December 18, 2011

ကင်ဂျုံအီ ကွယ်လွန်

မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော် ပြင်ပသို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ စစ်ဆေးရေးခရီး သွားရောက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ တွင် ရထားပေါ်၌ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း မြောက်ရီးယား အစိုးရ သတင်းဌာန KCNA က ထုတ်ပြန်ကြေညာ သွားသည်။ မြောက်ကိုရီးယား ခေါင်းဆောင် သေဆုံးသွားခြင်းကြောင့် နိုင်ငံတွင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ဒီဇင်ဘာ ၁၇ မှ ၂၉ နေ ထိ သတ်မှတ်ရန် မြောက်ကိုရီးယား နိုင်ငံက ကြေညာ သွားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၀၈ ခုနစ်မှ စတင်၍ လေဖြတ်သွားသည်ဟု ယုံကြည်ရလျက် ရှိပြီး အဆိုပါ အချိန်မှစ၍ ကွန်မြူနစ် ခေါင်းဆောင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လျက် ရှိသည်။ သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအီ၏ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သော ခရီးစဉ်များတွင် ကင်ဂျုံအီ၏ ကျန်းမာ၍ တတ်တတ်ကြွကြွရှိသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်လွင့်ပေးသွား သေးသည်။

မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော် ပြင်ပသို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ စစ်ဆေးရေးခရီး သွားရောက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ တွင် ရထားပေါ်၌ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း မြောက်ရီးယား အစိုးရ သတင်းဌာန KCNA က ထုတ်ပြန်ကြေညာ သွားသည်။ မြောက်ကိုရီးယား ခေါင်းဆောင် သေဆုံးသွားခြင်းကြောင့် နိုင်ငံတွင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ဒီဇင်ဘာ ၁၇ မှ ၂၉ နေ ထိ သတ်မှတ်ရန် မြောက်ကိုရီးယား နိုင်ငံက ကြေညာ သွားသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၀၈ ခုနစ်မှ စတင်၍ လေဖြတ်သွားသည်ဟု ယုံကြည်ရလျက် ရှိပြီး အဆိုပါ အချိန်မှစ၍ ကွန်မြူနစ် ခေါင်းဆောင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လျက် ရှိသည်။ သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအီ၏ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သော ခရီးစဉ်များတွင် ကင်ဂျုံအီ၏ ကျန်းမာ၍ တတ်တတ်ကြွကြွရှိသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်လွင့်ပေးသွား သေးသည်။ ( The Voice Weekly  Facebook မှရယူပါသည်)

No comments:

Post a Comment