December 18, 2011

၄၅နှစ်ပြည့်မွေးနေ့လက်ဆောင်


ကိုရွှေမောင့်တွင်သွေးတိုးရောဂါရှိနေဘီဟုဆရာဝန်ကအတည်ပြုပြောလိုက်သောအခါမပြောကောင်းပြော
ကောင်းမခင်လေးတစ်ယောက်ထိတ်ခနဲဝမ်းသာသွားသည်၊မခင်လေးစိတ်ထဲကို ကိုရွှေမောင်ဝင်ကြည့်လို့
မြင်လိုက်ရင်ဖြင့်အသဲနှလုံးမရှိတဲ့မိန်းမဟုပြောလေမလားမသိ။
           ကိုရွှေမောင်နှင့်မခင်လေးတို့အိမ်ထောင်သက်တမ်းသည်ပြီးခဲ့တဲ့လကဘဲအနှစ်နှစ်ဆယ်တင်းတင်း
ပြည့်ခဲ့ချေဘီ။  အသဲနှစ်လုံးတို့အသက်တို့ချစ်တာတို့ပြောနေဘို့မလိုပြီ၊မခင်လေးတစ်ယောက်ကိုရွှေမောင်ကို
ကြည့်မရတာအတော်ကြာနေဘီ။ကိုယ်ချစ် လို့ယူထားသည်ကတစ်ကြောင်း၊ သားသမီးတွေစိတ်ညစ်မည်ကိုစိုးရိမ်သည်ကတစ်ကြောင်း၊အဖေအပေါ်မှာအရိုအသေတန်မည်ကိုစိုးရျု
တစ်ကြောင်း၊  အကြောင်းကြောင်းကြောင့်အစစအရာရာ
သီးခံနေခဲ့ခြင်းဖြစ်သည်။ကိုရွှေမောင်သည်လူရိုးလူဖြောင့်၊ပျော်ပျော်ရွှင်ရွှင်ဖြင့်ဘ၀ကိုဖြတ်သန်းချင်သူတစ်
ယောက်၊အပေါင်းအသင်းများတရုံးရုံးဖြင့်နေချင်သည်၊ဒီလိုလူမျိုးအရက်စွဲသည်ကအဆန်းမဟုတ်ပေ၊
မခင်လေးကကန့်သတ်ချုပ်ချယ်တတ်သည့်မိန်းမမျိုးမဟုတ်၊ကိုယ်လဲအထိုက်အလျောက်ပျော်တတ်သည်၊
သူငယ်ချင်းများနှင့်စုဖွဲ့ချက်ပြုတ်စားသောက်ဝါသနာပါသည်၊သီချင်းတွေအော်ဆိုကျတီးကြမှုတ်ကြ၀ါသနာပါ
သည်၊ကိုရွှေမောင်ကလွန်လွန်းသည်၊အရက်ကိုအမူးလွန်အောင်သောက်သည်၊ရေချိန်မရှိ၊ကိုယ့်ကိုယ်ကို ဘာမှန်းမသိတော့အောင်သောက်သည်၊မခင်လေးကအကန့်အသတ်လေးနှင့်သောက်ဖို့ပြောရင်လင်မယား
ကတောက်ကဆဖြစ်ရသည်သာအဖတ်တင်သည်။ကြာတော့မခင်လေးလဲမပြောသာချေဘီ၊
(၂)
“အငံလျှော့စား၊တတ်နိုင်ရင်တော့ဝက်သားရှောင်နိုင်ရင်အေ  ကာင်းဆုံးဘဲ”
ဆရာဝန်ရဲ့စကားသံကမခင်လေးကိုပစ္စခတ်အခြေအနေကိုပြန်သတိဝင်လာစေတော့သည်။
‘ဟုတ်ကဲ့”
“ဟင်”ဒါဘဲလား  ဆက်ပြောလေကိုရွှေမောင်  မခင်လေးရင်ထဲကအသံပင်၊
“တစ်ပတ်စာဆေးပေးလိုက်မယ်၊နောက်တစ်ပတ်သွေးပေါင်ပြန်ချိန်ပီးမှအခြေအနေကြည့်ပီးဆေးစွဲစားသင့်
စားရမယ်လေနော်”
“ဒီဆေးတွေကညဘက်သောက်ရမှာလဲပါတယ်ဆိုတော့အရက်နဲ့တဲ့ရဲ့လားဆရာ”
ဟင်း…………..
