ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ
စပြီဆိုတဲ့ အခါ အမာစိန်ဆိုထားတဲ့ သီချင်းလေးကို တစ်ပိုင်းတစ်စ သတိရရင်း
ဘောလုံးပွဲတွေအကြောင်း ခေါင်းထဲ ရောက်လာလေသည်။ မိန်းကလေးနဲ့ ဘောလုံး
ဘာဆိုင်လို့တုန်း ပြောလာရင်တော့ ဆိုင်မဆိုင်မသိပေမယ့် ကိုယ့်အတွက်ကတော့
ဘောလုံးပွဲဆို ကြည့်ရတာ ဝါသနာကြီးယုံမက ဘောလုံးပွဲနှင့် ပတ်သက်ခဲ့ဖူးတာကို
သတိရမိလေသည်။
ရုပ်မြင်င်သံကြားဆိုတာ မပေါ်ခင်ကတော့ ရေဒီယိုက နားထောင်ရတာ အင်မတန်ဝါသနာကြီးလေသည်။ အရုပ်မမြင်ရပါပဲ နားထောင်ရတာနှင့်ပင် ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင် ပြောတတ်ကြ သဖြင့် ထိုစဉ်က အရုပ်မမြင်ရသည်လို့ပင် မထင်မိပေ၊ ဘောလုံးပွဲ ပြီးသွားလျှင်ပင် တကယ်ကြည့်လိုက်ရသလို ကျေနပ်သွားလေသည်။ ဘောလုံးပွဲ ဝါသနာက ထိုမျှနှင့်ရပ်မသွား။ ပိုလို့ပင် ကြီးလာအောင် အကြောင်းတွေက ဖြစ်လာလေသည်။
ကျမတို့ အိမ်ရှေ့ ကွက်လပ်မှာ ကျမရဲ့အကိုနဲ့မောင်လေးတွေ အပါအဝင် ရပ်ကွက်ထဲက ယောင်္ကျားလေးတွေ ဘောလုံးကို တောင်ကန် မြောက်ကန် ကန်ရာက အကိုကြီးတစ်ချို့က ဘောလုံးနဲ့ပတ်သက်တဲ့ နည်းပညာတွေကို သေသေချာချာ သင်ပေးလေသည်။ ပြည်နယ်တိုင်း ဘောလုံးပွဲရှိပါကလည်း ထိုစဉ်က အောင်ဆန်းကွင်းအထိ လိုက်ပြလေသည်။ ကလေးတွေ လက်ရည်တက် အဲ ခြေရည်တက်လာတဲ့အခါ နီးစပ်ရာ ရပ်ကွက်ကလူတွေနှင့် ချိန်းပြီးကန်ကြလေသည်။ ထိုမှ ရပ်ကွက်အလိုက် ဘောလုံးအသင်းတွေ ပေါ်လာရာ ရပ်ကွက်ဘောလုံးပြိုင်ပွဲကြီး နှစ်စဉ်ကျင်းပ ဖြစ်လေတော့သည်။
ဒိုင်းတွေဘာတွေ ပေးရာက ပြိုင်ပွဲက အကြိတ်အနယ် ဖြစ်လာလေတော့သည်။ ကျမတို့လမ်း အသင်းက ကစားသမားတွေက စနစ်တကျ ဘောလုံးနည်းပညာ တတ်မြောက်ထားလေရာ ကစားလျှင် ပရိတ်သတ်က အံ့ဩရလေသည်။
