December 20, 2011

ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာပြည်သွားရောက်ခဲ့

ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာ အာဏာပိုင်တွေနဲ့ တွေဆုံခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို အတည်ပြု ပြောဆိုလိုက်ပါတယ်။
 မန်မာပြည်မှာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့တွေဆုံခဲ့သလို ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ ဒါ့အပြင် ၀န်ကြီးချုပ် ယင်လတ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုပါတယ်။

No comments:

Post a Comment