မခင်လေးသက်ပျင်းမောကြီးကျိတ်ချမိတော့သည်။လိုချင်သည့်လမ်းကြောင်းပေါ်သို့ရောက်လာချေဘီ။
အနှစ်နှစ်အလအလကမခင်လေးတောင့်တနေမိသည့်အရာအကောင်အထည်ပေါ်တော့မည်လား၊နားကို
အစွမ်းကုန်စွင့်ထားမိသည်၊
“တဲ့ပါတယ်”
“ဟင်”
မခင်လေးစိတ်သည်တိုင်ထိပ်ပေါ်မှရှောကျလုလု
“ခင်ဗျားကနေ့တိုင်းပုံမှန်သာက်တတ်သလား”
“ဟုတ်ကဲ့ဆရာ”
မခင်လေးသည်ကိုရွှေမောင့်ကိုကြည့်ပီးအသဲတယားယားဖြစ်မိသည်၊ကြည့်ပါအုန်း။အရက်ကိုထိမှာအတော်
ကြောက်သည်၊ပြောလိုက်ပါတော့လား၊၀က်သားမစားတာငါးနှစ်လောက်ရှိဘီလို့၊ငပိရည်၊ငံပြာရည်လဲမစားတာလဲ
ကြာလှဘီလို့၊အမှန်ပင်။ကိုရွှေမောင်သည်အသက်လေးဆယ်ပြည့်ကထဲက၀က်သားရှောင်တော့သည်၊ဘ၀မှာ
မစားခဲ့ဘူးတာမရှိ၊မစားတော့လို့ဘာမှမဖြစ်၊မစားဘဲနေသည်၊ဒါလဲသူ့ဘ၀အတွေ့အကြုံကြောင့်ပင်၊
ကိုရွှေမောင်တို့မှာမျိုးရိုးရှိသည်။သွေးတိုး၊နှလုံး၊ဆီးချို၊ကိုရွှေမောင့်အမေကနှလုံးရောဂါဖြင့်ရုတ်တရက်ဆုံးခဲ့သည်၊
ကိုရွှေမောင်ကိုးတန်းတက်ရောက်သည့်နှစ်တွင်ဆုံးပါးသွားခြင်းဖြစ်သည်၊အငယ်ဆုံးသားမို့အမေအချစ်ပိုခဲ့အလိုလိုက်ခဲ့သည်မို့အမေကိုတွယ်တာသည့်အရွယ်လဲဖြစ်သမို့စိတ်နှလုံးတော်တော်ထိခိုက်ခဲ့ရသည်ဟုမခင်လေးသိခဲ့ရသည်၊နောက်ကိုရွှေမောင့်အစ်ကိုအကြီးဆုံး၊ကိုကိုကြီးကတော့ပေသည်၊သွေးတိုးရှိနေမှန်းသိရက်နှင့်ဘာမျှ
မရှောင်၊မုန့်ဟင်းခါး၊အုန်းနို့ခေါက်ဆွဲလောက်ကတော့စာဖွဲ့မနေနှင့်၊စားလိုက်သည်မှာငါးသလောက်ပေါင်း၊
ပုစွန်ချဉ်သုပ်၊မခင်လေးပင်ဘာရောဂါမှမရှိဘဲနှင့်တက်စာဆိုလျှင်အရှင်းမစားရှောင်သည်၊နောက်ဆုံးတော့
သွေးတွေမတရားတိုးပီးဦးဏှောက်သွေးကြောပြတ်ပီးဆုံးလေသည်။ကိုကိုကြီးဆုံးပီးနောက်ကိုရွှေမောင်တော်
တော်ကြောက်သွားသည်၊အစားလေးတလုပ်ဖြင့်အသက်သေမခံနိုင်ဟုပြောပီးရှောင်တော့သည်။
သူအင်မတန်ကြိုက်သည့်ဝက်သားသုံးထပ်သားကိုပဲငံပြာရည်ဖြင့်အချိုချက်ကိုယောင်လို့ပင်လှည့်မကြည့်တော့၊
“အရက်ကိုတော့လျှော့ရမယ်”
“အမလေး  ၀မ်းသာလိုက်တာ”
ဆက်ပြောလေဆရာ
မခင်လေးစိတ်စောနေမိသည်၊ပြောလိုက်လေဆရာရယ်အရက်သောက်လို့မဖြစ်ဘူးလို့။
“ခုခင်ဗျားတစ်နေ့ဘယ်လောက်သောက်သလဲ”
“တစ်နေ့ပုလင်းတစ်ပြားသောက်တယ်ဆရာ”