အသက်(၁၃)ဝန်းကျင် (၇)တန်း၊ (၈)တန်း ကျောင်းသားလေးတွေက တကယ့်ဘောလုံးသမားတွေလို ကစားကွက်နှင့် ကစားသည်ဖြစ်ရာ လူပေးပြေးကန် အသင်းတွေနှင့် ယှဉ်လိုက်သည့်အခါ ဆီနှင့်ရေပမာ ကွာခြားလေသည်။
ပထမဆုံးပြိုင်သည့်နှစ်မှ (၃) နှစ်ဆက်တိုက် ဒိုင်းရရှိခဲ့လေသည်။ တခြားအသင်းတွေကလည်း နောင်နှစ်တွေမှာ ဘောလုံးနည်းပြတွေဘာတွေ ငှားပြီး သင်ရာက အသင်းကောင်းတွေ ဖြစ်လာပြီး အပြိုင်အဆိုင် ကြည့်လို့ ကောင်းလာလေသည်။
အဲဒီတုန်းက ကိုယ်တွေလမ်းထဲက အသင်း ဘာဖြစ်လို့ အောင်မြင်ပါသလဲလို့ အခုနေ ပြန်စဉ်းစားကြည့်မိတော့ စည်းလုံးညီညွတ်လို့ဆိုတဲ့ အဖြေကို တွေ့ရလေသည်။
ကစားသမားတွေက တဖက်အသင်းက ကစားသမားတွေထက် နည်းပညာတတ်တာ၊ တော်တာက တပိုင်း၊ ရပ်ကွက်သူရပ်ကွက်သားတွေရဲ့ စည်းလုံးညီညွတ်စွာနဲ့ ပံ့ပိုး အားပေးတာက ပိုမည်ထင်သည်။
တခြားအသင်းတွေက နာမည်ပေးပီး ဝင်သာပြိုင်တာ အဝတ်အစားက ကြုံသလို ဝတ်ချင်တာ ဝတ်သည့်အချိန်တွင် ကျမတို့ လမ်းထဲက အသင်းက အားကစားဝတ်စုံကို ကိုယ်တိုင်ဒီဇိုင်းဆွဲ အရောင်သတ်မှတ်ပြီး ဆင်တူ ဝတ်စုံဖြင့် ကန်ကြလေသည်။
ကွင်းထဲကို နှစ်ဖက်အသင်းဝင်လာပြီဆိုမှဖြင့် ကိုယ့်အသင်းက ဟန်နဲ့ပန်နဲ့ ကြွားကြွားရားရား၊ ဟိုဘက်အသင်းက ကန်တောင်မကန်ရသေး မျက်နှာငယ်လေးနှင့် ကုပ်ကုပ်ကလေး ဖြစ်နေသည်။ ဒါကတော့ လမ်းထဲက မိသားစုတွေရဲ့ ပံ့ပိုးမှုကြောင့် ဖြစ်လေသည်။
ဝန်ထမ်းရပ်ကွက်မို့ မိဘတွေက ကိုယ့်ကလေးတွေ အတွက် မပေးနိုင်တာလဲ ရှိသည်။ မတတ်နိုင်သူက ရံပုံငွေ မထဲ့နိုင်က ထဲ့ရန်မလို၊ တတ်နိုင်သူက လိုတာ အကုန်စိုက်လေသည်။ ထိုစဉ်က ကျမတို့လမ်းထဲမှာ သာရေးနာရေး ၊ လမ်းခင်းတာကအစ အားလုံးကို ရှေ့ဆုံးက ပံ့ပိုးပြီး ရပ်ကွက်တိုးတက်အောင် လုပ်ပေးသူက အမျိုးသမီးကြီးတစ်ယောက် ဖြစ်လေသည်။

လူရွှင်တော် ဇာဂနာ(ခ) ကိုသူရရဲ့ တစ်ဝမ်းကွဲ အမပင်။ စာရေးဆရာမကြီး ကြည်ဦး၏
