတဲ့ ဆရာတွေကတော့ အင်မတန်ကျေးဇူးကြီးလှပါတယ်။  ငယ်ရွယ်စဉ် ကလေးဘဝမှာ အဖေအမေ ပြီးရင် စာသင်ပေးတဲ့ဆရာဟာ ကိုယ်အလေးစားဆုံးနဲ့ အားကိုးမိတာ ဆရာပါ။ အမေ့လက်ထဲကနေ လက်တွဲဖြုတ်ပြီး သူစိမ်းလက်ထဲကို စိတ်ချလက်ချ ထဲ့ပေးလိုက်တာ ဆရာတွေထံပဲ ဖြစ်ပါတယ်။ အမေက ဘယ်သူခေါ်ခေါ် မလိုက်နဲ့ ၊ ဘယ်သူမှ စိတ်မချလို့ ဘယ်သူစိမ်း လက်မှ မထဲ့ရာက အမေ စိတ်ချလက်ချ ထဲ့လိုက်ပြီး အဲဒီ သူက အမေ့လိုပဲ ကိုယ့်ကို ဆုံးမသွန်သင်ယုံမက စာတွေ ကဗျာတွေပါ သင်ပေးတဲ့အခါ အားကိုးတကြီး ဖြစ်ရပါတယ်။ ဒါ့ကြောင့်လည်း လက်ဦးဆရာ မည်ထိုက်စွာကား၊ ပုဗာစရိယ မိနှင့်ဖ လို့ဆိုကြတာပါ။ ဆရာတွေရဲ့ ကျေးဇူးကတော့ ပြောလို့ကုန်နိုင်မယ် မထင်ပါဘူး။ ယနေ့ ခေတ်မှာတော့ အဲဒီ ဆရာတွေအပေါ်မှာ အထင်မှား အမြင်မှားတာလား၊ အထင်လွဲ အမြင်လွဲတာ တွေလား မသိပါဘူး၊ ပြောကြဆိုကြ တာတွေ နားမဆံ့အောင် ကြားရတဲ့ အခါ အံ့ဩ မိပါတယ်။ လူတိုင်းမဟုတ်သလို၊ ဆရာတိုင်းတော့ မဟုတ်ပါဘူးဆိုတာတော့ စကားပလ္လင်ခံပါရစေ။ ကံကောင်းထောက်မတယ် ပြောရမလား မသိပါဘူး၊ သူငယ်တန်းကနေ ဘွဲ့ရသည်အထိ သူ့ဆီ ကျူရှင်လာတက်ဘို့ ခေါ်တဲ့ ဆရာမျိုးမတွေ့ဘူးသလို၊ ဆရာ၊ဆရာမ သင်တာ နားမလည်ဘူး၊ စာသင်မကောင်းတဲ့ ဆရာ၊ အသင်အပြ မကောင်းတဲ့ဆရာ ဆိုတာတွေ ကျမ ပညာသင်ယူခဲ့တဲ့ သက်တမ်း (၁၇) နှစ်အတွင်း မှာ တခါမှတောင် မတွေ့ဘူးပါဘူး။ ကိုယ်ကိုယ်တိုင် ကျောင်းဆရာမလုပ်ခဲ့တဲ့ သက်တမ်း တစ်လျှောက် မှာလည်း ကျောင်းသားတွေကို အချောင်ခိုပြီး သင်လိုက်မဟဲ့ ဆိုတဲ့ ဆရာ/ဆရာမ မျိုး မတွေ့ခဲ့ပါဘူး။ တစ်ခုတော့ရှိပါတယ်။ သူရှင်းပြတာကို ကျောင်းသားတွေ နားမလည်တာနဲ့ ပတ်သက်ပြီး စိတ်ဓါတ်ကျတတ်တဲ့ ဆရာ/ဆရာမ တစ်ချို့ရှိသလို၊ ဘယ်လောက်ရှင်းပြ ရှင်းပြ ဘယ်လိုမှ သဘောမပေါက်တဲ့ အင်မတန် နားဝေးတဲ့ ကလေးမျိုး ကိုလည်း တွေ့ခဲ့ဘူးပါတယ်။ အဲဒီမှာ သင်ယူတဲ့သူနဲ့ သင်ကြားသူကြားက ပြဿနာ စတာပါပဲ။
                      သင်ကြားသူ ဆိုတဲ့ ဆရာတွေ ဘက်ကကြည့်ရင်၊ ကျောင်းဆရာ ဘယ်လိုဖြစ်လာသလဲ၊ ဘာ့ကြောင့် ကျောင်းဆရာ ဖြစ်လာတာလဲ၊ ကျောင်းဆရာ တစ်ယောက်ရဲ့ ဂုဏ်ပုဒ်တွေ၊ ကိုယ်ရည်ကိုယ်သွေးတွေ ပြည့်ဝစွာနဲ့ ဖြစ်လာတာလား၊ မေးခွန်းတွေ အများကြီး ပေါ်လာနိုင်ပါတယ်။ အလုပ်မရှိလို့ ရတဲ့ အလုပ်ဝင်လုပ်ရာက ဖြစ်လာတာ။ ဒိထက် တက်လမ်းရှိတဲ့ အလုပ်ရရင် ပြောင်းဖို့ ခေတ္တ ယာယီ ဝင်လုပ်တာ၊ အဲဒီလိုဝင်လုပ်ရာက ကံမကောင်း အကြောင်းမလှစွာပဲ ဆရာဘဝ မှာသောင်တင် နေတာ။ အဲ..အဲဒီလို ဆရာ/ဆရာမ မျိုးတွေ ရှိသလို၊ ကျောင်းဆရာမှ မလုပ်ရရင် ဘယ်အလုပ်မှ မလုပ်လို၊ ပညာသင်ပေးရင်း ဘဝကို ကျောင်းဆရာဘဝ မှာပဲ ပျော်ပျော်ကြီး မြှုပ်နှံထားလိုတဲ့ ဆရာ/ဆရာမ မျိုးတွေလည်း အများကြီးပါ။ ကျောင်းဆရာ လုပ်လိုသူတိုင်း ဆရာဖြစ်လာတာ မဟုတ်သလို၊ ဆရာဖြစ်လာသူတိုင်း ကျောင်းဆရာ လုပ်လိုသူများ မဟုတ်ကြပါဘူး။ ဒီအခြေအနေတွေကို ကျမတို့ငယ်စဉ်က မကြားခဲ့ရပါဘူး။ ဒီအခြေအနေတွေ ဖြစ်ရတာဟာ ခေတ်ကာလ ခေတ်စနစ်ကြောင့်ပါလို့ ဆိုရင် မှားနိုင်မယ် မထင်ပါဘူး။ ကျမ မူလတန်းပြဆရာမ စတင်လျှောက်စဉ်က အဖြစ်အပျက် ကလေးပါ။ ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ပြီး ကျောင်းတွေ ပိတ်လိုက်ရပါတယ်။ အဲဒီနောက် ၁၉၈၉ မှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ပါတယ်။ တက္ကသိုလ်တွေကတော့ မဖွင့်သေးပါဘူး။ အရေးအခင်းကာလမှာ ကျောင်းသားတွေ ဘက်ကရပ်တည်ခဲ့တဲ့ ဆရာ/ဆရာမ တော်တော်များများ အလုပ်ပြုတ်ကုန်ပါတယ်။ တစ်ချို့လည်း ကျောင်းသားတွေနဲ့ အတူ တောတွင်းရောက်ကြပါတယ်။ အဲဒီတော့ ဆရာ/ဆရာမ တော်တော် လစ်လပ်ပါတယ်။ အရေးအခင်း အပြီး အလုပ်အကိုင်ရှားပါး နေချိန်မှာ ပထမဆုံး ဝန်ထမ်းခေါ်တာ ကျောင်းဆရာ ရာထူးပါ။ ဘွဲ့ရ ကြီးကြီးငယ်ငယ် ပုပုရွရွ အကုန်လာလျှောက်ကြပါတယ်။ ဘာလို့ ဒီလို လျှောက်ကြ သလဲ ဆိုတော့ အသက်ကန့်သတ်ချက်က အသက်(၄၀) အထိ ပေးထားလို့ပါ။ အရင့်အရင်က မူလတန်းပြဆရာမ ခေါ်ရင် အသက်ကန့်သတ်ချက်က (၂၅)နှစ်ပါ။ ဘယ်လိုဖြစ်သလဲဆိုတာ နားစွင့်တော့မှ ဖြစ်ပုံကို သိရပါတယ်။ မဆလ ခေါ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ရှစ်လေးလုံးကာလမှာ နိဋ္ဌိတံသွားပါတယ်။ လမ်းစဉ်ပါတီ ရုံးက ဝန်ထမ်းတွေ အကုန် အလုပ်လက်မဲ့ ဖြစ်ပါတယ်။ သူတို့ကို အလုပ်ပြန်ပေးဘို့ အတွက် ခေါ်တာလို့ ဆိုပါတယ်။ ဒီသတင်းကြားတဲ့ တချို့တွေက တို့တော့ ရဖို့မမြင်ဆိုပြီး လျှောက်လွှာပြန်ရုပ်တဲ့သူ ရှိသလို ရေးဖြေ မဖြေတော့တာတွေတောင် ရှိပါတယ်။ ကျမကတော့ ကျောင်းဆရာမ လုပ်ချင်သူ ဖြစ်တဲ့အတွက် ဒီတစ်ခါ မအောင်လည်း နောက်ထပ်ဖြေ၊ မရမချင်း ဖြေပြီး ဆရာမဖြစ်တဲ့ အထိ ဖြေဘို့ စိတ်ကူးရှိတာမို့ အတွေ့အကြုံရလည်း ရဆိုပြီး ဝင်ဖြေလိုက်ပါတယ်။ တကယ်လည်း ပါတီပြုတ်(ထိုစဉ်ကအခေါ်အဝေါ်) တွေ အများသားပင်၊ သူတို့ ကြည့်ရတာလည်း ယုံကြည်မှု အပြည့်ရှိတဲ့ ပုံစံပါပဲ။ သူတို့ပဲ ရမှာဆိုတဲ့ ပုံစံပါ။ ရေးဖြေမှာ မေးတဲ့မေးခွန်းတွေ အားလုံး မမှတ်မိပေမယ့် မမေ့နိုင်ဖြစ်ရတဲ့ မေးခွန်းလေးရှိပါတယ်။ အဲဒါကတော့ ဆရာကျင့်ဝတ် ဘယ်နှစ်ပါးရှိသလဲ။ ဖော်ပြပါတဲ့။ မေးခွန်းက ရိုးရိုးလေးပါပဲ။ မမေ့နိုင်တာက စာမေးပွဲ ဖြေအပြီး ပြန်အထွက်မှာပါ။
“ ဆရာ့ကျင့်ဝတ် ငါးပါးရှိမှန်း သိတယ်။ တခုချင်း မသိလို့ မဖြေခဲ့ဘူး” ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။ တစ်ယောက်ကတော့ ကျမကို လက်ညှိုးထိုးပြီး “ အဲဒီ ညီမလေး ဖြေတာတွေ့လို့ ပြပါဆိုတာ မပြဘူးတဲ့”
ကျမလည်း  “ ကျောင်းဆရာမ လုပ်မယ့်သူက ဆရာ့ဝတ်တောင်မသိဘဲ လုပ်ချင်လား၊ ဒါ့ကြောင့် မပြောတာလို့ “ ပြန်ပြောလိုက်ပါတယ်။ အဲဒီ ပါတီပြုတ်တွေ အများအပြား ဆရာ/ဆရာမ တွေဖြစ်ကြပါတယ်။ ကျမလည်း ဒီတစ်ကြိမ်ဖြေပြီး ဆရာမ ဖြစ်ခဲ့ပါတယ်။ ကျမတို့ ဘာသင်တန်းမှ မတက်ရပါပဲ တာဝန်ကျတဲ့ ကျောင်းမှာ တာဝန်ပေးတဲ့ အတန်းကို သင်ကြရပါတယ်။ ယခုလက်ရှိက အဲဒီ ၈၈ နောက်ပိုင်း ဆရာလောကထဲ ရောက်လာတဲ့ သူတွေများတာကို တွေ့နေရပါတယ်။ ကလေးဗဟိုပြုတာတွေ၊ ဆရာဗဟိုပြုတာတွေ ဘာမှမသိပါဘူး၊ ကိုယ့်တုန်းက ဆရာတွေ ဘယ်လိုသင်သလဲ၊ အဲဒီလို ပုံစံနဲ့ပဲ သင်ကြတာပါပဲ။ နောက်ပိုင်း တဖြည်းဖြည်း ကိုယ့်ဘာသာ လေ့လာမှတ်သား၊ စာသင်ကောင်းတဲ့ ဆရာတွေရဲ့ သင်ကြားမှု ပုံစံကို လေ့လာမှတ်သားပြီး သင်ကြရတာပါ။ စာသင်ခန်းထဲ ဝင်လာရင် စာအုပ် လုံးဝ မကိုင်ပဲ မြေဖြူလေး လက်ကကိုင်ပြီး သင်တဲ့ ဆရာကို အားကျလွန်းလို့ ကိုယ်လဲ ဆရာဖြစ်ရော အဲဒီလို ဖြစ်အောင် လေ့ကျင့်ယူပြီး လုပ်တော့တာပါပဲ။ အဲဒါမျိုးက ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို အတွေ့အကြုံရယ်၊ အလေ့အကျင့်ရယ် အများကြီးလိုပါတယ်။ နောက်စာသင်နည်း ဆိုတာ သင်တန်းဘယ်လောက် တက်တက် လက်တွေ့ ကြုံရတာက ပိုထိရောက်တာလည်း ရှိပါတယ်။ ကျမ ရှစ်တန်း အရောက်မှာ မမေ့နိုင်တဲ့ ဆရာမတစ်ယောက်နဲ့ ဆုံရပါတယ်။ ကျမက ပထဝီဘာသာရပ်ကို လုံးဝ စိတ်မဝင်စားပါဘူး။ ဘယ်လိုမှ မှတ်လို့ နားမလည်နိုင်တဲ့ အတွက် နားမလည်ပဲ အသေကျက်တာ ပင်ပန်းလှပါတယ်။ နားမလည်ပဲ အလွတ်ကျက်လို့လား မသိပါဘူး၊ စာမေးပွဲဖြေရင် မေ့ကုန်ပါတယ်။ အစမေ့ရင် ဘာမှ မရတော့ပါဘူး။ မြေပုံလဲ မဆွဲပါဘူး၊ ချန်ထားခဲ့ပါတယ်။ တခြားဘာသာတွေ အမှတ်(၈၀)၊ (၉၀) ရပြီး ပထဝီဆိုရင် (၆၀) တခါမှမကျော်ပါဘူး။ အဲဒီတော့ အမှတ်စာရင်း ပြောလို့ အမှတ်တွေပေါင်းထားရင် ကျမအမှတ်က အဆင့်(၁)ပါ။ ပထဝီ အမှတ်ထွက်လာပြီဆို အားလုံးနဲ့ မတိမ်းမယိမ်းကနေ ထခါထဲ စောက်ထိုးကျသွားတော့တာပါပဲ။ သူများနဲ့ (၁၅) (၂၀) က အဲဒီမှာ ကွာတော့တာကိုး။ ရှစ်တန်းရောက်တဲ့ နှစ်မှာ ဒီဆရာမနဲ့ ဆုံရတာက ဆရာမ သင်ပေးတဲ့ ပုံစံကြောင့် ပထဝီကို စိတ်ပါဝင်စား လာပြီး ကောင်းကောင်းလည်း နားလည်လာပါတော့တယ်။ မှတ်လည်းမှတ်လာနိုင်ပါတယ်။ အမှတ်တွေလည်း တက်လာပြီး ပထဝီဘာသာရပ် ကိုစိတ်ဝင်စားလာပါတယ်။ ဆရာမက အတန်းထဲဝင်ရင် ဘာစာအုပ်မှ မကိုင်ပါဘူး။ အဲဒီ ခေတ်က ဆရာက မှတ်စု ခေါ်ပေးရတာကိုတောင် မှတ်စု မခေါ်ပါဘူး။ သူရှင်းပြပြီးရင် ဖတ်စာအုပ်ထုတ်စေကာ ဘယ်ကနေ ဘယ်အထိ ဝိုက်ကွင်းခတ်၊ အဲဒီ အပိုဒ်ကျော် ဒီလိုပြောပြီး အဲဒါပြန်ဖတ်။ မှတ်စု မှတ်ချင်ရင် တခေါက်ဖတ်ပြီး ကိုယ့်ဘာသာ အိမ်မှာရေး၊ ဒီလိုသင်တာပါ။ မြေပုံဆိုတာ လှဘို့မလို၊ မှန်ရင်ရဘီ ဆိုလို့  ကျမနဲ့ အံကိုက်ပါပဲ။ ကျောက်စိမ်းထွက်တဲ့မြို့၊ ခဲမဖြူ၊ ရေနံ စသဖြင့် ထွက်တဲ့ မြို့တွေကို အသေအလဲ ကျက်ရာက ဘာ့ကြောင့် ဒီနေရာမှာထွက်ရတာ၊ ဒါတွေက ဘယ်လိုအရပ်ဒေသမှာမှ ဖြစ်ထွန်းနိုင်တာ သိလာတော့ အထူးတလည် ကျက်စရာမလိုပဲ မှတ်ရလွယ်သွားလိုက်တာ အခုထိတောင် မမေ့တော့ပါဘူး။ ဆရာမက စာသင်ချိန် အပြည့် စာချည်းသင်တာ မဟုတ်ပါဘူး။ ဆုံးမစရာတွေ အတွေ့အကြုံတွေကိုလဲ ပြောပြတတ်ပါတယ်။ အဲဒီ အချိန်က ယောင်္ကျားလေး၊ မိန်းကလေး  ပုဆိုး ထမီဝတ်ရင် အောက်မှာ ကြမ်းတိုက်ပြီး တရွတ်ဆွဲပါတယ်။ ဆရာမတူလေးတွေလည်း အဲလို တရွတ်ဆွဲပြီး ဝတ်တတ်တဲ့ အကြောင်းနဲ့ တရွတ်ဆွဲ ဝတ်တော့ အောက်နားတွေ ဂျီးပေလို့ အမေ၊ကြီးတော်တွေက လျှော်တဲ့ အခါ ပင်ပန်းပုံကို သေသေချာချာ ရှင်းပြတာ မဝတ်တော့ကြောင်း ရီစရာတွေနဲ့ ပြောပြပါတယ်။ ဆရာမ မဆူပါပဲ အတန်းထဲက တရွတ်ဆွဲတွေ ပျောက်ကုန်ပါတယ်။ စာသင်ရင်း ကျောင်းသားတွေ ညီးငွေ့တာ ကိုလည်း သိပါတယ်၊ အဲလိုသိရင်  ကလေးတို့ ဒီအခန်းကတော့ အဲဒီလိုပဲ ပျင်းစရာကောင်းတယ်၊ ခဏ သီးခံ နားထောင်လိုက်လို့ ပြောတဲ့အခါ ပြော နားလိုက်ရင်ကောင်းမယ်ဆိုပီး နားချင် နားပေးပါတယ်။ အတုယူစရာ ကောင်းလှပါတယ်။ စာသင်ပေးတဲ့ ဆရာဆိုတာ တတ်အောင်သင်ကြတာပါပဲ။ ဒါပေမယ့် သင်ကြားရာမှာ စေတနာ၊ ဝါသနာ၊ အနစ်နာ သာမက အခြေအနေ အချိန်အခါ လိုက်ပြီး သင်ကြားနည်း စနစ် လဲလိုပါတယ်။ စာအုပ်ထဲက စနစ်ကို တသမတ်ထဲ ကျင့်လို့လည်း မဖြစ်ပါဘူး။ 