“များတာပေါ့”
“ဟုတ်ကဲ့”
မခင်လေးစိတ်မရှည်ချင်တော့၊ကိုယ်တိုင်ကလဲစိတ်မြန်လက်မြန်သူမို့အတင်းဝင်ပြောချင်စိတ်ကိုထိမ်းနေရသည်၊
စိတ်ထိန်း၊စိတ်ထိန်း မလောနဲ့  ကိုယ်.ကိုယ်ကိုပြောရင်းအသက်ခပ်ပြင်းပြင်းရှူလိုက်မိသည်၊အသက်ရှူလိုက်သံများကျယ်သွားလို့လားမသိ၊
ဆရာဝန်ကမခင်လေးကိုအကဲခတ်သလိုလှည့်ကြည့်သည်ကိုသတိထားလိုက်မိသည်၊မသိချင်ယောင်ဆောင်ပီးဆရာဆက်ပြောသည်ကိုနားစွင့်သလိုလုပ်နေလိုက်သည်၊စိတ်ထဲတွင်တော့ကိုယ့်အဖြစ်ကိုရယ်ချင်နေမိသည်၊
(၃)
“အရက်ကိုစွဲသောက်နေအုန်းမယ်ဆိုရင်တော့သွေးတိုးကကျမှာမဟုတ်ဘူး၊”
“ကျနော်လျှော့သောက်မယ်ဆရာ”
အမယ်လေး…တခါမှမကြားဘူးသည့်စကားလုံးတွေပင်၊ကိုရွှေမောင့်ကိုသေချာစိုက်ကြည့်နေရင်းကသနားလို့ပင်
လာသည်၊အင်း …လူဘဲလေ  သေမှာကြောက်သည်ပင်၊
“ဟုတ်တယ်   ခင်ဗျားချက်ချင်းဖြတ်လိုက်လို့လဲမဖြစ်နိုင်ဘူးလေ တဖြေးဖြေးလျှော့ပါ၊”
“ဟုတ်ကဲ့ဆရာ”
ကျေနပ်သည်၊ဒီလောက်ဆိုအသက်အန္တရယ်ရှိလောက်သည့်အဖြစ်မှလွတ်နိုင်သည်၊အရက်ကိုတဖြေးဖြေးလျှော့ရင်းပြတ်သွားရင်ကောင်းမည်၊လွယ်တော့မလွယ်၊ဒါကမခင်လေးလုပ်ယူလို့မရ၊သူကိုယ်တိုင်ကြိုးစားရမည်၊
တခုတော့ရှိသည်၊သူအင်မတန်ကြောက်သည့်ရောဂါကသူ့ဆီဘယ်အချိန်က၀င်ရောက်နေမှန်းသူမသိခဲ့၊ဒါကိုသူ
စိုးရိမ်နေတာပျောက်အောင်အရင်လုပ်ရမည်ထင်သည်၊အစားကလေးတစ်လုပ်နှင့်အသက်အသေမခံနိုင်ဟုခံယူထားသည့်ကိုရွှေမောင်၊ခုဟာကအစားကိစ္စမဟုတ်၊အသောက်ကိစ္စ၊
      အပြန်ကားပေါ်ရောက်တော့အတွေးကိုယ်စီနှင့်ြိငိမ်နေမိကြသည်၊

“ဒီနေ့သောက်ရင်ကောင်းမလား၊ရပ်လိုက်ရင်ကောင်းမလား”        
မခင်လေးတစ်ယောက်ကိုရွှေမောင့်မျက်နှာကိုတခါမှမမြင်ဘူးသည့်လူကိုကြည့်သလိုငေးကြည့်နေမိသည်၊
“ဖြေးဖြေးပေါ့ကိုရွှေမောင်ရယ်”
ကိုရွှေမောင်ကမခင်လေးကိုနားမလည်သလိုကြည့်နေသည်၊
“သွေးတိုးရောဂါဆိုတာတစ်သက်လုံးအစားအသောက်အနေအထိုင်ဆင်ခြင်နိုင်ပါမှဖြစ်မှာ၊ဒါတောင်အမြစ်ပြတ်
သွားတယ်လို့မရှိဘူးလေ”

“ဖြေးဖြေးပေါ့ကိုရွှေမောင်ရယ်”
မခင်လေးဒါကိုဘဲထပ်ပြောနေမိတော့သည်။


                                      

No comments:

Post a Comment