တူမ၊ ဒေါ်ကြည်ဦးရဲ့ အကိုကြီးက မွေးသည့် ထိုအန်တီကြီးသည် ရပ်ရေးရွာရေးဆို
အလွန်တက်ကြွလေသည်။ လူအားငွေအား အကုန်စိုက်သည်။ လမ်းထဲက အပျိုပေါက်၊
အပျိုကြီး၊ အပျိုဟိုင်းမကျန် ထိုအန်တီ ခေါင်းဆောင်တဲ့ နောက်က လိုက်ပြီး
ဘောလုံးပွဲကို အားပေးကြလေသည်။ နိုင်လာပါကလည်း ချက်ပြုတ်ကြွေးမွေးဖို့
ဝယ်ရချမ်းရလေသည်။
ကျမတို့ကတော့ (၁၀)နှစ်ကျော် ကလေးအရွယ်ဆိုတော့ အားပေးသည့် အဖွဲ့က ဖြစ်လေသည်။ အားပေးတယ်ဆိုတာက ဒီတိုင်း ဘောလုံးကွင်းထဲ သွားရတာမဟုတ်၊ ရေခဲရေတွေ၊ ရေခဲတုံးတွေကို ရေခဲဘူးနဲ့သယ်တာကို ဝိုင်းသယ်ရသည်။ လိမ္မော်သီး အခွဲနွာထားတာတွေ၊ သံပုရာသီးစိတ်တွေကို အိတ်တွေနှင့် သယ်ရသည်။ ဆေး၊ ပလာစတာ ဂွမ်း ပတ်တီးတွေ ကူသယ်ပေးရသည်။
ကွင်းထဲ ရောက်ရင်တော့ ထိုအထုပ်တွေချကာ သံကုန်ဟစ်၍ အားပေးလေတော့သည်။ အကြောင်းကတော့ ကျမတို့ အကိုအကြီးဆုံးလဲ ပါ၍ပင်၊ အတန်းထဲက သူငယ်ချင်းတွေလည်းပါသည်ပင်။

ဘောလုံးပြိုင်ပွဲ စသည့်ရာသီမှာ ကိုယ့် အသင်းပြိုင်သည့်နေ့ဆို
ကျောင်းချိန်နှင့်ကိုက်နေပါက ခွင့်ပင်ယူလိုက်သေးသည်။ နောက်ပိုင်းနှစ်တွေမှာ
ရပ်ကွက်ပွဲက နာမည်ကြီးလာပြီး ရပ်ကွက်လူကြီးတွေပါ မနေသာပဲ အားပေး
လာသည့်အခါ တကယ့်ပွဲကြီးပွဲကောင်း ဖြစ်လာပြီး ကျောင်းမှာ ခွင့်စာရေးပါက
နေမကောင်းပါသဖြင့်လို့ လိမ်တိုင်စရာ မလိုပဲ ဘောလုံးပွဲ ရှိပါသဖြင့်လို့
တိုင်လို့ရသည်အထိ ဖြစ်လာလေသည်။
မှတ်မှတ်ရရပွဲ တစ်ခုက အတန်းပိုင်ဆရာမရဲ့သား ပါတဲ့ အသင်းနဲ့ကျမတို့လမ်းထဲက အသင်း ပြိုင်သည့်ပွဲပင်။
ဆီမီးဖိုင်နယ်ဖြစ်ပြီး နိုင်သည့်အသင်းက ဗိုလ်လုပွဲ တက်ရမည်ဖြစ်ရာ ထိုပွဲကန်သည့်နေ့ပိတ်ရက်မို့ အေးအေးဆေးဆေး သွားပြီး အားပေးရလေသည်။