“ ငါဆရာပဲ၊ငါပြောတာနားထောင်၊ ဒီအချိန်မှာ ဒါပြီးမှ ဖြစ်မှာ ၊ နားလည် မလည် ပြီးအောင်သင်မယ် ၊ ဒါမှမဟုတ် ကျောင်းသား စိတ်ဝင်စားလား၊ စိတ်မဝင်စားလား၊ မသိ၊ သင်နေခဲ့ပါက သင်ယူသူ ကျောင်းသားနဲ့ အံမကိုက်တော့ပါဘူး။
 အချို့ဆရာ/ဆရာမများကတော့ စာသင်ရင် ဖတ်စာအုပ်ကို မျက်နှာမှ မခွာ၊ အတန်းကိုလည်း မကြည့်ပဲ သင်ကြပါတယ်။ ထိုဆရာမျိုးနှင့် ကြုံရပါက ကျောင်းသားတစ်ချို့က တိုးတိုး တိုးတိုး ကြိတ်ပြီး စကားပြောသူကပြော၊ မုန့်ခိုးစားသူက စား လုပ်တတ်ကြပါတယ်။ စာထဲ စိတ်မရောက်ကြတော့ပေ။ ဗရုတ်ကျသော ကျောင်းသားတချို့ဆိုပါက စာ`ရွက်ကို လိုက်လှန်သယောင်လုပ်ပြီး စာမျက်နှာဂဏန်းများကို စာရွက်လှန်ကြေး ဆော့ကြပါတယ်။ အချို့ဆရာ/ ဆရာမ ကတော့ ကျောက်သင်ပုန်းနှင့် မျက်နှာချင်းဆိုင်ကာ အတန်းကို ကျောခိုင်းပြီး တတွတ်တွတ် ရွတ်ပါတယ်။ ခပ်ဆိုးဆိုး ကျောင်းသား များကတော့ အတန်းနောက်မှာ လက်ဝှေ့ပင် ထိုးနေကြပါတော့တယ်။။ဆရာချင်း အတူတူပင် ဖြစ်သော်လည်း သင်နည်း အဖုံဖုံဖြင့် သင်ကြပါတယ်။ အကြောင်းရင်းမှာ ဟိုး အရင်က ဆရာမများ ကဲ့သို့ စနစ်တကျ သင်တန်းတက်ရောက်ပြီး ပညာရေး လောကသို့ ရောက်ရှိလာသူများ နည်းပါးခြင်းကြောင့်ပင်။ ခေတ်စနစ် ပြောင်းလဲမှုနှင့်အတူ ပညာရေးစနစ် အမျိုးမျိုး ပြောင်းကာ ဆရာအရင်းအမြစ်များကလည်း နည်းမျိုးစုံဖြင့် ထွက်ပေါ်လာခြင်းကြောင့်ပင်။
   ဆရာ/ဆရာမ လုပ်သက် (၁၀) နှစ်ခန့် အရောက်မှာမှ စနစ်တစ်မျိုး ပြောင်းပြီး ဘာသာရပ်အလိုက် မွမ်းမံ သင်တန်းများ တက်ကြရပြန်ပါတယ်။ သို့သော် သင်နည်းကား ခေါက်ရိုးကျိုးနေပြီ ဖြစ်၍ ဘာသင်တန်း ထပ်တက်တက် ကိုယ်သင်နေသည့် ပုံစံ အတိုင်းပင် ဆက်လက် သင်ကြားမြဲ ဖြစ်ပါတယ်။ ကျမတို့ငယ်စဉ် ကလေးဘဝက ကြုံတွေ့ခဲ့ရသည့် ဆရာ/ဆရာမများကတော့ ဆရာဖြစ်သင်တန်း အောင်ပြီးမှ ဆရာဖြစ်လာသူ တွေချည်းပင်။ ပညာရေးတက္ကသိုလ်၊ ဆရာအတတ်သင်ကျောင်း( ရန်ကင်း၊ သင်္ကံန်းကျွန်း) ( ထိုစဉ်က အခေါ်)၊ များမှ သင်တန်းဆင်းပြီး၊ တာဝန်ကျရာ ကျောင်းများသို့ ရောက်ရှိ လာကြခြင်း ဖြစ်ပါတယ်။ သင်တန်း မဆင်းမီ တန်းပြဆင်းတဲ့ အနေနဲ့ ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးရပါသေးတယ်။ အဲဒီ တန်းပြဆင်းရင်း သင်ကြားပုံကိုလည်း စာမေးပွဲ အမှတ်ယူပါတယ်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ဆရာအတတ်သင်ကောလိပ် တွေ တိုးချဲ့ဖွင့်လှစ်ပြီး ဆရာများ မွေးထုတ်လျက်ရှိတယ် ဆိုတဲ့ အတွက် နောင်နှစ် အနည်းငယ် အတွင်းမှာ စနစ်တကျ သင်ကြားနည်းစနစ်တွေနဲ့ ပညာရေးမြှင့်တင် လာနိုင်မယ်လို့ ယူဆရပါတယ်။ အဓိက ကတော့ စနစ်တကျ၊ နည်းစနစ်မှနမှန်နဲ့ ကျောင်းသား နားလည် လက်ခံအောင် သင်ကြားပေးနိုင်တဲ့ ဆရာအရင်းအမြစ်ပါပဲ။
   သင်ယူသူ ကျောင်းသားဆိုတာကလည်း အမျိုးမျိုး ရှိတာပါပဲ။သင်ယူသူ ကျောင်းသားဆိုတာ များသောအားဖြင့် ဥာဏ်ရည်က အတူတူပါပဲ၊ မှတ်ဥာဏ်အားနည်းတဲ့ ကလေးက ဝီရိယပိုစိုက်ရင် သင်ယူရတာ အခက်အခဲ မရှိလှပါဘူး။ ကျောင်းသူ/ကျောင်းသားတွေဟာ များသောအားဖြင့် ထိန်းချုပ်မှု အပေါ် မူတည်ပြီး ပညာကို သင်ယူကြရပါတယ်။ တချို့က စာကျက်လို့ ပြောမှ စာကို ကျက်သလို၊ တချို့က သူ့အသိစိတ်နဲ့သူ ပြောစရာမလိုပဲ ကျက်မှတ် တတ်ပါတယ်။ အဓိက ကတော့ သင်ကြားသူဆရာရဲ့ ဦးဆောင်မှု အောက်မှာ ကလေးတွေက စနစ်တကျ သင်ယူကြရတာပဲ ဖြစ်ပါတယ်။ မိဘရဲ့ ပံ့ပိုးမှုကတော့ အနည်းငယ်လိုအပ်ပါတယ်။ ဆိုလိုတာက ကလေး အိမ်စာ မှန်မှန် လုပ်မလုပ် ၊ အချိန်မှန် ကျောင်းတက်မတက်၊ အချိန်မှန် စာကျက်ဖို့ ဆိုတာတွေက မိဘတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါ့ကြောင့် မိဘဆရာပူးပေါင်း ကလေးပညာကောင်းလို့ ဆိုခဲ့ကြတာပါ။ ဒါပေမယ့် မိဘတချို့ကျပြန်တော့ မိဘဆရာ ပူးပေါင်းပုံက မှားယွင်းနေပြန်ပါတယ်။ အဲဒီ မှားယွင်းမှုဟာ ကလေးအပေါ်မှာ သွားပြီး သက်ရောက်ပါတယ်။ ကျောင်းမှာသင်တာ နားမလည်ရင် သူ့ကျူရှင်ဆီ သွားတက်ခိုင်းတာမျိုး၊ အတန်းပိုင်ဆရာထံမှာ ကျူရှင်တက်မှ စာမေးပွဲ အောင်မယ်ဆိုတဲ့ အမြင်မျိုးဟာ ကလေးတွေကို သင်ယူလိုမှု လျော့ကျစေပါတယ်။ ဆရာစာသင်တာကို တချိန်ထဲ တပြိုင်ထဲ နားထောင်တာချင်း အတူတူ အချို့ကလေးက ဒက်ကနဲ သဘောပေါက်ပြီး၊ အချို့က အခေါက်ခေါက်အခါခါမှ သဘောပေါက်တတ်ပါတယ်။ ဒါ့ကြောင့် ဆရာ/ဆရာမတော်တော်များများက စာသင်ရင် နှစ်ခေါက်ကတော့ အနည်းဆုံး ရှင်းပြ ပြောပြလေ့ရှိပါတယ်။
   ဆရာ/ဆရာမတွေရဲ့ အပြုအမူ အနေအထိုင်ကလည်း စာသင်ရာမှာ စိတ်ဝင်စားဖွယ် စွဲဆောင်စေတတ်ပါတယ်။ ဆရာ/ဆရာမ အတန်းဝင်လာမှာကို မျှော်လင့်စောင့်စား စေနိုင်တဲ့ အထိ စွမ်းရည်ရှိပါတယ်။ သင်မယ့်ဆရာက ပျင်းပျင်းရိရိ အမူအယာ ရှိနေရင် သင်ယူတဲ့ ကလေးတွေကလည်း လိုက်ပြီး ပျင်းတတ်ပါတယ်။ ကျောင်းသူ/ကျောင်းသားဆိုတာက ဆရာမ စာသင်ဖို့ အတန်းထဲဝင်လာရင် ဆံထုံး ထုံးတာ ၊ ပန်းပန်တာက အစ စိတ်ဝင်စားပါတယ်။ အရာရာကို အတုမြင် အတတ်သင်ကြမယ့် အရွယ်ကိုး၊ သဇင်ပန်း မပေါ်တဲ့ရာသီမှာ သဇင်ပန်း ပန်လာရင်လည်း စိတ်ဝင်စားတာပါပဲ။ ဆံထုံးကို တနေ့တမျိုး ပုံစံပြောင်းပြီး ထုံးတတ်တဲ့ ဆရာမဆိုရင် နေ့တိုင်း သူ့ဆံထုံးကို စောင့်ကြည့်ကြတတ်ပါတယ်။ အဲဒီတော့ ဆရာမ စာသင်တာကို စိတ်မဝင်စားခင် ဆရာမ အတန်းဝင်လာမှာကို စိတ်ဝင်စားစေတာကလည်း အဲဒီဘာသာရပ် သင်ကြားမယ့်အချိန်ကို သင်ယူဖို့ စိတ်ပါဝင်စားစွာ စောင့်နေမိခြင်းတမျိုးပါပဲ။ ကျမ အလယ်တန်းကျောင်းသူ ဘဝက ကြုံခဲ့ရတဲ့ ဆရာမတစ်ယောက် ဆိုရင် သူနေတဲ့ ရန်ကုန်မြို့ထဲကနေ ကျောင်းရှိရာ မြို့သစ်( ထိုစဉ်က) ကို နေ့စဉ် ဘတ်စ်ကားနဲ့ လာရပါတယ်။ အတန်းထဲ ရောက်ရင် ကားစီးရင်းကြုံရတဲ့ အဖြစ်အပျက်တွေကို တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြောပြတတ်ပါတယ်။ ဆရာမက ဘာကိုပဲ ဖြစ်ဖြစ် စိတ်မညစ်တတ်ပဲ အရာရာကို ခွင့်လွှတ်တဲ့ အမြင်နဲ့ ကြည့်လေ့ ပြောလေ့ရှိပါတယ်။ တော်ရုံတန်ရုံ ကိစ္စကို ရယ်ရယ်မောမောနဲ့ပဲ ပြီးသွားတတ်ပါတယ်။  ဒါ့ကြောင့် ဘတ်စ်ကားစီးရင်း ကြုံရတဲ့ အကြောင်းတွေကို ကျမတို့ အားလုံး နားထောင်ပြီး သဘောကျ ကြပါတယ်။ တခါတလေ ဆရာမက အမူအယာပါလွန်းရင် ကျမတို့ကလေးတွေ အူတက်မတတ် ရယ်ရတာ မှတ်မိပါသေးတယ်။ အဲဒီလို ဆယ်မိနစ်လောက် ပြောဆိုပြီး “ ကဲ စာစသင်ကြရအောင်” လို့ ပြောပြီး သင်ခန်းစာကို သင်တာပါ။ အဲဒီအချိန်မှာ ကျမတို့ စိတ်တွေဟာ ပေါ့ပါးပြီး စာသင်တာနားထောင်ဖို့ အဆင်သင့်ဖြစ်ပြီး တက်ကြွ နေကြပါတော့တယ်။ အဲဒီတော့ ကျမတို့ ကျောင်းသား/ကျောင်းသူတွေက ဆရာမ အတန်းဝင်လာမယ့် အချိန်ကို မျှော်မိကြပါတယ်။ ကလေးတွေ ဖြစ်လေ့ရှိတာပါ။ ဒါကြောင့် ကလေးစိတ်ပညာတို့၊ သင်ယူမှု သင်ကြားမှု အခြေခံတို့၊ သင်ကြားမှု အထောက်အကူပြု ပစ္စည်းတို့ ဆိုတာတွေဟာ အရေးပါတာပါ။ သင်ကြားမှု အထောက်အကူပြု ပစ္စည်းဆိုတာက ကိုင်တွယ်လို့ရပြီး မြင်တွေ့ရတဲ့ အရာသာမဟုတ်၊ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေလည်း ပါဝင်ပါတယ်။
   ဒါ့ကြောင့် သင်ကြားသူ ဆရာ/ဆရာမတွေနဲ့ သင်ယူသူ ကျောင်းသား/ကျောင်းသူတွေ အကြားမှာ ကွာဟချက် ကြီးကြီးမားမား ရှိနေလို့ မဖြစ်ပါဘူး။ အဓိက ကတော့ စနစ်မူမှန်ပြီး နားလည်မှုပုံစံ ထပ်တူကျနေဖို့သာ လိုအပ်ပါတယ်။ ကွာဟချက် ကျဉ်းမြောင်းလေ အနာဂတ်ပညာရေး ပုံဖော်မှုတွေ အောင်မြင်ဖို့ လမ်းစ ကျယ်ပြန့် လာလေသာဖြစ်ပါတယ်။

