December 18, 2011

ရယ်ရလေအသက်ရှည်လေ--------( ဂျလုံး) မော်ဒန်ဂျာနယ်မှ

အရွယ်

"ယောက်ျားတစ်ယောက်ကို ဘယ်အရွယ်မှာ ပြုပြင်ပြောင်းလဲ ပေးနိုင်သလဲ"
          ' ကလေးပေါက်စအရွယ်'



ဖြေဆေး

ခင်ပွန်း။  ။  အလုပ်သွားတိုင်း ကိုယ့်ဓါတ်ပုံကို မင်းအိတ်ထဲထည့်ထည့်ပြီး ဘာ့ကြောင့်ယူသွားရတာလဲ။

ဇနီး။       ။ပြဿနာတစ်ခုတွေ့လို့ ဘယ်လိုဖြေရှင်းရပါ့မလဲ သောကဖြစ်တဲ့အခါ ရှင့်ဓါတ်ပုံကို ထုတ်ကြည့်တယ်။
                အဲသည်အခါ ပြဿနာကို ဖြေရှင်းနိုင်တာချည်းပဲ။

ခင်ပွန်း။   ။ကဲတွေ့ပြီမဟုတ်လား၊ ကိုယ်ဟာမင်းအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းသတ္တိတွေ ပေးနိုင်တယ်ဆိုတာ။
ဇနီး။        ။ဟုတ်ပါ့ရှင်၊ ဟုတ်ပါ့ ၊ ဓါတ်ပုံက်ုကြည့်ပြီး ကျမကိုယ်ကျမ ပြောမိတာကတော့ ငါ့ဘဝမှာ သည်ဟာထက်ကြီးတဲ့ ပြဿနာ မရှိနိုင်ပါဘူးလို့လေ။

No comments:

Post a Comment