တကယ်တော့ ကန်သည့်ကွင်းက တကယ့်ဘောလုံးကွင်းမဟုတ်၊ ကိုယ့်ဘာသာ မြေညှိပြီး လုပ်ယူထားသည့် ကွင်းသာ၊ စန္ဒာဦး ကဇာတ်ရုံရဲ့ အရှေ့က မြေကွက်လပ်မှာ ကန်ရခြင်းဖြစ်လေသည်။ ယခု ထိုကဇာတ်ရုံကြီး မရှိတောပေ၊ ကမာကြည်အိမ်ယာဆိုလား ဖြစ်နေပြီး ဘယ်ကလူတွေ ပြောင်းလာသည်မသိ၊ သူဌေးတွေနေသည့် အိမ်ယာဖြစ်နေချေပြီ။
ကျမတို့ငယ်ငယ်ကတော့ ထိုကဇာတ်ရုံမှာ မိုးတွင်းဆိုပါက စန္ဒာဦး ဇာတ်အဖွဲ့ဇာတ်နားစဉ် အကတိုက်ချိန်သာ ဆိုင်းသံ ဗုံသာ ကြားရလေသည်။
ကျောင်းဆင်း၍ ဆိုင်းသံ ဗုံသံ ကြားပါက
" စန္ဒာဦးလာပြိဟေ့" ဆိုကာ
အိမ်နီးချင်းသူငယ်ချင်းတွေ လက်တို့ပြီး ထမင်းကပျာကယာ စားကာ သွားထိုင်ကြည့်သည်။
ဇာတ်အဖွဲံ့ ပြောတာဆိုတာတွေ ကလေးပီပီ ထိုင်ငေးရင်း ပက်လက်ကုလားထိုင် တစ်လုံးကို လူတစ်ယောက်လာမှ သူ့ကို ပေးထိုင်သည်။ သူလာလျှင် အားလုံးက ပျာပျာသလဲ ဖြင့် " ကိုကျော်စွာ"လို့ ခေါ်ကြတာ မှတ်မိသည်။
နောက်ပိုင်း အရွယ်ရောက်လို့ စာတွေဘာတွေ ဖတ်တော့မှ ထိုဦးလေးကြီးသည် စာရေးဆရာ ချစ်ဦးညို ဆိုတာ သိရလေသည်။ လူရွှင်တော်တွေကလည်း ဆိုနီ မိုးကျော်ဆိုတာ နောက်မှသိရလေသည်။
အဲဒီ ကဇာတ်ရုံအပိုင် သူ့ရှေ့က ကွက်လပ်ကလေးကို ဘောလုံးကွင်းအမှတ်ဖြင့် ကန်ကြခြင်းဖြစ်သည်။

ထုံးစံအတိုင်း နေရာယူကတည်းက ကိုယ့်ရပ်ကွက်ကလူက ကိုယ့်အခြမ်း
သတ်သတ်ခွဲပြီး နေရာယူကြသည်။ ပထမတော့ ထိုင်ပြီး အားပေးရာက
ပွဲရှိန်မြင့်လာသည့်အခါ အားလုံးမတတ်ရပ်ပြီး အော်ကြဟစ်ကြလေသည်။ ကျမတို့လည်း
လူကြီးတွေကြားတိုးတိုးဝှေ့ဝှေ့ အားပေးရသည်။ ရေပေးပါဆို လှမ်းပေးရသည်။
ဘယ်သူဖြင့် မောနေပြီ သံပုရာသီး သံပုရာသီး ဆို ပြေးပြီး ပေးရလေသည်။
ကိုယ့်အကိုတစ်ယောက်လုံး ပါနေသည့်အတွက် သူ့ကိုလည်း ကြည့်ရသေးသည်။ အမေက သူကိုယ်တိုင် ဘောလုံးပွဲလည်း ဝါသနာမပါ၊ အားပေးတာကိုလည်း ဝါသနာမပါယုံမက အပိုတွေဟု ရှုံချပေမယ့် သူ့သားကြီးကိုတော့ ဂရုစိုက်လို့ သေချာမှာလိုက်လေသည်။
ဘောလုံး သူ့ခြေထောက်ထဲ ရောက်သွားပါက အကိုရဲ့ နာမည်ကို သံကုန်ဟစ်ပီး အော်ပေးလိုက်သည်၊ တခြားသူတွေကလဲ လိုက်ပြီး အော်ကြလေသည်။