July 23, 2012

သမီးအတွက် မွေးနေ့လက်ဆောင်

လွန်ခဲ့သော နှစ်ဆယ့်တစ်နှစ်က ဒီနေ့ရက်မှာ သမီးကြီးကို မွေးဖွားခဲ့သည်။ ယောင်္ကျားလေးမှ မိန်းကလေးမှ ဟူ၍ စိတ်မှာ မရှိ။ သမီးဖေဖေရော ကျမပါ ဘာလေးဖြစ်ဖြစ်ဟု ပြောဖြစ်ကြသည်။ မွေးကာနီးတော့ ဘာလေးဖြစ်မလဲ မသိဘူး၊ ဘာလေးလိုချင်သလဲ မေးတော့ သမီး  ဖေဖေက လူလေး ဟုဆိုလေရာ ကျမ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရသည်။ ဒါက သူ့စကား မဟုတ်။ ခုနှစ်စဉ်အလွမ်း ဇာတ်ကားမှာ သုမောင်ပြောတာကို ပြန်ပြောသည့် အတွက် ရယ်ရခြင်းပင်။ ဒီရုပ်ရှင်ကလည်း ကြည့်ထားတာ မကြာသေး။ နေ့စေ့ လစေ့နှင့် သွားကြည့်ဖြစ်သည်။  ကိုယ်ဝန် နေ့စေ့ လစေ့နှင့် ကြည့်ရသည်က အပျော်အပါး ဝါသနာပါလွန်း၍ မဟုတ်သလို ရုပ်ရှင်ဆိုလျှင် မကြည့်ရ မနေနိုင်လွန်း၍လည်း မဟုတ်ပါ။ ကျမတို့ နှစ်ယောက်စလုံး ရုပ်ရှင်ကြည့်လျှင် ဒါရိုက်တာနှင့် ဇာတ်လမ်းကို အရင်ကြည့်ပီးမှ ကြည့်လေ့ရှိသည်။ ဒါရိုက်တာဆိုလျှင် မောင်ဝဏ ကားဆို မလွတ်တမ်းကြည့်သည်။ သရုပ်ဆောင်ထဲတွင် သဘာဝမင်းသား သုမောင်ကို ကြိုက်သည်။ စာရေးဆရာထဲတွင် မင်းလူကိုကြိုက်သည်။ မင်းလူရဲ့ ဝတ္ထုကို သုမောင်က သရုပ်ဆောင်ပီး ဒါရိုက်တာ မောင်ဝဏရိုက်သည့် ဒီ ခုနှစ်စဉ်အလွမ်းကို ကြည့်ဖြစ်အောင် ကြည့်တော့သည်။ ဒါရိုက်တာ မောင်ဝဏကလည်း ကားရိုက်ကျဲသည်။ တော်ရုံရိုက်တာ မဟုတ်တော့ ကြည့်ဖြစ်အောင် ကြည့်ရလေသည်။ ကိုယ်ဝန်က နောက်အပတ်ထဲ မွေးမှာဖြစ်သည့်အတွက် ကျမမှာ တကယ့်ကို လေးလံလျှက် ရှိနေသည်။ ထိုင်ခုံတွင် ကြာကြာမထိုင်နိုင်၊ ခုံတန်းတွေ အနောက် ထွက်သွားပီး မတ်တပ်ရပ် ကြည့်ရပြန်သည်။ မတ်တပ်ကြာကြာ ရပ်ပြန်တော့လည်း ခါးက မခံနိုင်အောင် နာလာသည့်အတွက် ထိုင်ရပြန်သည်။ ထိုင်လိုက်ထလိုက် အကြိမ်ပေါင်းမနည်း လုပ်ပီးကြည့်နေရသည်။ နောက်ဆုံးတွင် ရုပ်ရှင်ရုံ ဝန်ထမ်းတစ်ယောက်က ကျမအဖြစ်ကို သိသွားပီး ခုံတန်းများနောက်တွင် ပလတ်စတစ်ခုံလေးတစ်ခုံ လာချပေးလေသည်။ ထိုင်ခုံရှိရာ နေရာကို ထွက်လိုက်ဝင်လိုက် လုပ်စရာမလိုပဲ နောက်ဆုံးတွင် တစ်ယောက်ထဲ ထိုင်လိုက်ထလိုက်ဖြင့် ကြည့်ခဲ့လေသည်။ တိုက်တိုင်ဆိုင်ဆိုင် ဇာတ်ဝင်ခန်းတစ်ခုမှာ ခင်သန်းနုက ကိုယ်ဝန်ဆောင်နှင့်ဖြစ်နေ၍ ကြည့်ရင်းရီရသေးသည်။ အဲဒီမှာ ခင်သန်းနုက သုမောင်ကို ဘာလေးလိုချင်လဲ မေးရာ သုမောင်က လူလေး လို့ ရုပ်တည်သံပြတ်နှင့် ပြောပီး သရုပ်ဆောင်လေသည်။ သူက ဒါကို သဘောကျသည်ထင့် ။ ကျမအမေးကို သုမောင်အိုက်တင်နှင့်ဖြေလေသည်။ ဒါတင်မက သမီးကြီး လေးဘက်သွား၍ ဟိုဆွဲဒီဆွဲ လုပ်သည့်အခါ  စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်မှ မကျန်အောင် ဆွဲချလေသည်။ ပီးတော့ စာအုပ်ပုံကြားတွင် သွားကလေး ငုတ်တုတ်ဖြင့် အဖေကို တလှညိ့ အမေကို တလှည့် ရယ်ပြနေသေးသည်။ ကျမက စာအုပ်များကို ပြန်ထပ်ရင်း ပွစိပွစိ လုပ်လေရာ သမီးဖေဖေက လုပ်ပစေ ဒါမှ စာအုပ်တွေနဲ့ ရင်းနှီးမှာဆို၍ ခုနှစ်စဉ်အလွမ်းမှ ဇာတ်ဝင်ခန်းတခုကို မြင်ယောင်လာရပြန်သည်။
                ကျမတို့နှစ်ယောက်စလုံးသည် သမီးကို အတန်းပညာသာမက ပြင်ပဗဟုသုတ အသိဥာဏ်ပညာ ပြည့်စုံစေလိုကြသည်။ ဒီအတွက် စာများများဖတ်စေချင်သည်။ သမီးစာမဖတ်တတ်ခင်ကတည်းက စာအုပ်များကို ဖတ်ပြသည်။ သမီးက သဘောကျသည့်အတွက် ကျေနပ်မိကြသည်။ တဖြေးဖြေးနှင့် သမီးသည် စာအုပ်များကို ကြိုက်နှစ်သက်လာလေသည်။ အလုပ်နားရက် တပတ်တခါ အိပ်ခန်းရှင်းလျှင် အိပ်ယာပေါ် နှင့် ကုတင်အောက်တွင် ကျနေသော စာအုပ်များ ရွှေသွေး မိုးသောက်ပန်း ပုံပြင်စာအုပ်များ ဇာတ်ကြီးဆယ်ဘွဲ့ သရုပ်ဖော် စာအုပ်များ စသည်တို့ကို တထပ်ကြီး စာအုပ်စင် ပြန်ပြန်ပို့ရသည်။ သူ့ဘာသာ ဖတ်တတ်လာသည့်အခါတွင် ကာတွန်းများကို ဖတ်လာသည်။ ဖတ်ပြဘို့ မလိုတော့။ ကျမသည် လောဘကြီးစွာပင် သမီး ဘာစာအမျိုးအစားတွေ ကြိုက်မလဲဆိုတာကို သိချင်နေမိသည်။  သူ သူငယ်တန်းအရောက်တွင် အဆိုတော်ဗဒင် သီချင်းအခွေက တော်တော်ပေါက်ရာ အဲဒီသီချင်းအားလုံးကို တစ်ပုဒ်မကျန် တလုံးမကျန် ဆိုနိုင်လေသည်။ ကျမအိမ်အလုပ်များ လုပ်စရာရှိသဖြင့် လုပ်နေလျှင် သူက တခါးပေါက်မှာ ခြေထောက်ကလေးချပီး ဌာဏ်ကရိုင်းကျကျ စိတ်လွတ်ကိုယ်လွတ် ဆိုလေရာ ကျမတို့နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းတွင်နေထိုင်သည့် ဆိုင်းဆရာ ရွာစား စိန်စတင်းရဲ့တပည့် မြစတင်းက ပြုံးပြုံးဖြင့် ထိုင်ထိုင်ကြည့်ရင်း အားပေးလေသည်။ ကျမနှင့် ဆုံမိသည့်တနေ"့ ညည်းသမီး (၇) နှစ်လောက်ဆို ဦးလေးဆီပို့လိုက်၊ ပတ္တလားနဲ့ အဆိုချပေးမယ်၊ အခု ကလေးမို့ စည်းဝါး သံစဉ် မသိတာတောင် သူက အဝင်အထွက် အနိမ့်အမြင့်ကို မှန်အောင်ဆိုနိုင်တယ်။" ဟုဆိုလေရာ ကျေနပ်ရပြန်သည်။ အနုပညာဆိုတာ ဘာပဲဖြစ်ဖြစ် သိမ်မွေ့နူးညံ့စေသည် မဟုတ်ပါလား။
                အချစ်ဝတ္ထုတွေ သမီးဖတ်လာတာတွေ့ရတော့ သမီးဖေဖေက ဖတ်ပလေ့စေ။ လူဆိုတာ အချစ်ဆိုတာရှိမှာပဲတဲ့။ နောက်ပိုင်းတော့ သူက ဂျူး ကိုကြိုက်လာပြန်သည်။ ဆရာမ ဂျူး ရဲ့ဇာတ်ကောင်တွေကလည်း ထက်ထက်မြက်မြက် ရှိသဖြင့် သဘောကျသည်တဲ့။ ထိုစာရေးဆရာများက စာရေးကျဲသည့် အတွက် ဖတ်စရာ ရှားလာသည့်အခါ အိမ်က စာအုပ်တွေထားသည့် အခန်းထဲ ဝင်မွှေရာက မစန္ဒာကို ကြိုက်သည်တဲ့။ မိုးမိုး(အင်းလျား) ရဲ့ ညီမလေးက အချစ်ကိုကိုးကွယ်သတဲ့လား ကိုဖတ်အပြီး " လောကမှာ စု လို စိတ်ကူးယဉ်တဲ့ မိန်းကလေးတွေ ရှိမှာပဲန်ာတဲ့" သမီးရဲ့ မေးခွန်းအသွားအလာကို နားထောင်ရင်း ကျေနပ်ရပြန်သည်။ ပျောက်သောလမ်းမှာ စမ်းတဝါးကို ဖတ်ပီးပြန်တော့ " ဒီဝတ္ထုဖတ်ပီး စိတ်ညစ်လိုက်တာ၊ သမီး အပျိုကြီးပဲ လုပ်တော့မယ်" ဆိုပြန်သေးသည်။ သမီးဖေဖေက လူဖြစ်လာရင် လောကတာဝန်ကျေပွန်ရတယ်၊ အပြောကို ရီရသေးသည်။ ကျမကတော့ စာဖတ်ပါ။ လောကကိုလေ့လာပါ။ တဖြေးဖြး လူတွေအကြောင်း လောကအကြောင်း သိလာပါလိမ့်မယ်လို့ တဖွဖွပြောဖြစ်သည်။  ဘဝဆိုတာ လွယ်လွယ်နဲ့ဖြတ်သန်းရသလို ခက်ခက်ခဲခဲ ရုန်းကန်ရတာတွေလည်းရှိတယ်။ တကယ်တော့ ဘဝဆိုတာ ရုန်းကန်နေရတာပါပဲ။ အဲဒီအခါ အခက်အခဲတွေ့တဲ့ အခါ စိတ်မပျက်အောင်၊ စိတ်ဓါတ်မကျအောင် နေနိုင်ဘို့က ကိုယ်ခံအားကောင်းမှ ဖြစ်မှာ။ အဲဒီအတွက် စိတ်ဓါတ်ခွန်အားတွေ ကြံ့ခိုင်ဘို့က စာပေဖတ်ရှုလေ့လာထားရင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုရှိတယ်စသဖြင့်ပြောပြရသည်။
              သမီးက တက္ကသိုလ်တက်ရာ ကျမတက်ခဲ့သည့် ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) တွင်ပင်တက်ရသည်။ သူတို့ခေတ်ကျတော့ အမျိုးသားစီမံခန့်ခွဲမှုကောလိပ် ဟုခေါ်လေသည်။ ကျောင်းစာကြည့်တိုက်မှာ  စာအုပ်ငှား ခိုင်းရာ ဖတ်ချိန်မရပါတဲ့။ ကျမလဲ ရတဲ့အချိန် ရသလောက်ဖတ်ဆိုကာ တပတ်တအုပ် ငှားဖြစ်အောင်ငှားခိုင်းရလေသည်။ တိုင်းပြည်ရဲ့ သမိုင်း၊ ကျောင်းသားတွေရဲ့ သမိုင်းကို သိရပေမည်။ အရှေ့ကနေဝန်းထွက်သည့်ပမာ ငှားခဲ့ပါ ဆိုပီး ဖတ်ကြည့်ဆိုရာ ကျောင်းစာတဖက်နှင့်မို့ မပီးခင် အချိန်စေ့သဖြင့် ပြန်အပ်ရပြန်သည်။ သမီးသည် နိုင်ငံရေးစာပေတွေ စိတ်မဝင်စားဘူးလား  တွေးမိပြန်သည်။ ကျောင်းပိတ်ရက်တရက်တွင်တော့ ကုန်းဘောင်ရှာပုံတော်ကို ဖတ်နေပြန်သည်။ ဒီလိုဆိုတော့လဲ ဟုတ်သားဟု ကျေနပ်ရပြန်သည်။ ဆရာတော်ဦးဇောတိက စာအုပ်များ ဖတ်ပီး ရွှေတိဂုံဘုရား အရှေ့မုဒ်က မင်္ဂလာဗျူဟာအသင်းမှာ တရားစခန်းဝင်တော့ ယောဂီများဝတ်တော့မလား တွေးရပြန်သည်။
ကျမကို သမီးဖေဖေက သူတို့ရုံးက ရာထူးနေရာအတွက် အလုပ်စာမေးပွဲစစ်တော့ စာမေးပွဲခန်းစောင့်သည့် အတွေ့အကြုံကို ပြောပြသည်။ လိုချင်တာက အမျိုးသားဝန်ထမ်း၊ လာလျှောက်သည်က အမျိုးသမီးတွေ များသည်။ ဒီဘက်ခေတ်မှာ အစိုးရအလုပ်ကို ယောင်္ကျားလေးတွေ သိပ်မလျှောက်ကြတော့ လုပ်ငန်းသဘာဝအရ ယောင်္ကျားလေးလိုချင်သည့်အခါ တော်ရုံဖြေနိုင်ရင် ခေါ်လိုက်သည်သာ။ အခုလည်း မိန်းကလေးအများကြားတွင် ယောင်္ကျားလေးက (၃)ယောက်သာပါသည်တဲ့။ သမီးဖေဖေစောင့်သည့် အခန်းတွင် တစ်ယောက်ပါလာလေသည်။ ဒီတယောက်ကို ကြည့်လိုက်တော့ ပြောတာဆိုတာ အသံသြဇာ မဆိုးလို့ တွက်မိသည်။ ဒါ့ကြောင့် ရေးဖြေအောင်ရင် အခြေအနေကောင်းသည့်အတွက် သူဖြေသည့်အနား ခနခန ဖြတ်လျှောက်ရင်း အကဲခတ်ကြည့်သည်တဲ့။ အဲဒီကောင်လေးကလဲ သူဖြတ်သွားရင် မော့ကြည့်ပီး ပြုံးပြုံးပြသည်။ သူကလဲ ပြန်ပြုံးပြရင်း မျက်မှန်းတန်းမိလေသည်တဲ့။ တော်တော်လေးကြာတော့ သမီးဖေဖေကို ခေါင်းလေးဆတ်ပြပြီး မေးခွန်းနေရာကို လက်ကလေးထောက်လို့ ပြလေရာ အသာလေးကပ်ပြောမယ်ပြင်မိသည်တဲ့။ မေးခွန်းကိုလဲ ကြည့်မိရော ဒေါသက ဘယ်လိုဘယ်လို အထွတ်အထိပ်ရောက်သွားမှန်း မသိတာနဲ့ ချာကနဲလှည့်ထွက်ခဲ့တာ ဖြေဆိုချိန်ပီးတဲ့ အထိ အဲဒီကောင်လေးနား မသွားတော့ပါတဲ့။ မေးခွန်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ကို ကွက်လပ်ကလေးထဲ ဖြည့်ခိုင်းတာပါ။ ဒါကို ကျမနားထောင်အပီးမှာ သမီးစာကျက်နေတာကို ရပ်ခိုင်းပီး မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့ ခုနှစ် လ ရက် ပြောလို့ မေးခွန်းထုတ်မိလေသည်။ သမီးရဲ့ အဖြေကြားမှ တော်ပါသေးရဲ့ဆိုရာ သမီးက ကျမကို ကြောင်ကြည့်နေလေသည်။ သမီးဖေဖေကတော့ တို့သမီးက ဒါမျိုးဖြစ်မလားဟတဲ့ ပြောနေသေးသည်။
          ကျမသည် သမီးကို သိသင့်သိထိုက်သည်များ မသိမှာကိုလဲပူသည်။ ပညာတတ်တာ မတတ်တာထက် အသိဥာဏ်နုံ့နဲ့မှာကို ပူသည်။ အရာရာတိုင်းကို ကျောင်းပညာမှာ မရနိုင်သလို ၊ အရာရာတိုင်းကိုလည်း မိဘက ပြောပြနေလို့ မရနိုင်ပေ။ အဲဒီအတွက် လိုအပ်ချက်က စာများများဖတ်မှ ဖြစ်မည်။ အတိက်ကအကြောင်းကို အတိတ်ကလူတွေ ရေးသည့်စာတွေ ဖတ်ခြင်းဖြင့် သိနိုင်သည်။ မျက်မှောက်ကာလအကြောင်းကို ခေတ်စနစ်တွေ ဖြတ်သန်းရင်း သိနိုင်သည်။ အဲဒီအတွက် ခေတ်ရဲ့ သရုပ်ဖော် စာရေးဆရာ သမိုင်းဆရာ သတင်းစာဆရာ ပန်းချီ ပန်းပု အနုပညာ စသည်တို့ကို လေ့လာရမည်။ ခေတ်ကို မျက်ခြေမပြတ်ရန် ထိုခေတ်ရဲ့ သမိုင်းကို ဖြစ်စဉ်ကို သိနေဖို့လိုသည်။ အဲဒီအတွက် သမီးကို ပြောခဲ့သည်မှာ ယခုဆိုလျှင် အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။ ဆက်လက်ပီးလဲ ဒီစကားကို ပြောနေရအုန်းမည်သာ။ အဲဒီစကားကတော့ " သမီးရေ... ဘယ်နေရာရောက်ရောက် ဘယ်အချိန်ပဲဖြစ်ဖြစ်... စာဖတ်ပါ၊ " လို့ပဲဖြစ်လေသည်။

July 21, 2012

ရာဇဝင်အထုပ္ပတ္တိလဲရှိရမယ်................