အဲဒီ ဆရာမရဲ့သားနဲ့ ကန်ရတဲ့ ပွဲမှာ ကျမတို့ အသင်းကတစ်ယောက်ကို ဆရာမသားက မသိမသာ လူချလေသည်။

ဒိုင်က
မမြင်တာလား မမြင်ချင်ယောင်ဆောင်တာလား မသိ၊ ဘာမှမပြော၊ ခရာမမှုတ်၊ ရပ်ကွက်က
ကလေး၊ ကျောင်းသား အသင်းတွေသာ ဆိုတာ ထိုပွဲတွေမှာပင် ဘောလုံးပွဲပီသစွာ
ခေါက်ဆွဲစားတာတို့ ဘာတို့ ရှိလေသည်။
အဲဒီ ကလေးဘဝကတည်းက လူကျွံဘော၊ လက်ပစ်ဘော၊ ပြစ်ဒဏ်ဘော တို့ သာမက ခေါက်ဆွဲစားတာပါ ကြားဖူးခဲ့လေသည်။

ထိုအခါ ကျမတို့ ခေါင်းဆောင် အန်တီကြီးက ဒိုင်ကို အပီအပြင်ဆဲလေတော့သည်။
" ကန်းနေသလား၊ ခေါက်ဆွဲစားသလား..............စသဖြင့်"
တဖက်အသင်းကတော့ ကျေနပ်စွာပဲ သူ့ဘာသာဖြစ်တာ ဘာညာ အော်ကြရာက ပရိတ်သတ်အချင်းချင်း စကားများလေတော့သည်။
ကစားသမားတွေက ကစားမပျက်၊ ဟိုဘက်က မိန်းမတစ်ယောက်အသံကလည်း
စွာကျယ်စွာကျယ်နှင့်ဟိန်းထွက်နေသည်။ ဒီဘက်ကလည်း အနိုင်ပိုင်းပြီး
အော်ကြပြောကြလေသည်။
" စွာလိုက်တာ"
ဆိုပြီး တစ်ဖက်အသင်းရဲ့ ပရိတ်သတ်ကို လှမ်းအကြည့်

" အမလေး"
ဆိုပြီး လန့်သွားကာ ကိုယ့်ကို မမြင်အောင် ခေါင်းပုပြီး ကွယ်နေလိုက်ရသည်။
တစ်ဆက်ထဲ လက်သီးလက်မောင်းတန်းပြီး အော်နေသည့် အန်တီ့ အနောက်က အသာလေး လက်တို့လိုက်ရာ လှည့်ကြည့်သည့်အခါမှာတော့

" အန်တီ မပြောတော့နဲ့ အဲဒါ သမီးတို့ အတန်းပိုင်ဆရာမ"
ဆိုတော့သူ ခဏ မှင်တက်သွားသည်၊
ထိုအန်တီရဲ့ သားအငယ်ဆုံးက ကျမနဲ့အတန်းတူ တစ်ခန်းထဲ၊ ယခု ကစားသည့်အထဲ သူက တိုက်စစ်မှုး၊ သူ့သားရဲ့ အတန်းပိုင်လည်း ဖြစ်သည်လို့ သဘောပေါက်သွားသည်။

ဒါပေမယ့် အားကစားနတ်က ဖမ်းစားလေသလား မသိ။
"
ဟေး ကျောင်းဆရာမဖြစ်ပြီး အမှန်ဘက်က လိုက်မပြောဘူး၊ ဘာဆရာမလည်း၊ ဒါလားဆရာမ
မိုက်လဲ မိုက်ရိုင်းသေး၊ ကိုယ့်သားသမီးကို မဆုံးမထားဘူးလား.............