 အဆိုတော် မေလှမြိုင် သီဆိုထားတဲ့ အလေးပြုပါသည် သီချင်းကို နားထောင်ရင်းက ဒီသီချင်းတွေ အခုမှကြားဖူးသည်လို့ သမီးကြီးက ပြောတော့ ကျမအတွေးတွေ ဖျတ်ကနဲ စဉ်းစားရသည်။ ဟုတ်တာပေါ့ သမီးက ၁၉၉၁ ခုနှစ်ဖွား၊ ရေတွက်ကြည့်လိုက်တော့ ဒီနှစ်ပိုင်း၊ ဒီကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်တင်မက ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကိုပါ တိမ်မြုပ်ပျောက်ကွယ်အောင် လုပ်ထားခဲ့ကြသည်။ကလေးတွေ ဘယ်လိုမှ မသိနိုင်။ ဒါပေမယ့် သိအောင်ပြောရင်တော့ သိကြပေမည်။ ဒါက မိဘတွေနှင့် ဆိုင်လာချေပြီ။ ကိုချိုတူးဇော် status မှာရေးထားတာလေး ဖတ်လိုက်ရသည်။  သူ့အိမ်လာလည်တဲ့ ကလေးကို  ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြပီး ဘယ်သူလဲသိလားဆိုတော့ ကလေးက " သိတယ်.. ဗိုလ်ချုပ်ခင်ညွန့်လေ" လို့ ဖြေလိုက်တာ ကလေးအမေကို လက်ညှိုးထိုးလို့ ရန်တွေ့တယ်ဆိုတာ သတိရမိပီး ကိုယ့်ကိုယ်ကို တော်ပါသေးရဲ့လို့ အောက်မေ့မိသည်။ ကျမကလေးတွေ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးတွေကို အကုန်သိသည်။ ဒါပေမယ့် အာဇာနည်သီချင်းတွေကို သူတို့ နားမထောင်ခဲ့ရသည့်အတွက် ကိုယ့်ကိုယ်ကို ရန်တွေ့မိလေသည်။ ဗဒင်သီချင်းများ ခေတ်စားချိန်တွင် ရုံးမှာရထားတဲ့ မူရင်းခွေကနေ ကိုယ့်ကက်ဆက်ခွေလေးထဲ ငါးမိနစ်ပင်မကြာ ကူးပီးဘီ။ သမီးရေရော့ဆိုကာ အိမ်ရောက်တာနဲ့ နားထောင်ဘို့ ပေးဖြစ်သည်။ စောဘွဲ့မှုးသမီး ကဗျာဘွဲ့မှုး သိချင်းစဆိုတော့ ဝလုံးလေးမှဝိုင်းအောင်မရေးနိုင်ခင် ဆိုတဲ့စာသားပါတဲ့ မှားတဲ့ဘက်မှာ ဆိုတဲ့ သီချင်းထင်ပါရဲ့ ၊ အဲဒီသီချင်းလေး ကူးခဲ့ပါအုန်းဆို ချက်ချင်းကူးပေးခဲ့သည်။ အချိန်မရွေး ကူးလို့ရသည်။ အဆိုတော် မာမာအေး သီချင်းများ မလွှင့်ရလို့ ပိတ်ထားတော့ နားထောင်ချင်လို့ဆိုကာ ကူးယူထားမိသည်။ အာဇာနည်နေ့ ဂုဏ်ပြုသီချင်းများသည်လည်း မလွှင့်ရဆိုသည့် စာရင်းတွင်ပါသည်။ ဒါတွေကို ကူးယူဖို့၊ ကလေးတွေ နားထောင်ခိုင်းဖို့ မေ့လျော့နေခဲ့သည်။ ကိုချိုတူးဇော် သိလျှင် ကျမကိုလည်း လက်ညှိုးထိုးပီး ရန်တွေ့လေမည်လားမသိ။ ယခု အင်တာနက်ခေတ်တွင်တော့ အာဇာနည်နေ့သီချင်းများသည် အွန်လိုင်းပေါ်တွင် အချိန်မရွေး နားထောင်နိုင်လေဘီ။ သတိတရဖြင့် သမီးကို ပို့ပေးလိုက်သည်။ ဒါကိုနားထောင်ရင်း သမီးက အမေကို ပြန်အားပေးသည်။ " ဟုတ်တာပေါ့ အမေရယ်.  သမီးတသက်ပေါ့ သမီးငယ်ငယ်ကထဲက ဒေါ်အောင်ဆန်းစုကြည်က အဖမ်းခံရလိုက် ပြန်လွတ်လိုက်နဲ့ အဖမ်းခံထားရပီး မနေ့တနေ့ကမှ လွတ်တာလေ" တဲ့။ ဒါတောင် သမီးသူငယ်ချင်းတွေထဲမှာ သမီးက အသိဆုံး။ တချို့ဆို ၈၈ အကြောင်းတွေ မသိကြဘူး။ သမီးက အမေတို့ ပြောပြောပြနေလို့ သိတာလေ ဆိုတော့ မှ တော်သေးရဲ့လို့ ဟင်း.. ချရသည်။
                      နောက်တစ်ပုဒ်ဖွင့်ပါအုန်းဆိုပီး ဆက်ဖွင့်တော့ " ရာဇဝင်အထုပ္ပတ္တိလဲ ရှိရမယ်.. မော်ကွန်းလဲထိုးလောက်တယ် မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် "  သားအမိနှစ်ယောက်စလုံး တပြိုင်ထဲ အသံထွက်သွားသည်။ ထီသည်.. ထီသည်။  မှန်ပါသည်။ လွန်ခဲ့သော ငါးနှစ် ခြောက်နှစ်ဝန်းကျင်က ဗိုလ်ချုပ်အောင်ဆန်းပုံ ကိုင်၍ လမ်းလျှောက်လို့မရ။ ဗိုလ်ချုပ်အောင်ဆန်းပုံ ရင်ထိုးတပ်၍မရ။ ဗိုလ်ချုပ်ပုံ အထိမ်းအမှတ်လုပ်၍မရ။ မြန်မာ့အသံမှ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ မလွှင့်ရ၊ သီချင်းများမလွှင့်ရ။ အရာအားလုံး ပိတ်ပင်ထားသည့် အချိန်တွင် အနှီထီသည်လေးသည် အာဇာနည်နေ့သီချင်းများ ဗိုလ်ချုပ်အောင်ဆန်းသီချင်းများ ဖွင့်ပီး လက်တွန်းလှည်းလေးဖြင့် ထီရောင်းသည်။ သူလာပီဆို စမ်းချောင်းရပ်ကွက်ရှိ လူတိုင်း နီးပါးထွက်ကြည့်ကြသည်။ သီချင်းကို လိုက်ဆိုကြသည်။  ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်၊  လူမွဲတွေလည်း မနှေး ခေတ်မီ သူဌေး ဖြစ်တော့မည်...  ဆိုသည့် နဂါးနီသီချင်း ဖွင့်သည့် ထီလက်တွန်းလှည်းများ။ စာဥရေ ငါအရောက်ပြန်ခဲ့မယ်... ဖွင့်သည့် ထီသည်များ၊ ဂုဏ်..ဂုဏ်.. ဂုဏ် .. ဂုဏ်ဆိုတာ  ငွေကိုခေါ်တယ်.... ငွေရှိရင်လုပ်သမျှတင့်တယ်.. ဆိုတဲ့  သီချင်းတွေ  .အပြိုင်အဆိုင် ဖွင့်ကြသည့် ထီလှည်းကလေးများ အကြားတွင် ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုသီချင်း၊ အာဇာနည်သီချင်းများ ဖွင့်သည့် ထီသည်ကလေးကို စိတ်ဝင်စားမိကြသည်။ သူလာမှ ကလေးတွေ ဒီသီချင်းကို ကြားကြရသည်။ မိဘတွေ လူကြီးသူမတွေက ပြောပြရသည်။ ထီသည်ကလေးကို အံ့သြလေးစားစွာ ကြည့်ကြသည်။ အချို့က စကားစမြည် ထွက်ပြောကြသည်။ သူ့ဆီမှာထီထိုးကြသည်။ ကျမရဲ့ ဦးလေးတစ်ယောက်က တရက်တွင် ထီထိုးအုန်းမှဆိုရာ ကျမအဒေါ်က ဗိုလ်ချုပ်အောင်ဆန်း ထီသည်လေးမှာ ထိုးပါ ။ သူလာတာ စောင့်ပီးထိုးပါ ဟု ဆိုလေသည်။ ဦးလေးက သင်္ဘောလိုက်ရာမှ ပြန်အနားဆိုတော့ မသိသေး။ နောက်ပိုင်း လစဉ်ထီထိုးရင် ဒီကောင်လေးလာမှ ထိုးသည်။ သမီးက ပြောသည်။ မေ့နေလို့ပါ။ အရင်ကတည်းက ဒီထီသည်လေး ဖွင့်ဖွင့်နေလို့ နားထောင်ရပါတယ်တဲ့။ တဆက်ထဲ သတိရလိုက်မိတာရှိသေးသည်။ ကလေးတွေ ကျောင်းက သွေးအမျိုးအစားစစ်ခိုင်းတော့ ကျမတို့ လမ်းနဲ့ကပ်ရက် သရက်တောလမ်းထဲက ဓါတ်ခွဲခန်းမှာ ရှိနေတုန်း အဲဒီ ထီသည်လေးရောက်လာတော့ ဓါတ်ခွဲခန်းမှုးက သွေးဖောက်နေရင်း ခနလေးနော်၊ ဒီသီချင်းလေး ဆုံးအောင်လိုက်ဆိုချင်လို့ဆိုကာ လိုက်ဆိုတာကို သတိရမိတော့သည်။ အဲဒီ ဓါတ်ခွဲခန်းမှုးကပဲ ကလေးတိှု့ဒါဘယ်သူ့အကြောင်းဆိုတာလဲ သိတယ်နော် ဆိုပီး ပြောပြတာကို လည်းသတိရမိသေးသည်။ ကျမဘက်လှဲ့ပီး ကလေးတွေကို သိအောင်ပြောပြနော်။ အခု ကလေးတွေ မသိအောင် သမိုင်းကို ဖျောက်နေ မြှုပ်နေကြတာ လို့လည်းပြောသေးသည်။ နောင်လာနောင်သားတွေကို သမိုင်းအမှန်သိအောင် ပြောဖို့ ရေးဖို့က လက်ရှိ လူသားတို့ရဲ့ တာဝန်ပဲဟု ဆွေးနွေးဖြစ်ခဲ့သည်။ ကလေးတွေ သိမှ လက်ဆင့်ကမ်းရင်း သမိုင်းအမှန်ကို သိအောင်လုပ်ကြရမည်။ ယခုအချိန်တွင် တချိန်က နားမထောင်ခဲ့ရ မကြားခဲ့ရသည့် အာဇာနည်သီချင်းများ အခုတော့ အနယ်နယ်အရပ်ရပ် လွင့်ပျံ့နေချေဘီ။ ယနေ့ လူငယ်များကံကောင်းလေစွ။  သမီးကိုလဲ သမီးတို့အများကြီးကံကောင်းသည်လို့ ပြောဖြစ်သည်။ ဆက်လက်ပီးလဲ ကံကောင်းခြင်းများစွာ ရရှိနိုင်ကြပါစေလို့ပဲ ဆုတောင်းနေမိသည်။

July 18, 2012




July 15, 2012

အမိရဲ့ ရင်ခွင်( ကောင်းကင် နိုင်ငံပြုအနုပညာမဂဇင်းမှ ကူးယူဖော်ပြပါသည်.)

          
 စံမင်း

                   ရန်ကုန်တက္ကသိုလ်၊ အမိတက္ကသိုလ် နှစ်(၁၀၀) ပြည့်တော့မည်တဲ့။ တက္ကသိုလ်မြေကို လွမ်းလှသည်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကို အောက်မေ့သည်။ တက္ကသိုလ်အတူတက်ခဲ့သည့် သူငယ်ချင်းများကိုလွမ်းသည်။ သစ်ပုပ်ပင်၊ ဘွဲ့နှင်းသဘင်အဆောက်အဦ၊ တက္ကသိုလ်စာကြည့်တိုက်ကြီး၊ ရေတမာတန်း၊ စာကြည့်တိုက်နားက ကံ့ကော်ပင်တွေ ၊အမြဲလျှောက်ခဲ့ရတဲ့ ပုဂံလမ်း... မဆုံးနိုင်အောင် လွမ်းစရာတွေပင်။ လွမ်းစရာတွေကတဆင့် နာကျည်းစရာတွေ မမေ့နိုင်တဲ့ အဖြစ်တွေ၊ ဘယ်လိုပင် သင်ပုန်းချေပါဆိုပေမယ့် မကျေနိုင်သည့်အဖြစ်တွေ နဲ့ အမိတက္ကသိုလ်ကို သတိရမိသည်။ တမ်းတမိသည်။ အမိတက္ကသိုလ်မှာ ပညာသင်ရင်း ပညာစုံလို့ ခွဲခွာရခြင်းရှိသလို ပညာမစုံခင် အဓမ္မခွဲခံခဲ့ရသည့် အဖြစ်တွေက ကမ္ဘာဆုံးတိုင် ရှိနေမည်သာ။ အမိရဲ့ရင်ခွင်ကနေ အဓမ္မခွဲထုတ်ခံခဲ့ရသည့် ကျောင်းတော်သူ ကျောင်းတော်သားအပေါင်းဟာလဲ ကမ္ဘာအနှံ့ရောက်နေကြသလို လူမသိသူမသိသေကြ၊ အကျဉ်းစံဘဝနှစ်ပေါင်းများစွာ ခံကြရသည်။ ဒီနှစ်တွေအတောအတွင်း အမိတက္ကသိုလ်ကြီးကရော ပျော်နေသလား လွမ်းနေသလား၊ အမိရဲ့ သားသမီးအသစ်တွေနဲ့ ပျော်နေသလားလို့ တွေးမိသည်။ အမိတက္ကသိုလ်ကြီး လှုပ်ရှားနေသလား၊ ငြိမ်သက်ငေးမောနေသလား။ လွမ်းစိတ် အတွေးစိတ်များသည် တက္ကသိုလ်ရင်ခွင်ကို အပြင်းအထန် သတိရမိလေတေ့သည်။ အမှန်တကယ်တော့ အမိတက္ကသိုလ်ကြီးသည် အနှစ်နှစ်ဆယ်ကျော်ကြာ ငြိမ်သက်နေခဲ့ရသည်။ သူ့မျက်စေ့အောက်တွင် ပြေးလွှားနေရသည့် သူ၏သားသမီးများ၊ အတင်းအဓမ္မ ခေါ်ဆောင်ခံရပြီး ဘယ်ဆီဘယ်ဝယ်ခေါ်သွားကြမှန်း မသိရတဲ့ သားသမီးများ၊ ထွက်ပြေးလွတ်မြောက်သော်လည်း ဘယ်ဆီအထိ ပြေးလေသည်မသိရသော သားသမီးများ၊ သွေးသံရဲရဲဖြင့် မချိမဆန့် ကျဆုံးလေသော သားသမီးများအတွက် မချိအောင်နာကျင်ခဲ့ရပီးဘီ။ အဲဒီနောက်တော့ အမိတက္ကသိုလ်ကြီးသည် အနှောင်အဖွဲ့ တင်းကျပ်သော စည်းမျည်းတွေကြားမှာ ငြိမ်သက်စွာ လွမ်းနေသည်ကတော့ သေချာသည်။
              လွန်ခဲ့သည့် (၆) နှစ်လောက်က အမိတက္ကသိုလ် ပတ်ဝန်းကျင်အနားကို ခေတ္တဖြတ်သွားဖူးသည်။ ရွက်ကြွေတွေ ထုနဲ့ထည်နဲ့ကြားမှာ အတော်အိုမင်းနေတာကို တွေ့ရသည်။ ကြည့်ရသည်မှာ ညှိုးညှိုးနွမ်းနွမ်း ရှိလှသည်။ ကျောင်းဖွင့်ရက်တွင်ပင် လူသွားလူလာရှင်းလှသည်။ တချိန်က သားသမီးတွေ အစုံအလင်နှင့် ရယ်သံမောသံများ ဝေစည်နေသည်မှာ အိပ်မက်ပမာပင်။ ဂုဏ်ကျက်သရေ ပြည့်စုံလှသည့် ရန်ကုန်တက္ကသိုလ်ကြီးသည် သူ့အလုပ်သူမလုပ်ရတာလဲ ကြာပါပြီကော။ မလုပ်နိုင်အောင်လဲ နည်းမျိုးစုံ ပြောင်းလဲခဲ့ကြသည်။ အမိရင်ခွင်ဆီ အလွယ်တကူပင် ဝင်၍မရတော့ပေ။ တချိန်တုန်းက အလုပ်ခွင်ရောက်နေသော သူငယ်ချင်းသည် အမိရင်ခွင်အောင်က သူငယ်ချင်းများ မိတ်ဆွေဟောင်းများ ညီငယ် ညီမငယ်များထံ အစစ်အဆေးမရှိ၊ အမေးအမြန်းမရှိ လာကြသည်။ လာ၍ရသည်။ အမိအရိပ်ကို ပြန်ခိုရင်း အလွမ်းတွေ ဖြေခဲ့ကြသည်။ ဘဝအမောတွေ ပြေခဲ့ကြသည်။ လွတ်လပ်စွာ ရယ်မောပျော်ရွှင်ခဲ့ကြရဖူးသည်။ အခုတော့ အမိကိုယ်တိုင်ပင် မလွတ်လပ်တော့ပါလား။ ဘယ်လောက်တောင် နာကျင်စရာကောင်းလိုက်တဲ့ အဖြစ်တွေပါလဲ။ ဒီလို နာကျင်ခဲ့ရတဲ့ အဖြစ်တွေကြားထဲကပဲ အမှတ်တမဲ့ နာကျင်ခဲ့ရတဲ့ မကြာခင်က အဖြစ်ကလေးကို သတိရမိပါတော့သည်။
            ကိုယ်နေတဲ့ အရပ်က အမိတက္ကသိုလ်ကြီးရဲ့ ဆန့်ကျင်ဘက်အရပ်။ ဒါ့ကြောင့် ဖြတ်သွားဖြတ်လာတောင်မရောက်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ၊ အရင်အချိန်တုန်းကလိုဆို မကြာမကြာ ရောက်နိုင်သော်လည်း စိတ်ကိုယ်က တမင်မသွားချင်အောင် ဖြစ်ရသည်။ နာကျည်းစရာတွေ သတိရစရာတွေ ပြည့်သိပ်နေသည့် ဒီအရပ်ကို မေ့ထားတာကြာပါရောလား။ ဝန်ထမ်းဘဝ ထုံးစံအတိုင်း ရသည့်လခသည် ကလေးကျောင်းကားခ ဖြစ်သွားသည့်အခါ အခြားစီးပွားရေးတခုကို စားဝတ်နေရေးအတွက် တွဲပြီးလုပ်ခဲ့ရသည်၊ နယ်က ကုန်သည်တယောက်က ကုန်ဘိုးငွေလွှဲရင် အစိုးရဘဏ်ကလွှဲရာက ကမ္ဘောဇဘဏ်ပေါ်လာတော့ အဲဒီဘဏ်က အဆင်ပြေတဲ့အတွက် ဘဏ်ပြောင်းလွှဲသည်။ အနီးဆုံး ကမ္ဘောဇဘဏ်က ပြည်လမ်းပေါ် မာလာဆောင်ရှေ့က ကမ္ဘောဇဘဏ်ရုံးချုပ်ဖြစ်တဲ့ အတွက် အမိတက္ကသိုလ်ရှေ့မှောက် ရောက်ဖြစ်ခဲ့သည်။ အိမ်ပြန်ရောက်တိုင်း တက္ကသိုလ်ကြီးရဲ့ ပုံရိပ်ကို စာဖွဲ့ပြီးပြောလွန်းလို့ ကိုယ့်အမျိုးသားက စိတ်မကောင်းစရာတွေ မပြောပါနဲ့ပင် တားယူရသည်။ အဲဒီနှစ်ပိုင်းက တလကိုတခေါက်တော့ ရောက်ဖြစ်သည်။ လိုက်ခဲ့ပါ တက္ကသိုလ်ထဲဝင်မရပေမယ့် အလွမ်းပြေကြည့်ရတာပေါ့ ခံစားရတာပေါ့ဆိုတိုင်း ဦးချစ်လက်ဘက်ရည်ဆိုင်မှာ လိုက်တိုက်ရင် လိုက်မယ်ဆိုတဲ့ အတွက် မြင့်မိုရ်တောင်ပေါ်က မဉ္ဖူသကနတ်ပန်းက ရနိုင်သေးသည်။ ဦးချစ်လက်ဘက်ရည်ကတော့ မရနိုင်တော့တဲ့အတွက် လက်လျှော့ခဲ့ရသည်။ မာလာဆောင်သည် အဆောင်မဟုတ်တော့တဲ့အကြောင်း စာသင်ဆောင်ဖြစ်သွားတဲ့အကြောင်း ကိုယ်မြင်တာပြောပြရသည်။ သူက မာလာဆောင်မောင်မလာနိုင်တော့ဘူးပေါ့လို့ ရယ်ပွဲဖွဲ့သည်။ မာလာနဲ့ပတ်သက်သည့်သီချင်းတွေ ရွတ်ကြည့်ကြသည်။ တရက်မှာတော့ သူမလိုက်မဖြစ် လိုက်ရမည့် အကြောင်းပေါ်လာသည်။ မှာသမျှ ကုန်တွေ ဈေးသင့်တုန်းဝယ်ပို့လိုက်ရာ လက်ထဲ ပိုက်ဆံမရှိတော့။ ငွေအမြန်ပို့ရန် မှာလိုက်ရာ ပို့လိုက်ပြီ သွားထုတ်ပါလို့ ဖုန်းဝင်တဲ့ အတွက် ကမ္ဘောဇဘဏ်သွားဖို့ ဖြစ်လာသည်။ လက်ထဲမှာ ငွေ (၂၀၀)ကျပ်သာရှိတော့သည်။ ကိုယ်က လမ်းထွက်ရင် လက်ထဲပိုက်ဆံမပါက တယောက်ထဲ မသွားချင်။ နှစ်ယောက်သွားလျှင် တယောက်(၅၀)ကျပ်ဆိုတော့ နှစ်ယောက်ကို (၁၀၀)ကျပ်ပဲကုန်မည်။ ဟိုရောက်လို့ မတော်တဆလွဲရှော်ခဲ့ရင် အပြန်လမ်းစရိတ်က (၁၀၀) ထပ်ကုန်နိုင်သည်။ ကိစ္စမရှိ၊  ဒါပေမယ့် ငွေ(၂၀၀) နဲ့ တယောက်ထဲ မသွားလိုတဲ့အတွက် အတင်းအဖော်ခေါ်တာနဲ့ လိုက်ခဲ့လေသည်။ မာလာဆောင်မှတ်တိုင်မှာဆင်းပြီး မျက်နှာချင်းဆိုင်က ဘဏ်ဘက်ကိုသွားဖို့ ပြည်လမ်းကို ဖြတ်ကူးလိုက်တဲ့အခါ တဖက်ယဉ်ကြောက ကားတစီးလာနေတဲ့အတွက် လမ်းရဲ့ အလယ်အူကြောင်းမှာ နှစ်ယောက်သား ယဉ်ကြောရှင်းအောင် စောင့်နေတုန်း ဗြုန်းဆို " ပြေး.. ပြေး ......   " ဆိုတဲ့အသံနဲ့ အတူ ပြေးပါလေရော၊ ကိုယ်က  ဘာဆိုလိုမှန်းမသိလို့ ကြောင်ကြည့်နေတုန်းမှာပဲ ပတ်ဘလစ်ကာအဝါရောင်လေးပေါ်က မော်တော်ပီကယ် ကိုယ့်ဆီလှမ်းလာတာတွေ့မှ သဘောပေါက်ပီး လှည့်ပြေးရပါလေရော။ စိတ်ဆိုတာ အင်မတန်မြန်တာကလား။ အဲဒီပြေးနေတဲ့ ခနလေးမှာ အတွေးတွေက ပေါ်လာတယ်။ ကိုယ်တို့က မာလာဆောင်ရှေ့က ပလက်ဖောင်းအတိုင်း အရှည်လိုက်ကြီးပြေးနေတာ။ ဂျပ်ဆင်ကိုလဲ တွေ့လိုက်တယ်။ ကျောင်းထဲဝင်ပြေးမလားစဉ်းစားသေးတယ်၊ တခါးတွေ ပိတ်ပြီး ဆိုင်းဘုတ်အနီမှာ အဖြူရောင်စာလုံးတွေနဲ့ တာဝန်မှအပ မဝင်ရတဲ့ တခါမှ မတွေ့ဘူးတဲ့ ဆိုင်းဘုတ်တွေ ချိတ်လို့၊ အဲဒီမှာ တို့ကျောင်းကြီးကအမြဲဖွင့်နေရမှာ ကျောင်းတံခါးဆိုတာ အမြဲဖွင့်ထားရမှာ၊ ကဲဘယ်ပြေးမှာလဲတွေးရင်း ရှေ့မှာပြေးနေတဲ့ သူ့ကိုလဲ ဘာစိတ်ကူးနဲ့ဒီလောက်ပြေးနေတာလဲ မသိဘူးဆိုပီး စိတ်တိုလာတော့သည်။ အဲဒီနောက်တော့ ၈၈ ဇွန်တုန်းက ကျောင်းတွေပိတ်လိုက်ပြီလို့ ကြေငြာအပြီး ခုလိုပဲ ပြေးသူကပြေး လိုက်သူကလိုက် အဖြစ်ကိုရုတ်တရက် သတိရလိုက်မိပြီး တုန့်ကနဲဖြစ်မိသည်။ ဘာလို့ပြေးမလဲ၊ ဆက်မပြေးချင်တော့။ ရုတ်တရက်ရပ်လိုက်တယ်ဆို မလှမ်းမကမ်းမှာ ပြေးလိုက်လာတဲ့ မော်တော်ပီကယ်ရဲက ရှေ့က အကိုရေ ရပ်လိုက်တော့ ဒီမှာအမကို မိထားပြီဆိုရော သူလဲ ပြန်လှည့်လာပါလေရော။ တကယ်တော့ အဲဒီအချိန်လေးက ဘာမှ မကြာလိုက်ပါဘူး၊ ဒါပေမယ့် စိတ်ထဲမှာ အတွေးတွေ ခံစားချက်တွေက အလိုလိုရောက်လာတာပဲ။ ဘဏ်ရှေ့မှာရပ်ထားတယ် ကားဆီအသွား ရပ်ကြည့်နေတဲ့ ဘဏ်ဝန်ထမ်းလုံခြုံရေး တွေနဲ့ လူတစ်ချို့ကိုတွေ့ပြီး နေရာမှာတင် အငွေ့ပြန်ပြီး ပျောက်သွားချင်စိတ်ပေါ်လာမိသည်။ မကြီးမငယ်နဲ့ ပြေးကြတဲ့အဖြစ်။ ကားပေါ်ရောက်တော့ ကိုယ်တွေ ထိုင်ဖို့ နေရာမရှိတဲ့အတွက် အသက်ငယ်တဲ့ယောင်္ကျားလေးတစ်ယောက်က တွယ်စီးလိုက်သည်။ သူ့ခမျာ အဖမ်းခံရတာတောင် တွယ်စီးလိုက်ရသေးသည်။ လှည်းတန်းအဝိုင်းက ကုန်တိုက်နဲ့ မျက်နှာချင်းဆိုင် အင်းစိန်လမ်းမပေါ်က ယဉ်ထိန်းရုံးရောက်တဲ့အထိ ကိုယ်လဲစကားတလုံးမှ မပြောမိပေ။ " ကဲ..ကဲ.. တစ်ယောက်ကို (၂၂၀၀) ကျပ်နဲ့ ဒဏ်ငွေဆောင်ကြတဲ့" ကိုယ့်စိတ်ထဲ ဒါများလမ်းမှာထဲက တောင်းလိုက်ပီးရော ဒီအထိခေါ်လာသေးတယ် တွေးမိရာက ပိုက်ဆံမပါတဲ့ အဖြစ်ကို သတိရမိတော့သည်။ " ပိုက်ဆံမပါတဲ့သူတွေ မှတ်ပုံတင်(နိုင်ငံသားစိစစ်ရေးကဒ်) ထားခဲ့ပါ။ ပိုက်ဆံယူပြီးပြန်လာယူပါ" တဲ့။ ကိုယ့်မှာ မှတ်ပုံတင်ပါသည်။ သူ့မှာက ဘာမှမပါ၊ အကျိုးအကြောင်းပြောတော့ အမပြန်ပြီးပိုက်ဆံပြန်ယူ၊ မှတ်ပုံတင်ကထားခဲ့တဲ့။ မှတ်ပုံတင်ပါမှ ဘဏ်ကငွေထုတ်လို့ရမှာ ဖြစ်တဲ့အကြောင်းနဲ့ ငွေထုတ်ပြီး ကိုယ့်အမျိုးသားကို ပြန်လာခေါ်မယ်ဆိုတဲ့အကြောင်း ပြောပြမှ ပြန်တော့လာခေါ်နော်ဆိုတာကို လှည့်ပြီးတခုခုပြောဘို့ ပြင်ပြီးမှ လှည့်ထွက်ခဲ့တော့သည်။ ဘဏ်ကိုပြန်သွားရမည်၊ ဘဏ်ရှေ့ရောက်ခဲ့ပြီးမှ ပြန်သွားရအုန်းမည်၊ ရာမညဆောင်ရှေ့အရောက် ကားစီးမည်ပြင်ပြီးမှ မစီးဖြစ်တော့။ ဘာဖြစ်အုန်းမည်မသိ။ လက်ထဲက ငွေ(၁၀၀) ကျပ်ကို ထိလို့မဖြစ်။ အဆင်မပြေရင် ဒီပိုက်ဆံနဲ့ အိမ်ပြန်ရင်ပြန်ရမည်။ တစ်မှတ်တိုင်ကို လမ်းလျှောက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ လမ်းတလျှောက် ကျောင်းကိုကြည့်ရင်း တချိန်က ဒါဟာကိုယ့်နယ်မြေ ကိုယ်တို့ တစ်တွေ အေးချမ်းစွာနေခဲ့တဲ့ နယ်မြေဆိုပီး လျှောက်ရင်းတွေးရင်းငေးရင်း လျှောက်လာမိသည်။ ကိုယ်တို့ ကျောင်းတက်စဉ်က မာလာဆောင်ရှိတဲ့ အဲဒီအဆောင်ရှေ့က မာလာမှတ်တိုင်မှာ ဆင်းပြီး ညာဘက်ချိုးကွေ့လို့ သီရိဆောင်ဘက်က ဝင်တဲ့အခါဝင်ရင်ဝင်၊ ဘယ်ဘက်ဆက်သွားပီး စီးပွားရေးတက္ကသိုလ်ဝင်ပေါက်ကဝင်လဲရသည်။ ခုတော့ ဒီနေရာတွေမှာ ဝင်ပေါက်မတွေ့။ ရာမညဆောင်ရှေ့မှာတော့ ဝင်ပေါက်အကြီးဖွင့်မထားပဲ မလွယ်ပေါက်ကလေးက လူတစ်ချို့ အဝင်အထွက် လုပ်နေတာကိုတော့ တွေ့မိသည်။ တွေးရင်းလျှောက်ရင်း မာလာဆောင်ရှေ့ပြန်ရောက်လာသည်။ စောစောက အဖြစ်ကို သတိရပြီး မျဉ်းကြားက မကူးလို့ ဖမ်းတာပဲ၊ မျဉ်းကြားရှိမှန်းတောင်မသိတဲ့အဖြစ်။ ဒီနေရာမှ မျဉ်းကြားရှိမရှိမသိ ကျောင်းတက်တုန်းကတော့၊ ကျောင်းသားတွေ ဟေး.... ဆိုပြီး ဖြတ်ကူးကြရင် ကားတွေက ရပ်ပေးကြသည်။ ပြီးရင် ညီလေးတို့ လာကြ ၊ ညီမလေးတို့လာကြဆိုကာ ကားရပ်ပြီးတင်သည်။ မျဉ်းကြားက မှတ်တိုင်နှင့် အတော်ဝေးဝေးရောက်နေတာပင်။ ဒါ့ကြောင့် မသိတာ။ သေချာကြည့်လိုက်တဲ့အခါ ကျောင်းရှေ့မှာ လက်မလောက် လုံးပတ်ရှိတဲ့ သံဆူးကြိုးတွေကာထားတာတွေ့ရသည်။ ဒါတင်မက စတီးတိုင်လုံးတွေ ကတထပ်ကာထားပါရောလား။ အခုမှ သေချာကြည့်မိသည်။ အမိတက္ကသိုလ်သည် အကျဉ်းကျနေသလိုပါပဲလား။ သံတိုင်တွေ သံဆူးကြိုးတွေကြားမှာရောက်နေတာပါလား။ အဆင်ပြေပြေ ငွေထုတ်ပီး လူရွေးပီး အိမ်ပြန်ရောက်သည်အထိ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြ။ အတွေးကိုယ်စီနှင့်နေကြသည်။သူဘာတွေတွေးနေလဲကိုယ်မသိ။ သူ့ကို အတင်းခေါ်လာတဲ့အတွက် စိတ်ဆိုးနေသလား။ ပြေးလိုက်ရလို့ မောနေတာလားမသိ။ အိမ်တခါးဖွင့်ဝင် အဝတ်အစားလဲလှယ်ကာ အားပါးတရ ထိုင်ချအပြီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိတော့မှ စကားစမိတော့သည်။ ပိုက်ဆံကိုနှမျောမနေပါနဲ့ဆိုပြီး စကားစသည်။ ကိုယ်ငြိမ်နေသည်မှာ ဒါ့ကြောင့်လို့ သူထင်နေတာကိုး။ အမှန်ကမဟုတ်။ ကိုယ့်အမေရှေ့မှာ ကိုယ်တို့ဖြစ်ရတာကို စိတ်ထဲ တမျိုးဖြစ်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်နေသည်။ ကိုယ့်ရဲ့နယ်မြေ ကိုယ့်အရပ် ကိုယ့်အမိကျောင်းတော်ရှေ့မှာ ဖြစ်တာကို ခံစားနေမိခြင်း။ အမိကျောင်းကြီးရဲ့အဖြစ်ကို သတိရနေခြင်း စတာတွေကြောင့် စကားမပြောချင်တာပင်။ ကိုယ်လဲ သူ့ကို ဘာကြောင့်ပြေးရသလဲ၊ ဘယ်ကိုပြေးဖို့စိတ်ကူးပြီး လှည့်ပြေးသလဲ၊ ကိုယ်သာ ယဉ်ထိန်းရဲကို အရင်တွေ့ရင် မပြေးခိုင်းဘူး ပြောလိုက်မိသည်။ သူက "ဒါကိုယ်တို့ကျောင်းပဲ ကျောင်းထဲဝင်ပြေးရင် သူလိုက်လာလို့မရဘူးဆိုပြီး ဝင်ပြေးတာ၊ ကျောင်းက ကိုယ်ထင်သလိုမှ မဟုတ်တော့ပဲ ပိတ်ဆို့တားဆီးထားလိုက်တာ။ ကိုယ်တို့တုန်းက သူငယ်ချင်းတွေ နောက်ပြောင်ပြေးကြရင် ကျောင်းထဲ ဝင်ပြေးကြတာ၊ ကိုယ့်အိမ်ထဲ ဝင်ပြေးရသလိုပဲ။လုံလဲလုံခြုံတယ်လေ။ အမိရင်ခွင်ပေါ့ အမိရင်ခွင်ဝင်ပြေးရသလိုပေါ့.  ခုတော့ကွာ..."
          လက်စသတ်တော့ သူလဲကိုယ့်လို ခံစားနေရတာကိုး။ ကိုယ်တို့နှစ်ယောက်စလုံး ပေးခဲ့ရတဲ့ (၄၄၀၀) ကျပ်ကို နှမျောတဲ့အကြောင်း လေသံတောင်မဟမိပဲ အမိရန်ကုန်တက္ကသိုလ်ကြီး သံဆူးကြိုးတွေ သံတိုင်တွေကြားရောက်နေတာကို အထပ်ထပ်ပြောမိကြသည်။ အခုတော့နှစ်တွေကြာခဲ့ပါဘီ။ အပြောင်းအလဲတွေ ပြောင်းလဲသံတွေ ကြားနေရချေပြီ။ အမိတက္ကသိုလ်ကြီးကို လွတ်လပ်စေချင်ပြီ။ အမိတက္ကသိုလ်ကြီး ပျော်ရွှင်နေသည်ကို တွေ့ချင်သည်။ လှုပ်ရှားနေသည်ကို တွေ့လိုသည်။ သားသမီးတွေ ဝေဝေဆာဆာ နဲ့ စိုစိုပြေပြေ တွေ့လိုသည်၊ နှောင်ကြိုးတွေကလွတ်မြောက်ပြီး လွတ်လပ်နေသော အမေ့ရင်ခွင်မှာ အေးချမ်းစွာဖြင့် သားသမီးတွေ ခိုဝင်နေကြတာကို တွေ့ချင်မြင်ချင်လှပါသည်။
 
                                                                                                                                                                   ခိုင်ခိုင်စောလွင်
                                                                                                                                                          သရုပ်ဖေါ်ပန်းချီ စံမင်း

July 10, 2012

ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း Kaungkin Magazine မှယူပါသည်။

               htein lin      
                                                                                                        သရုပ်ဖေါ်ပန်းချီထိန်လင်း
                                                 
 အိမ်ဘေးကလမ်းကလေးကို ဖြတ်ကနဲ ချိုးအကွေ့ ရုတ်တရက်လန့်သွားတဲ့ ဖြူမကိုကြည့်ပီး ကျမရယ်လိုက်မိပါတယ်။ သူ့အိမ်က တစ်ယောက်ယောက်လာတယ်ထင်ပီး လန့်သွားဟန်ကလည်း သူ့မျက်နှာမှာ အထင်းသား။ သူ့အိမ်ကလူ မဟုတ်မှန်းလဲသိတာနဲ့ ညိုကြီးရဲ့ ခန္တာကိုယ်ကို သူ့ကိုယ်နဲ့ပွတ်သပ်ပီး ပြန်ထိုင်လိုက်ပါတယ်။ အော်.. အချစ်.. အချစ်  တရိစ္ဆာန်တွေမှာလည်း အချစ်ကြောင့် ဗျာများရပါလား ဆိုတာ တွေ့လိုက်ရပါတယ်။ တကယ်တော့ ညိုကြီးက ထိုင်းနိုင်ငံကခွေး၊ ထိုင်းခွေးပေါ့လေ။ ဒါပေမယ့် ကျမတို့ ပတ်ဝန်းကျင်မှာတော့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ၊ ပိုင်ရှင်ဘယ်သူဘယ်ဝါမရှိတဲ့ ခွေးလေခွေးလွင့်တစ်ကောင်။ ဖြူမကတော့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာပြည်ကခွေး၊ သူ့သခင်မက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ကနေအလာ သူ့ခွေးလေးကို မခွဲနိုင်မခွာနိုင်ဖြစ်တာနဲ့ လူတစ်ယောက်စားရိတ်နီးပါး အကုန်အကျခံပီး ခေါ်လာခဲ့လို့ မြန်မာပြည်က ဖြူမနဲ့ ထိုင်းက ညိုကြီးတို့ ဖူးစာဆုံတွေ့ကြတယ် ပြောရမယ်ထင်ပါရဲ့။ ခွေးတွေအကြောင်း ပြောလို့ ကျမကို ခွေးချစ်တတ်သူလို့တော့ မထင်ပါနဲ့။ ကျမက ခွေးတင်မက တရိစ္ဆာန်ဆို ဘာကောင်မှ မချစ်တတ်။
သေးချေးနံ့ မခံနိုင်ယုံမက အင်မတန်ရွံရှာတတ်တဲ့အတွက် ဝေးဝေးရှောင်ဝေါင်ဝေါင်ရှေး၊ ဒါပေမယ့် ဒီနေရာမှာ ရေစက်ဆိုတာကိုတော့ ယုံရတော့မည်ထင့်၊ ထိုင်းကိုရောက်ပီး အိမ်ငှားနေဖို့ စီစဉ်တော့ အခု ဖြူမရဲ့သခင်မ သစ်သစ်က အိမ်ရှာပေးတဲ့အတွက် သစ်သစ်တို့ မျက်နှာချင်းဆိုင်မှာပဲ သပ်သပ်ရပ်ရပ်နဲ့ တစ်ထပ်တိုက်ကလေး ရလိုက်ပါတယ်။ သစ်သစ်လဲအဖော်ရှိ၊ နောက်ပီး ကျမက ထိုင်းစကားမပြောတတ်၊ သစ်သစ်က ထိုင်းစကားကို ထိုင်းတစ်ယောက်လို့ ထင်ရလောက်အောင် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောတတ်တော့ တခုခုဆို ပြောပေးလို့လဲ ရတယ်ဆိုပီး နေဖြစ်ပါတယ်။ အဲဒီမှာ ဖြူမနဲ့ညိုကြီးကို ထူးထူးဆန်းဆန်း သတိပြုမိလာရတော့တာပါပဲ။ ဖြူမက တကိုယ်လုံးဖြူဖွေးပီး၊ ပုပုလေး၊ မျက်လုံးကလေးက ဝိုင်းဝိုင်းလေးနဲ့ မျက်နှာကလေးက လှတယ်။ ညိုကြီးက အဖြူနဲ့အညိုစပ်ကြားဖြစ်ပီး ထွားထွားမြင့်မြင့် မြန်မာခွေးပုံစံပဲ။သူတို့ နှစ်ကောင်က မြင်တာနဲ့ အမျိုးမတူဘူးဆိုတာ သိသာတယ်။ကျမလို ခွေးအကြောင်း နကန်းတစ်လုံးမှ နားမလဲတဲ့သူတောင် သိတယ်ဆိုတော့ တော်တော်ကို ကွဲပြားတာ သိသာတာပေါ့လေ။ ကျမ ခွေးအကြောင်းနားမလည်ပုံက ရီစရာဖြစ်ပုံ ပြောပါအုန်းမယ်။ ထိုင်းလူမျိုးတွေက ခွေးတော်တော် ချစ်ပုံရတယ်။ အိမ်တိုင်းမှာ အနည်းဆုံး ခွေးတစ်ကောင်တော့ မွေးထားကြတယ်။ တရက်မှာတော့ အိမ်တစ်အိမ်ရှေ့က ဖြတ်အလျှောက် အိမ်ထဲကနေ ခွေးဟောင်သံကြားလို့ လှမ်းကြည့်တော့ ခွေးကို မတွေ့ရဘူး။ အသံက နီးနီးလေးက ကြားနေရတာ၊ လားလား ဘယ်ဟုတ်မလဲ သေချာရပ်ကြည့်တော့မှ ခွေးက သေးသေးလေး နားရွက်ကလေးတွေက ထောင်လို့၊ မျက်လုံးကလဲ အပြင်ကို အလုံးလိုက်ပြူးထွက်နေသေးတယ်။ အရောင်ကလဲ မဲမဲနဲ့ ဆိုးလိုက်တဲ့ရုပ် မင်စာလေးနဲ့တူလိုက်တာလို့  တွေးမိတယ်။ ဒါနဲ့ ခွေးချစ်တဲ့ မိတ်ဆွေတစ်ယောက်က ခွေးအကြောင်း ခွေးတွေရဲ့သဘာဝ ခွေးတွေ ချစ်စရာကောင်းတဲ့ အကြောင်း စကားစပ်ပီး ပြောမိကြတော့ ကျမက သေးသေးလေးနဲ့ ခွေးလေ၊ ခွေးမင်စာလေ မြင်ဘူးလားလို့ မေးလိုက်တာ ရီလိုက်တာ ပြောမနေပါနဲ့။
" အမရေ... အဲဒါ ခွေးသမင်ခေါ်တယ်၊ ဈေးကြီးတယ် သူတို့ကို လူလိုပဲ ဂရုစိုက်ရတယ်တဲ့" ဆိုပီး ခွေးသမင် အကြောင်း ပြောပါလေရော။ ကျမကတော့ ခွေးမင်စာလို့သာ နှုတ်ကျိုးပီး အဲလိုခေါ်တာကိုတောင် အမရယ် ရက်စက်ပါပေ့တဲ့ အဲလို၊ အဲ ဖြူမနဲ့ညိုကြီး က အသွေးအမွေးမတူယုံတင်မကဘူး၊ အသက်လဲ အတော်ကွာတယ်၊ ဖြူမက တော်တော်ကြီးနေဘီ။ ခွေးအသက်(၁၀) နှစ်ဆို နည်းမှမနည်းပဲ။ လမ်းလျှောက်ရင် လှုပ်တုတ်လှုပ်တုတ်နဲ့။ညိုကြီးများ လမ်းသလားရင် အဲလို လှုပ်တုတ်ကြားကပဲ လိုက်ခေါ်တတ်တာ။ ကျမတို့ အပြင်ကအပြန် လမ်းပေါ်ရောက်နေရင် ဟဲ့ ညိုကြီး ဟိုမှာ ဖြူမ လိုက်ခေါ်နေဘီ ပြန်တော့ဆို နားလည်သလိုပဲ ပြန်သွားကြရော။ ဒီလိုပဲ ညိုကြီးက လျှောက်သွား ဘယ်ရောက်နေမှန်းမသိရင် လမ်းထိပ်မှာ ထွက်ထွက်မျှော်တာတွေ့ရင် ဖြူမရေ ညိုကြီးကို ရှာနေတာလားဆို နားလည်သလို မော့ကြည့်ပီး အမြီးလေးရမ်းပြတတ်တယ်။ ဒါကို အစအနောက်သန်တဲ့ ကျမရဲ့ အိမ်ဦးနတ်က" ဖြူမရေ နင်က အသက်ကြီးဘီဆိုတော့ ညိုကြီးက မကပ်တော့ဘူးဟ" ဆိုပြန်တော့ ဟုတ်သလိုလို။ ဒါပေမယ့် သူတို့နှစ်ကောင် သံယောဇဉ်က တရိစ္ဆာန်လုံးဝမချစ်တတ်တဲ့ ကျမကို ကြည်နူးစရာ မြင်ကွင်းလေးတွေ အပြုအမူလေးတွေနဲ့ ရစ်ပတ်ခဲ့မှန်း တဖြည်းဖြည်းသိလာရပါတယ်။
                 ဖြူမကို သူ့အိမ်က အစာကြွေးပေမယ့် ညိုကြီးကတော့ ပိုင်ရှင်မဲ့ ခွေးပီပီ ကြုံရာစားပဲ။ အဲဒီတော့ ကျမလဲ ထမင်းကျန်ဟင်းကျန်တွေ ကြွေးရာက သူတို့စိတ် အမူအယာလေးတွေကို သိလာရတယ်။ ဖြူမနာမည် ခေါ်ကြွေးရင် ညိုကြီးက ဘယ်လောက်ဆာဆာ လုမစားဘူး။ ညိုကြီးနာမည် ခေါ်ကြွေးရင် ဖြူမက ညိုကြီးအနားမှာ မရှိရင်တောင် အဲဒီ အစာကို မစားဘူး။ ကျမမှာ အံ့သြတကြီး ဖြစ်လို့။ သူတို့ လူစကားနားလည်နေလား မသိဘူးလို့ ထင်လိုက်မိပါတယ်။ ဖြူမရဲ့ သခင်ကတော့" သူတို့ အရမ်းနားလည်တယ်အမတဲ့"  အဲလိုတော့ ပြောဖူးတယ်။ ကျမတို့က ကျွေးတယ်ဆိုတာ ကြုံမှ ကျွေးတာ၊ အချိန်နဲ့ဘာညာကျွေးတာမဟုတ်ဘူး၊ ကိုယ့်ခွေးလဲ မဟုတ်တော့ ပိုရင်ခေါ်ကြွေးပေါ့။ တရက်မှာတော့ ညဘက် အမျိုးသားအပြင်ထွက်ရပ်နေတုန်း ညိုကြီးက ဖော့ဘူးအလွတ်တခုကို ဘယ်ကတွေ့လာမှန်းမသိ လျှာနဲ့ရက်နေတယ်။ ဒါနဲ့ " ဟေ့ကောင် ညိုကြီး  မင်းဆာနေတာလား ဘာမှမစားရဘူးလား"ဆိုတော့ မော့ကြည့်လိုက်တဲ့ မျက်လုံး အဲဒီမျက်လုံးက သနားစရာ၊ သူ့ကို စားစရာကျွေးအပီး သွားတော့ဆိုတော့ မျက်နှာလေး အောက်ချပီး လှည့်ထွက်သွားပါလေရော။ ကျမတို့ နှစ်ယောက်သား" နားလည်တယ်ထင်တယ်၊ သနားပါတယ်" လို့ တပြိုင်ထဲ အသံထွက်သွားပါတော့တယ်။ အဲဒီနောက် ရက်ပိုင်းလေးပဲခြားတယ် ညိုကြီးက ကျမအမျိုးသား အလုပ်ကပြန်အလာ ဖော့ဘူးလေးကို ပါးစပ်နဲ့ချီလာပီးပြတယ်။ သဘောက သူ့ကိုကျွေးပါပေါ့၊ ကျမမှာ အံ့သြပီးရင် အံ့သြရင်းပေါ့။ ဧည့်သည်လာလို့ သူ့အကြောင်းပြောသံကြားရင် နားလည်သလို မော့ကြည့်တတ်တယ်။ သူ့ကိုယ်က နံလို့ မောင်းထုတ်ရင် မျက်နှာအောက်ချပီး ထွက်သွားရော။ သူ့အကြည့်ကို အိမ်လာတဲ့ ဧည့်သည်ကတောင် ဒီကောင်လူစကားနားလည်တယ်၊ သူ့ကြည့်ပုံက ရုပ်ရှင်မင်းသား... ရဲ့ ပုံနဲ့တူတယ်ပြောလို့ အဲဒီမင်းသား ခရေဇီ အမျိုးသားက ခင်ဗျားဗျာတဲ့။ တကယ်လဲ ကျမအဲဒီအတိုင်းပဲ ထင်နေတာကြာဘီ။ မပြောကောင်းလို့သာ။ ဧည့်သည်က အဲဒီလိုပြောတော့ ကျမအမြင်နဲ့တူနေလို့ ဝင်ပီးထောက်ခံလိုက်မိသေးတယ်။ ဖြူမရဲ့ ပိုင်ရှင် သစ်သစ်ကတော့ အမရေ သမီးကို ချစ်တော့ သားမက်လက်ခံထားရတာ၊ ဘယ်တော့ရှင်းရမလဲ မသိဘူးတဲ့။ သူတို့နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်တအားရှိတော့ ခွဲရမှာလည်းခက်နေတယ်တဲ့။ တကယ်လဲ ဟုတ်တယ်၊ ညိုကြီးကို လူတစ်ယောက်ယောက်က ဆူလိုက်တာပဲ ဖြစ်ဖြစ်၊ မောင်းထုတ်တာဖြစ်ဖြစ်လုပ်ရင် ဖြူမက ပြေးသွားပီး ပွတ်သပ် လျှာလေးနဲ့ဟိုရက်ဒီရင် ချော့တတ်တယ်။ ခက်တာက ခွေးမွေးရင် ဆေးပုံမှန်ထိုးရတယ်။ သန်းမတွယ်ရအောင် ဆေးထိုးရတယ်။ ရေချိုးပေးရတယ်။ ကိုယ့်အိမ်မှာ မလုပ်နိုင်ရင် ခွေးဆေးခန်းတို့ ခွေးအလှပြင်ဆိုင်တို့မှာ ရေချိုးအလှပြင်လုပ်ပေးရတယ်။ အလှပြင်ဆိုင်က ပြန်လာတဲ့ ခွေးတွေဆို မွှေးကြိုင်လို့၊ ခွေးပေါင်ဒါဆိုလား ဖြန်းပေးလိုက်တာ။ တခါတလေ ဆံပင်ကို ကြက်တောင်စီးတောင် စီးပေးလိုက်သေးတယ်။ ဖြူမကိုတော့ သစ်သစ်က အိမ်မှာပဲ ရေချိုးပေးတယ်။ ညိုကြီးက သခင်မဟုတ်တော့ အကိုင်မခံဘူး။ ဒါနဲ့ သူ့ကိုယ်က ညစ်ပတ်နေရော။ သန်းတွေဘာတွေ တွယ်တာပေါ့။ ဖြူမကို သူ့အိမ်က ဘယ်လိုလုပ်ပေးပေး ဖြူမကိုယ်ပါ ကူးကုန်ရော။ သစ်သစ်လဲ ညည်းရှာတယ်။ ညည်းပေမယ့် သူလဲ သီးခံနေရတာပဲ။ ကျမတို့ မရောက်ခငိက အဖြစ်ကိုပြောပြတယ်လေ။ ဖြူမကိုယ်မှာပါ သန်းတွယ်လာတော့  ညိုကြီးကို အဝေးကို သွားပို့ဖို့ စီစဉ်တယ်တဲ့။ အဲဒီမှာ ကောင်လေးနှစ်ယောက်ကို ပိုက်ဆံပေးပီး ကားငှားလို့ မြို့ပြင် သွားထားလိုက်တာ။ နှစ်ရက်ပဲ ကြာတယ်တဲ့၊ ညိုကြီးက ပြန်ရောက်လာတယ်တဲ့၊ တကိုယ်လုံးလဲ စုတ်ပြတ်ပီး ၊ အဲဒါနဲ့ သနားပီး ထားလိုက်တာ ခုထိ ရှိနေတာလို့ ပြောပြတယ်။  သစ်သစ်က ခွေးသန်းတွေတွေ့တိုင်း ညိုကြီးကို ဖိဆူရင် ဖြူမက သူ့ပါးစပ်နဲ့ ညိုကြီးကို ကိုက်ပေးတယ်။ နှစ်ကောင်းသား အမြီးလေးတွေကုပ်ပီး ထောင့်တထောင့်မှာ ငြိမ်နေကြလေရဲ့။ သူတို့နားလည်ကြတယ်။ ဒါပေမယ့် ဒီသန်းတွယ်တဲ့ ကိစ္စဟာ ဒီအတိုင်းမပီးသွားခဲ့ဘူး။
                         စနေနေ့ အလုပ်ပိတ်ရက် တစ်ရက်မှာ သစ်သစ်တို့ အိမ်ရှေ့က လူသံ ဆူညံဆူညံ ကြားလို့ အသာနားစွင့်မိတယ်။ နားစွင့်တယ်ဆိုပေမယ့် ထိုင်းစကားဆိုတော့ ကျမလဲ နားမလည်ဘူး၊ တစ်ခုခု ဖြစ်မှန်းတော့သိလိုက်တယ်။ ကြည့်လိုက်တော့ အိမ်ရှင် အိမ်ကလူနှစ်ယောက်လောက်ရယ် သူတို့ အလုပ်သမားရယ် ကျမ မမြင်ဘူးတဲ့ လူတစ်ယောက်နှစ်ယောက်ကိုတွေ့တယ်။ ကျမတို့နေတာက ဧက ၁၅၀လောက်ရှိတဲ့ အကွက်ထဲမှာ တစ်ထပ်တိုက်လေးတွေ အစီအရီ ဆောက်ထားပီး အိမ်ရှင်က ငှားထားတာ။ သူ့အိမ်လဲ ဒီဝင်းထဲမှာပဲ၊ လမ်းမတန်းမှာရှိတယ်။ ကျမတို့နေတဲ့လမ်းကြားထဲမှာ တိုက်လေးလုံးရှိတယ်၊ သစ်သစ်နဲ့ ကျမတို့က မျက်နှာချင်းဆိုင်။ နိုင်ငံခြားသားတွေ နေတာများတယ်။ ထိုင်းတချို့လဲ နေကြတယ်။ ကျမတို့နဲ့ကပ်ရက်က ပြင်သစ်လူမျိုးလို့တော့ ပြောသံကြားဖူးတယ်။ လူချင်းဆုံရင် မောနင်းလို့ နှုတ်ဆက်ပီး ပြုံးပြယုံက လွဲပီးစကားမပြောဖူးဘူး။ ကိုယ့်ဘာသာနေကြတယ်။ အဲဒီလူက ညိုကြီးကို အစာတွေ ဘာတွေ ကျွေးတတ်တယ်။ သူက အစာခြောက်တွေ ကြွေးတော့ ညိုကြီးက ကျမတို့ ကြွေးတာကို စားတာများတယ်။ မိုးရွာရင် သူ့ဝရန်တာမှာ ညိုကြီးကို နေဖို့ တံခါးဖွင့်ပေးထားတယ်။ အဲဒါတော့ ချီးကျူးမိတယ်။ ကျမတို့က ကျွေးတာတော့ ကျွေးတယ်၊ အိမ်ပေါ်အတက်မခံဘူး။ နေ့ခင်းကျတော့ အိမ်ရှင်အိမ်က အလုပ်သမားက ကျမတို့ အိမ်ပတ်ဝန်းကျင်ရော လမ်းထဲကိုရော ပိုးသတ်ဆေးတွေ ဖြန်းပါလေရော။ ပိုးတော့သေမသေမသိ။ ကျမတို့တော့ မူးပီး အော်ဂလီကိုဆန်သွားတာပဲ။ အပြင်မှာလဲ ညိုကြီးကို အလုပ်သမားတွေ ဝိုင်းချုပ်ပီး ပြင်သစ်လူမျိးက ဆေးတွေနဲ့လောင်း၊ လက်နဲ့ သေချာ ပွတ်တိုက်ဆေးကြောနေလေရဲ့။ မနက်က ကိစ္စက ခွေးသန်းကိစ္စပဲ အောက်မေ့တာပဲ။ ဒါပေမယ့် နောက်ရက်တွေမှာ ထူးခြားတာက သစ်သစ်တို့ အလုပ်သွားရင် ဖြူမကို သံကြိုးနဲ့ချီပီး ဝရန်တာလေးမှာ ထားခဲ့တာပါပဲ။ တအီအီအော်တာလဲ နားမခံသာဘူး၊ ညိုကြီးက လာလာကြည့်တယ်။ တခါတလေ တံခါးကို ကိုယ်နဲ့တိုက်ပီး ဖွင့်ခိုင်းတယ်ထင်ပါရဲ့ တဒုန်းဒုန်းနဲ့၊ ညိုကြီးက လာအားပေးတယ်ထင်ပါရဲ့။ ဝရန်တာဘောင်လေးကို ထောက်ပီးလှမ်းကြည့်ရင် ဖြူမကလဲ အထဲကနေ လှမ်းပီး ဝရန်တာကို လက်ထောက်ပီး လှမ်းကြည့်လေရဲ့။ ကျမဖြင့် ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တောင် သွားပီးသတိရမိပါရဲ့။  သစ်သစ်လဲပြန်ရောက်ရော ပွက်လောကိုရိုက်ပါလေရော။ ညိုကြီးလာသွားတယ်မှလား၊ ဟင် ညိုကြီးလာသွားတယ်မှလား ဒီမှာ သန်းတွေမနည်းဘူး။ ငါ့မှာ နင့်ကို သေချာသန့်ရှင်းပေးထားတာ၊ ဒီလိုသာ လုပ်နေရင် နင့်ကို တခြားပို့ပစ်မယ်၊ အဲလို အသံလဲကြားရော ညိုကြီးက ဖြူမဘယ်လောက်အော်အော် မလာတော့ဘူး။ နားလည်တယ်ထင်ပါရဲ့။  သစ်သစ်အလုပ်က ပြန်လာပီး ခွေးသန်းတွေရှာပီး တအိမ်လုံးသန့်ရှင်းရေးတွေ လုပ်နေရာက ကျမကို မြင်တော့ ဇာတ်စုံခင်းပါလေရော။
အဲဒိနေ့ မနက်က အိမ်ရှင်ရယ် ရဲရယ်ပါလာတာတဲ့။ ခွေးဖမ်းဖို့ပေါ့။ တိုင်လို့တဲ့။ ကျမတို့ အိမ်ဝင်းကြီးက တိုက်တွေ မနည်းဘူးလေ၊ စာတိုက်ပုံးလေး ချိတ်ပေးထားတယ်။ အကြံပြုချင်တာ လိုအပ်တာ အဆင်မပြေတာ စာရေးပီးထဲ့ထားလိုက် ယုံပဲ၊ အဲဒါ ခွေးသန်းတွေ ပြန့်နေလို့ အိမ်နှစ်အိမ်က တိုင်တယ်တဲ့။ သစ်သစ်ကတော့ ဘယ်အိမ် ဘယ်အိမ် လို့တော့ပြောတယ်။ ကျမက အိမ်မှာနေသူဆိုတော့ သိပ်တော့ မသိဘူး။ အဲဒါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အိမ်ရှင်က သတိပေးဖူးတယ်တဲ့။ သစ်သစ်က မသိဘူး။အိမ်မှာမရှိတဲ့ အချိန် သူ့တူမကိုပြောသွားတာဆိုတော့။ဒါနဲ့ ရဲပါရောက်လာပီး( ရဲဆိုတာက စည်ပင်ရဲလို့ခေါ်ရမယ်ထင်တယ်) ခွေးပိုင်ရှင်မေးတော့ ပိုင်ရှင်က မရှိဘူး။ ဖြူမနဲ့ တတွဲတွဲဆိုတော့ သူတို့အိမ်ကို ရောက်လာတာတဲ့။ ထိုင်းမှာက ခွေးကို ရိုက်လို့မရဘူး၊မွေးထားရင် ဆေးမှန်မှန်ထိုးပေးရတယ်။ ခုလိုမျိုးဆိုတော့ ပြောတာပေါ့။ ဒါနဲ့ ကပ်ရက်က ပြင်သစ်အမျိုးသားက သူခေါ်ထားလိုက်ဟန် တူပါရဲ့ အဲဒီအိမ်ဘေးရောက်သွားတယ်။ နောက်တခါဆို ဖမ်းမယ်ဆိုတော့ သစ်သစ်လဲုဖြူမကို ထိန်းနေရဘီ။ သူတို့နှစ်ကောင် တော်တော်သိပုံရတယ်။ ညိုကြီးက ပိုသိတယ်၊ သူ့ကို ဖမ်းတော့မှာ ခေါ်သွားတော့မှာကို သိလားမသိပါဘူး။ ငြိမ်ကုပ်နေတယ်။ စိတ်ဓါတ်လဲ ကျနေပုံရတယ်၊ ကုပ်နေတာပဲ။ သစ်သစ်လဲ အလွတ်မပေးဘူး။ ဖြူမ အပြင်မထွက်အောင် တချိန်လုံးကြိုးချည်ထားတယ်။ တခါ ခနလွှတ်ပေးလိုက်တာ ညိုကြီးဆီပြေးပါလေရော။ သစ်သစ်က အခုပြန်လာခဲ့ နင် အဲလိုလုပ်နေရင် ဒီတခါ နင့်ကိုပါ ရဲဖမ်းမယ် ပြောသွားတာကြားတယ်မှလားတဲ့ ။ ဒီလို စောင့်ကြည့်နေတဲ့ကြားက လစ်ရင်လစ်သလို သူတို့နှစ်ကောင် တွေ့ကြတာ ၊ တစ်ရက်တော့ သစ်သစ် အလုပ်ကအပြန် ပက်ပင်းတွေ့ပါလေရော။ " အမလေး ဖြူမရဲ့. ငါကတော့ နင့်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ဒီနေ့ပဲ ရေချိုးပေးခဲ့တယ် အခုအကောင်တွေ တွေ့ပြန်ဘီ ငါတော့ သေချင်တာပဲဆို " ညိုကြီးလဲ ပြေးတာတန်းနေတာပဲ၊ ကျမမှာ အိမ်ထဲကနေ အားလုံးကြားပီး သူတို့နှစ်ကောင် အဖြစ်ကို စိတ်ရှုပ်ရှုပ်နဲ့ ရီနေရပါတော့တယ်။ ဘယ်လို စခန်းသွားကြမလဲမသိ၊ ဒုက္ခပါပဲလို့ တွေးမိပါတယ်။
                       ခုတော့ အိမ်ဘေးကထောင့်လေးမှာ သူတို့နှစ်ကောင် အလန့်တကြားတွေ့နေတော့ ကျမ အသံထွက်အောင်ပဲရယ်မိပါတော့တယ်။ ဖြူမအိမ်ကို လှမ်းကြည့်တော့ ဧည့်သည်အဝင်အထွက်တွေများပီး ဝရန်တာတံခါးလဲ မပိတ်ဖြစ်ကြဘူးထင်ပါရဲ့၊ သစ်သစ်ကို ကိုယ်ချင်းစာပီး ဖြူမလွတ်ပီး ညိုကြီးနဲ့အတူရှိနေတယ်လို့ လှမ်းပြောမလိုပြင်ပီးမှ ဘာ့ကြောင့်မှန်းမသိ သူတို့နှစ်ကောင်ကို သနားပီး နှုတ်ပိတ်ပီးနေလိုက်တော့တယ်။ တအောင့်နေတော့ ဖြူမတစ်ကောင် သူ့နေရာသူ အပြေးလေးပြန်သွားတာတွေ့လိုက်ရတယ်။ ကျမလဲ ဝရန်တာကနေ လှမ်းကြည့်လိုက်တော့ လျှာလေးတစ်လစ်နဲ့ ကျမကို ကြည့်နေလေရဲ့။ သူကျမကို တစ်ခုခု ပြောချင်နေတာများလား။  သူ့ကို မတိုင်ပါနဲ့ပြောချင်တာလား၊ မတိုင်တဲ့အတွက် ကျေးဇူးတင်နေတာလား၊ တခုခုတော့ တခုခုပင်။
                                                                                                                                                                             ခိုင်ခိုင်စောလွင်

July 8, 2012

ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း

  ဇာတ်လမ်းမဟုတ်တဲ့ ဇာတ်လမ်း
                             
                          
 အိမ်ဘေးကလမ်းကလေးကို ဖြတ်ကနဲ ချိုးအကွေ့ ရုတ်တရက်လန့်သွားတဲ့ ဖြူမကိုကြည့်ပီး ကျမရယ်လိုက်မိပါတယ်။ သူ့အိမ်က တစ်ယောက်ယောက်လာတယ်ထင်ပီး လန့်သွားဟန်ကလည်း သူ့မျက်နှာမှာ အထင်းသား။ သူ့အိမ်ကလူ မဟုတ်မှန်းလဲသိတာနဲ့ ညိုကြီးရဲ့ ခန္တာကိုယ်ကို သူ့ကိုယ်နဲ့ပွတ်သပ်ပီး ပြန်ထိုင်လိုက်ပါတယ်။ အော်.. အချစ်.. အချစ်  တရိစ္ဆာန်တွေမှာလည်း အချစ်ကြောင့် ဗျာများရပါလား ဆိုတာ တွေ့လိုက်ရပါတယ်။ တကယ်တော့ ညိုကြီးက ထိုင်းနိုင်ငံကခွေး၊ ထိုင်းခွေးပေါ့လေ။ ဒါပေမယ့် ကျမတို့ ပတ်ဝန်းကျင်မှာတော့ ဘယ်ကဘယ်လို ရောက်လာမှန်းမသိ၊ ပိုင်ရှင်ဘယ်သူဘယ်ဝါမရှိတဲ့ ခွေးလေခွေးလွင့်တစ်ကောင်။ ဖြူမကတော့ ထိုင်းနိုင်ငံကို ရောက်လာတဲ့ မြန်မာပြည်ကခွေး၊ သူ့သခင်မက ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ နယ်စပ်ကနေအလာ သူ့ခွေးလေးကို မခွဲနိုင်မခွာနိုင်ဖြစ်တာနဲ့ လူတစ်ယောက်စားရိတ်နီးပါး အကုန်အကျခံပီး ခေါ်လာခဲ့လို့ မြန်မာပြည်က ဖြူမနဲ့ ထိုင်းက ညိုကြီးတို့ ဖူးစာဆုံတွေ့ကြတယ် ပြောရမယ်ထင်ပါရဲ့။ ခွေးတွေအကြောင်း ပြောလို့ ကျမကို ခွေးချစ်တတ်သူလို့တော့ မထင်ပါနဲ့။ ကျမက ခွေးတင်မက တရိစ္ဆာန်ဆို ဘာကောင်မှ မချစ်တတ်။ သေးချေးနံ့ မခံနိုင်ယုံမက အင်မတန်ရွံရှာတတ်တဲ့အတွက် ဝေးဝေးရှောင်ဝေါင်ဝေါင်ရှေး၊ ဒါပေမယ့် ဒီနေရာမှာ ရေစက်ဆိုတာကိုတော့ ယုံရတော့မည်ထင့်၊ ထိုင်းကိုရောက်ပီး အိမ်ငှားနေဖို့ စီစဉ်တော့ အခု ဖြူမရဲ့သခင်မ သစ်သစ်က အိမ်ရှာပေးတဲ့အတွက် သစ်သစ်တို့ မျက်နှာချင်းဆိုင်မှာပဲ သပ်သပ်ရပ်ရပ်နဲ့ တစ်ထပ်တိုက်ကလေး ရလိုက်ပါတယ်။ သစ်သစ်လဲအဖော်ရှိ၊ နောက်ပီး ကျမက ထိုင်းစကားမပြောတတ်၊ သစ်သစ်က ထိုင်းစကားကို ထိုင်းတစ်ယောက်လို့ ထင်ရလောက်အောင် သွက်သွက်လက်လက် ချက်ချက်ချာချာ ပြောတတ်တော့ တခုခုဆို ပြောပေးလို့လဲ ရတယ်ဆိုပီး နေဖြစ်ပါတယ်။ အဲဒီမှာ ဖြူမနဲ့ညိုကြီးကို ထူးထူးဆန်းဆန်း သတိပြုမိလာရတော့တာပါပဲ။ ဖြူမက တကိုယ်လုံးဖြူဖွေးပီး၊ ပုပုလေး၊ မျက်လုံးကလေးက ဝိုင်းဝိုင်းလေးနဲ့ မျက်နှာကလေးက လှတယ်။ ညိုကြီးက အဖြူနဲ့အညိုစပ်ကြားဖြစ်ပီး ထွားထွားမြင့်မြင့် မြန်မာခွေးပုံစံပဲ။သူတို့ နှစ်ကောင်က မြင်တာနဲ့ အမျိုးမတူဘူးဆိုတာ သိသာတယ်။ကျမလို ခွေးအကြောင်း နကန်းတစ်လုံးမှ နားမလဲတဲ့သူတောင် သိတယ်ဆိုတော့ တော်တော်ကို ကွဲပြားတာ သိသာတာပေါ့လေ။ ကျမ ခွေးအကြောင်းနားမလည်ပုံက ရီစရာဖြစ်ပုံ ပြောပါအုန်းမယ်။ ထိုင်းလူမျိုးတွေက ခွေးတော်တော် ချစ်ပုံရတယ်။ အိမ်တိုင်းမှာ အနည်းဆုံး ခွေးတစ်ကောင်တော့ မွေးထားကြတယ်။ တရက်မှာတော့ အိမ်တစ်အိမ်ရှေ့က ဖြတ်အလျှောက် အိမ်ထဲကနေ ခွေးဟောင်သံကြားလို့ လှမ်းကြည့်တော့ ခွေးကို မတွေ့ရဘူး။ အသံက နီးနီးလေးက ကြားနေရတာ၊ လားလား ဘယ်ဟုတ်မလဲ သေချာရပ်ကြည့်တော့မှ ခွေးက သေးသေးလေး နားရွက်ကလေးတွေက ထောင်လို့၊ မျက်လုံးကလဲ အပြင်ကို အလုံးလိုက်ပြူးထွက်နေသေးတယ်။ အရောင်ကလဲ မဲမဲနဲ့ ဆိုးလိုက်တဲ့ရုပ် မင်စာလေးနဲ့တူလိုက်တာလို့  တွေးမိတယ်။ ဒါနဲ့ ခွေးချစ်တဲ့ မိတ်ဆွေတစ်ယောက်က ခွေးအကြောင်း ခွေးတွေရဲ့သဘာဝ ခွေးတွေ ချစ်စရာကောင်းတဲ့ အကြောင်း စကားစပ်ပီး ပြောမိကြတော့ ကျမက သေးသေးလေးနဲ့ ခွေးလေ၊ ခွေးမင်စာလေ မြင်ဘူးလားလို့ မေးလိုက်တာ ရီလိုက်တာ ပြောမနေပါနဲ့။
" အမရေ... အဲဒါ ခွေးသမင်ခေါ်တယ်၊ ဈေးကြီးတယ် သူတို့ကို လူလိုပဲ ဂရုစိုက်ရတယ်တဲ့" ဆိုပီး ခွေးသမင် အကြောင်း ပြောပါလေရော။ ကျမကတော့ ခွေးမင်စာလို့သာ နှုတ်ကျိုးပီး အဲလိုခေါ်တာကိုတောင် အမရယ် ရက်စက်ပါပေ့တဲ့ အဲလို၊ အဲ ဖြူမနဲ့ညိုကြီး က အသွေးအမွေးမတူယုံတင်မကဘူး၊ အသက်လဲ အတော်ကွာတယ်၊ ဖြူမက တော်တော်ကြီးနေဘီ။ ခွေးအသက်(၁၀) နှစ်ဆို နည်းမှမနည်းပဲ။ လမ်းလျှောက်ရင် လှုပ်တုတ်လှုပ်တုတ်နဲ့။ညိုကြီးများ လမ်းသလားရင် အဲလို လှုပ်တုတ်ကြားကပဲ လိုက်ခေါ်တတ်တာ။ ကျမတို့ အပြင်ကအပြန် လမ်းပေါ်ရောက်နေရင် ဟဲ့ ညိုကြီး ဟိုမှာ ဖြူမ လိုက်ခေါ်နေဘီ ပြန်တော့ဆို နားလည်သလိုပဲ ပြန်သွားကြရော။ ဒီလိုပဲ ညိုကြီးက လျှောက်သွား ဘယ်ရောက်နေမှန်းမသိရင် လမ်းထိပ်မှာ ထွက်ထွက်မျှော်တာတွေ့ရင် ဖြူမရေ ညိုကြီးကို ရှာနေတာလားဆို နားလည်သလို မော့ကြည့်ပီး အမြီးလေးရမ်းပြတတ်တယ်။ ဒါကို အစအနောက်သန်တဲ့ ကျမရဲ့ အိမ်ဦးနတ်က" ဖြူမရေ နင်က အသက်ကြီးဘီဆိုတော့ ညိုကြီးက မကပ်တော့ဘူးဟ" ဆိုပြန်တော့ ဟုတ်သလိုလို။ ဒါပေမယ့် သူတို့နှစ်ကောင် သံယောဇဉ်က တရိစ္ဆာန်လုံးဝမချစ်တတ်တဲ့ ကျမကို ကြည်နူးစရာ မြင်ကွင်းလေးတွေ အပြုအမူလေးတွေနဲ့ ရစ်ပတ်ခဲ့မှန်း တဖြည်းဖြည်းသိလာရပါတယ်။
                 ဖြူမကို သူ့အိမ်က အစာကြွေးပေမယ့် ညိုကြီးကတော့ ပိုင်ရှင်မဲ့ ခွေးပီပီ ကြုံရာစားပဲ။ အဲဒီတော့ ကျမလဲ ထမင်းကျန်ဟင်းကျန်တွေ ကြွေးရာက သူတို့စိတ် အမူအယာလေးတွေကို သိလာရတယ်။ ဖြူမနာမည် ခေါ်ကြွေးရင် ညိုကြီးက ဘယ်လောက်ဆာဆာ လုမစားဘူး။ ညိုကြီးနာမည် ခေါ်ကြွေးရင် ဖြူမက ညိုကြီးအနားမှာ မရှိရင်တောင် အဲဒီ အစာကို မစားဘူး။ ကျမမှာ အံ့သြတကြီး ဖြစ်လို့။ သူတို့ လူစကားနားလည်နေလား မသိဘူးလို့ ထင်လိုက်မိပါတယ်။ ဖြူမရဲ့ သခင်ကတော့" သူတို့ အရမ်းနားလည်တယ်အမတဲ့"  အဲလိုတော့ ပြောဖူးတယ်။ ကျမတို့က ကျွေးတယ်ဆိုတာ ကြုံမှ ကျွေးတာ၊ အချိန်နဲ့ဘာညာကျွေးတာမဟုတ်ဘူး၊ ကိုယ့်ခွေးလဲ မဟုတ်တော့ ပိုရင်ခေါ်ကြွေးပေါ့။ တရက်မှာတော့ ညဘက် အမျိုးသားအပြင်ထွက်ရပ်နေတုန်း ညိုကြီးက ဖော့ဘူးအလွတ်တခုကို ဘယ်ကတွေ့လာမှန်းမသိ လျှာနဲ့ရက်နေတယ်။ ဒါနဲ့ " ဟေ့ကောင် ညိုကြီး  မင်းဆာနေတာလား ဘာမှမစားရဘူးလား"ဆိုတော့ မော့ကြည့်လိုက်တဲ့ မျက်လုံး အဲဒီမျက်လုံးက သနားစရာ၊ သူ့ကို စားစရာကျွေးအပီး သွားတော့ဆိုတော့ မျက်နှာလေး အောက်ချပီး လှည့်ထွက်သွားပါလေရော။ ကျမတို့ နှစ်ယောက်သား" နားလည်တယ်ထင်တယ်၊ သနားပါတယ်" လို့ တပြိုင်ထဲ အသံထွက်သွားပါတော့တယ်။ အဲဒီနောက် ရက်ပိုင်းလေးပဲခြားတယ် ညိုကြီးက ကျမအမျိုးသား အလုပ်ကပြန်အလာ ဖော့ဘူးလေးကို ပါးစပ်နဲ့ချီလာပီးပြတယ်။ သဘောက သူ့ကိုကျွေးပါပေါ့၊ ကျမမှာ အံ့သြပီးရင် အံ့သြရင်းပေါ့။ ဧည့်သည်လာလို့ သူ့အကြောင်းပြောသံကြားရင် နားလည်သလို မော့ကြည့်တတ်တယ်။ သူ့ကိုယ်က နံလို့ မောင်းထုတ်ရင် မျက်နှာအောက်ချပီး ထွက်သွားရော။ သူ့အကြည့်ကို အိမ်လာတဲ့ ဧည့်သည်ကတောင် ဒီကောင်လူစကားနားလည်တယ်၊ သူ့ကြည့်ပုံက ရုပ်ရှင်မင်းသား... ရဲ့ ပုံနဲ့တူတယ်ပြောလို့ အဲဒီမင်းသား ခရေဇီ အမျိုးသားက ခင်ဗျားဗျာတဲ့။ တကယ်လဲ ကျမအဲဒီအတိုင်းပဲ ထင်နေတာကြာဘီ။ မပြောကောင်းလို့သာ။ ဧည့်သည်က အဲဒီလိုပြောတော့ ကျမအမြင်နဲ့တူနေလို့ ဝင်ပီးထောက်ခံလိုက်မိသေးတယ်။ ဖြူမရဲ့ ပိုင်ရှင် သစ်သစ်ကတော့ အမရေ သမီးကို ချစ်တော့ သားမက်လက်ခံထားရတာ၊ ဘယ်တော့ရှင်းရမလဲ မသိဘူးတဲ့။ သူတို့နှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင် သံယောဇဉ်တအားရှိတော့ ခွဲရမှာလည်းခက်နေတယ်တဲ့။ တကယ်လဲ ဟုတ်တယ်၊ ညိုကြီးကို လူတစ်ယောက်ယောက်က ဆူလိုက်တာပဲ ဖြစ်ဖြစ်၊ မောင်းထုတ်တာဖြစ်ဖြစ်လုပ်ရင် ဖြူမက ပြေးသွားပီး ပွတ်သပ် လျှာလေးနဲ့ဟိုရက်ဒီရင် ချော့တတ်တယ်။ ခက်တာက ခွေးမွေးရင် ဆေးပုံမှန်ထိုးရတယ်။ သန်းမတွယ်ရအောင် ဆေးထိုးရတယ်။ ရေချိုးပေးရတယ်။ ကိုယ့်အိမ်မှာ မလုပ်နိုင်ရင် ခွေးဆေးခန်းတို့ ခွေးအလှပြင်ဆိုင်တို့မှာ ရေချိုးအလှပြင်လုပ်ပေးရတယ်။ အလှပြင်ဆိုင်က ပြန်လာတဲ့ ခွေးတွေဆို မွှေးကြိုင်လို့၊ ခွေးပေါင်ဒါဆိုလား ဖြန်းပေးလိုက်တာ။ တခါတလေ ဆံပင်ကို ကြက်တောင်စီးတောင် စီးပေးလိုက်သေးတယ်။ ဖြူမကိုတော့ သစ်သစ်က အိမ်မှာပဲ ရေချိုးပေးတယ်။ ညိုကြီးက သခင်မဟုတ်တော့ အကိုင်မခံဘူး။ ဒါနဲ့ သူ့ကိုယ်က ညစ်ပတ်နေရော။ သန်းတွေဘာတွေ တွယ်တာပေါ့။ ဖြူမကို သူ့အိမ်က ဘယ်လိုလုပ်ပေးပေး ဖြူမကိုယ်ပါ ကူးကုန်ရော။ သစ်သစ်လဲ ညည်းရှာတယ်။ ညည်းပေမယ့် သူလဲ သီးခံနေရတာပဲ။ ကျမတို့ မရောက်ခငိက အဖြစ်ကိုပြောပြတယ်လေ။ ဖြူမကိုယ်မှာပါ သန်းတွယ်လာတော့  ညိုကြီးကို အဝေးကို သွားပို့ဖို့ စီစဉ်တယ်တဲ့။ အဲဒီမှာ ကောင်လေးနှစ်ယောက်ကို ပိုက်ဆံပေးပီး ကားငှားလို့ မြို့ပြင် သွားထားလိုက်တာ။ နှစ်ရက်ပဲ ကြာတယ်တဲ့၊ ညိုကြီးက ပြန်ရောက်လာတယ်တဲ့၊ တကိုယ်လုံးလဲ စုတ်ပြတ်ပီး ၊ အဲဒါနဲ့ သနားပီး ထားလိုက်တာ ခုထိ ရှိနေတာလို့ ပြောပြတယ်။  သစ်သစ်က ခွေးသန်းတွေတွေ့တိုင်း ညိုကြီးကို ဖိဆူရင် ဖြူမက သူ့ပါးစပ်နဲ့ ညိုကြီးကို ကိုက်ပေးတယ်။ နှစ်ကောင်းသား အမြီးလေးတွေကုပ်ပီး ထောင့်တထောင့်မှာ ငြိမ်နေကြလေရဲ့။ သူတို့နားလည်ကြတယ်။ ဒါပေမယ့် ဒီသန်းတွယ်တဲ့ ကိစ္စဟာ ဒီအတိုင်းမပီးသွားခဲ့ဘူး။
                         စနေနေ့ အလုပ်ပိတ်ရက် တစ်ရက်မှာ သစ်သစ်တို့ အိမ်ရှေ့က လူသံ ဆူညံဆူညံ ကြားလို့ အသာနားစွင့်မိတယ်။ နားစွင့်တယ်ဆိုပေမယ့် ထိုင်းစကားဆိုတော့ ကျမလဲ နားမလည်ဘူး၊ တစ်ခုခု ဖြစ်မှန်းတော့သိလိုက်တယ်။ ကြည့်လိုက်တော့ အိမ်ရှင် အိမ်ကလူနှစ်ယောက်လောက်ရယ် သူတို့ အလုပ်သမားရယ် ကျမ မမြင်ဘူးတဲ့ လူတစ်ယောက်နှစ်ယောက်ကိုတွေ့တယ်။ ကျမတို့နေတာက ဧက ၁၅၀လောက်ရှိတဲ့ အကွက်ထဲမှာ တစ်ထပ်တိုက်လေးတွေ အစီအရီ ဆောက်ထားပီး အိမ်ရှင်က ငှားထားတာ။ သူ့အိမ်လဲ ဒီဝင်းထဲမှာပဲ၊ လမ်းမတန်းမှာရှိတယ်။ ကျမတို့နေတဲ့လမ်းကြားထဲမှာ တိုက်လေးလုံးရှိတယ်၊ သစ်သစ်နဲ့ ကျမတို့က မျက်နှာချင်းဆိုင်။ နိုင်ငံခြားသားတွေ နေတာများတယ်။ ထိုင်းတချို့လဲ နေကြတယ်။ ကျမတို့နဲ့ကပ်ရက်က ပြင်သစ်လူမျိုးလို့တော့ ပြောသံကြားဖူးတယ်။ လူချင်းဆုံရင် မောနင်းလို့ နှုတ်ဆက်ပီး ပြုံးပြယုံက လွဲပီးစကားမပြောဖူးဘူး။ ကိုယ့်ဘာသာနေကြတယ်။ အဲဒီလူက ညိုကြီးကို အစာတွေ ဘာတွေ ကျွေးတတ်တယ်။ သူက အစာခြောက်တွေ ကြွေးတော့ ညိုကြီးက ကျမတို့ ကြွေးတာကို စားတာများတယ်။ မိုးရွာရင် သူ့ဝရန်တာမှာ ညိုကြီးကို နေဖို့ တံခါးဖွင့်ပေးထားတယ်။ အဲဒါတော့ ချီးကျူးမိတယ်။ ကျမတို့က ကျွေးတာတော့ ကျွေးတယ်၊ အိမ်ပေါ်အတက်မခံဘူး။ နေ့ခင်းကျတော့ အိမ်ရှင်အိမ်က အလုပ်သမားက ကျမတို့ အိမ်ပတ်ဝန်းကျင်ရော လမ်းထဲကိုရော ပိုးသတ်ဆေးတွေ ဖြန်းပါလေရော။ ပိုးတော့သေမသေမသိ။ ကျမတို့တော့ မူးပီး အော်ဂလီကိုဆန်သွားတာပဲ။ အပြင်မှာလဲ ညိုကြီးကို အလုပ်သမားတွေ ဝိုင်းချုပ်ပီး ပြင်သစ်လူမျိးက ဆေးတွေနဲ့လောင်း၊ လက်နဲ့ သေချာ ပွတ်တိုက်ဆေးကြောနေလေရဲ့။ မနက်က ကိစ္စက ခွေးသန်းကိစ္စပဲ အောက်မေ့တာပဲ။ ဒါပေမယ့် နောက်ရက်တွေမှာ ထူးခြားတာက သစ်သစ်တို့ အလုပ်သွားရင် ဖြူမကို သံကြိုးနဲ့ချီပီး ဝရန်တာလေးမှာ ထားခဲ့တာပါပဲ။ တအီအီအော်တာလဲ နားမခံသာဘူး၊ ညိုကြီးက လာလာကြည့်တယ်။ တခါတလေ တံခါးကို ကိုယ်နဲ့တိုက်ပီး ဖွင့်ခိုင်းတယ်ထင်ပါရဲ့ တဒုန်းဒုန်းနဲ့၊ ညိုကြီးက လာအားပေးတယ်ထင်ပါရဲ့။ ဝရန်တာဘောင်လေးကို ထောက်ပီးလှမ်းကြည့်ရင် ဖြူမကလဲ အထဲကနေ လှမ်းပီး ဝရန်တာကို လက်ထောက်ပီး လှမ်းကြည့်လေရဲ့။ ကျမဖြင့် ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တောင် သွားပီးသတိရမိပါရဲ့။  သစ်သစ်လဲပြန်ရောက်ရော ပွက်လောကိုရိုက်ပါလေရော။ ညိုကြီးလာသွားတယ်မှလား၊ ဟင် ညိုကြီးလာသွားတယ်မှလား ဒီမှာ သန်းတွေမနည်းဘူး။ ငါ့မှာ နင့်ကို သေချာသန့်ရှင်းပေးထားတာ၊ ဒီလိုသာ လုပ်နေရင် နင့်ကို တခြားပို့ပစ်မယ်၊ အဲလို အသံလဲကြားရော ညိုကြီးက ဖြူမဘယ်လောက်အော်အော် မလာတော့ဘူး။ နားလည်တယ်ထင်ပါရဲ့။  သစ်သစ်အလုပ်က ပြန်လာပီး ခွေးသန်းတွေရှာပီး တအိမ်လုံးသန့်ရှင်းရေးတွေ လုပ်နေရာက ကျမကို မြင်တော့ ဇာတ်စုံခင်းပါလေရော။
အဲဒိနေ့ မနက်က အိမ်ရှင်ရယ် ရဲရယ်ပါလာတာတဲ့။ ခွေးဖမ်းဖို့ပေါ့။ တိုင်လို့တဲ့။ ကျမတို့ အိမ်ဝင်းကြီးက တိုက်တွေ မနည်းဘူးလေ၊ စာတိုက်ပုံးလေး ချိတ်ပေးထားတယ်။ အကြံပြုချင်တာ လိုအပ်တာ အဆင်မပြေတာ စာရေးပီးထဲ့ထားလိုက် ယုံပဲ၊ အဲဒါ ခွေးသန်းတွေ ပြန့်နေလို့ အိမ်နှစ်အိမ်က တိုင်တယ်တဲ့။ သစ်သစ်ကတော့ ဘယ်အိမ် ဘယ်အိမ် လို့တော့ပြောတယ်။ ကျမက အိမ်မှာနေသူဆိုတော့ သိပ်တော့ မသိဘူး။ အဲဒါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အိမ်ရှင်က သတိပေးဖူးတယ်တဲ့။ သစ်သစ်က မသိဘူး။အိမ်မှာမရှိတဲ့ အချိန် သူ့တူမကိုပြောသွားတာဆိုတော့။ဒါနဲ့ ရဲပါရောက်လာပီး( ရဲဆိုတာက စည်ပင်ရဲလို့ခေါ်ရမယ်ထင်တယ်) ခွေးပိုင်ရှင်မေးတော့ ပိုင်ရှင်က မရှိဘူး။ ဖြူမနဲ့ တတွဲတွဲဆိုတော့ သူတို့အိမ်ကို ရောက်လာတာတဲ့။ ထိုင်းမှာက ခွေးကို ရိုက်လို့မရဘူး၊မွေးထားရင် ဆေးမှန်မှန်ထိုးပေးရတယ်။ ခုလိုမျိုးဆိုတော့ ပြောတာပေါ့။ ဒါနဲ့ ကပ်ရက်က ပြင်သစ်အမျိုးသားက သူခေါ်ထားလိုက်ဟန် တူပါရဲ့ အဲဒီအိမ်ဘေးရောက်သွားတယ်။ နောက်တခါဆို ဖမ်းမယ်ဆိုတော့ သစ်သစ်လဲုဖြူမကို ထိန်းနေရဘီ။ သူတို့နှစ်ကောင် တော်တော်သိပုံရတယ်။ ညိုကြီးက ပိုသိတယ်၊ သူ့ကို ဖမ်းတော့မှာ ခေါ်သွားတော့မှာကို သိလားမသိပါဘူး။ ငြိမ်ကုပ်နေတယ်။ စိတ်ဓါတ်လဲ ကျနေပုံရတယ်၊ ကုပ်နေတာပဲ။ သစ်သစ်လဲ အလွတ်မပေးဘူး။ ဖြူမ အပြင်မထွက်အောင် တချိန်လုံးကြိုးချည်ထားတယ်။ တခါ ခနလွှတ်ပေးလိုက်တာ ညိုကြီးဆီပြေးပါလေရော။ သစ်သစ်က အခုပြန်လာခဲ့ နင် အဲလိုလုပ်နေရင် ဒီတခါ နင့်ကိုပါ ရဲဖမ်းမယ် ပြောသွားတာကြားတယ်မှလားတဲ့ ။ ဒီလို စောင့်ကြည့်နေတဲ့ကြားက လစ်ရင်လစ်သလို သူတို့နှစ်ကောင် တွေ့ကြတာ ၊ တစ်ရက်တော့ သစ်သစ် အလုပ်ကအပြန် ပက်ပင်းတွေ့ပါလေရော။ " အမလေး ဖြူမရဲ့. ငါကတော့ နင့်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင် ဒီနေ့ပဲ ရေချိုးပေးခဲ့တယ် အခုအကောင်တွေ တွေ့ပြန်ဘီ ငါတော့ သေချင်တာပဲဆို " ညိုကြီးလဲ ပြေးတာတန်းနေတာပဲ၊ ကျမမှာ အိမ်ထဲကနေ အားလုံးကြားပီး သူတို့နှစ်ကောင် အဖြစ်ကို စိတ်ရှုပ်ရှုပ်နဲ့ ရီနေရပါတော့တယ်။ ဘယ်လို စခန်းသွားကြမလဲမသိ၊ ဒုက္ခပါပဲလို့ တွေးမိပါတယ်။
                       ခုတော့ အိမ်ဘေးကထောင့်လေးမှာ သူတို့နှစ်ကောင် အလန့်တကြားတွေ့နေတော့ ကျမ အသံထွက်အောင်ပဲရယ်မိပါတော့တယ်။ ဖြူမအိမ်ကို လှမ်းကြည့်တော့ ဧည့်သည်အဝင်အထွက်တွေများပီး ဝရန်တာတံခါးလဲ မပိတ်ဖြစ်ကြဘူးထင်ပါရဲ့၊ သစ်သစ်ကို ကိုယ်ချင်းစာပီး ဖြူမလွတ်ပီး ညိုကြီးနဲ့အတူရှိနေတယ်လို့ လှမ်းပြောမလိုပြင်ပီးမှ ဘာ့ကြောင့်မှန်းမသိ သူတို့နှစ်ကောင်ကို သနားပီး နှုတ်ပိတ်ပီးနေလိုက်တော့တယ်။ တအောင့်နေတော့ ဖြူမတစ်ကောင် သူ့နေရာသူ အပြေးလေးပြန်သွားတာတွေ့လိုက်ရတယ်။ ကျမလဲ ဝရန်တာကနေ လှမ်းကြည့်လိုက်တော့ လျှာလေးတစ်လစ်နဲ့ ကျမကို ကြည့်နေလေရဲ့။ သူကျမကို တစ်ခုခု ပြောချင်နေတာများလား။  သူ့ကို မတိုင်ပါနဲ့ပြောချင်တာလား၊ မတိုင်တဲ့အတွက် ကျေးဇူးတင်နေတာလား၊ တခုခုတော့ တခုခုပင်။