" လို့ ဟစ်လိုက်ရာ
ကျမမှာ ချွေးပြန်ပြီး ကုပ်နေရလေသည်။ ဘောလုံးပွဲပြီးလို့ အိမ်ပြန်သည့်လမ်းမှာ တိတ်တိတ်သာ ပြန်လာတော့သည်။
ဘောလုံးပွဲဂယက်က တော်တော်နှင့်မပြီး၊ ဒုတိယအစမ်း စာမေးပွဲမှာ ထိုအန်တီရဲ့သားက မကျစဖုး စာမေးပွဲကျလေသည်။
အပတ်စဉ် အဆင့်(၁)မှ(၃) အတွင်းအမြဲရနေရာက ကျသည်ဆိုတော့ ဘောလုံးပွဲတုန်းက အမေကို မကျေနပ်၍ စာမေးပွဲချတာလို့ စွပ်စွဲပြီး အတန်းပြောင်းမယ်တွေ ဘာတွေ ဖြစ်လိုက်သေးသည်။
အားလုံးက နှစ်လဲ ကုန်တော့မှာပဲ ပြောင်းမနေပါနဲ့၊ ဆရာမဆိုတာ အဲလိုမျိုး စာမေးပွဲကျအောင် အသားလွတ်ချလို့ သူ့စိတ်သဘောတစ်ခုနဲ့ လုပ်လို့မရဘူးလို့ ဝိုင်းပြောမှ လက်ခံလေသည်။
နှစ်အနည်းငယ်ကြာလာတော့ ကစားတဲ့အထဲက ကျောင်းသားတစ်ချို့ (၁၀)တန်းတွေဘာတွေ
ရောက်လာတဲ့အတွက် မိဘတွေက ကျောင်းစာကို သီးစားပေးပြီး
မကစားခိုင်းတော့တဲ့အတွက် လူလျော့သွားတာရော၊ နည်းပြအဖြစ် အသင်းကို
ဦးဆောင်လမ်းပြတဲ့ အကိုကြီးက စစ်တက္ကသိုလ်တက်ခွင့်ရတဲ့အတွက် မေမြို့ကို
သွားရတော့မယ် ဆိုတာတွေ ဖြစ်လာတဲ့အခါ အသင်းကို ဖျက်လိုက်ရလေသည်။
နာမည်အကြီးဆုံး အသင်းမရှိတော့ သည့်အခါ ကျန်သည့် အသင်းတွေလည်း အလိုလို
နိဋ္ဌိတံသွားလေတော့သည်။အပတ်စဉ် အဆင့်(၁)မှ(၃) အတွင်းအမြဲရနေရာက ကျသည်ဆိုတော့ ဘောလုံးပွဲတုန်းက အမေကို မကျေနပ်၍ စာမေးပွဲချတာလို့ စွပ်စွဲပြီး အတန်းပြောင်းမယ်တွေ ဘာတွေ ဖြစ်လိုက်သေးသည်။
အားလုံးက နှစ်လဲ ကုန်တော့မှာပဲ ပြောင်းမနေပါနဲ့၊ ဆရာမဆိုတာ အဲလိုမျိုး စာမေးပွဲကျအောင် အသားလွတ်ချလို့ သူ့စိတ်သဘောတစ်ခုနဲ့ လုပ်လို့မရဘူးလို့ ဝိုင်းပြောမှ လက်ခံလေသည်။
ထိုအခါ ဘောပွဲကြည့်ချင်ပါက စက်ခန်းအပြင်က အနောင်စာတွေရှိတဲ့ အစီစဉ်အခန်းမှာ သွားကြည့်ရလေသည်။ တိုက်ရိုက်ထုတ်လွှင့်သည့်လိုင်းနှင့် ချိတ်ဆက်ပြီးပါက ဘောပွဲလွှင့်သည့်တစ်ချိန်လုံး ထိုင်နေရုံသာဆိုတော့ အနီးဆုံးဖြစ်သည့် အင်္ဂလိပ်ပိုင်း အစီအစဉ်ခန်းမှာ သွားကြည့်လေသည်။ အတူတွဲပြီး တာဝန်ကျသူက ဘောပွဲစိတ်မဝင်စားသူ ဖြစ်လျှင် ကျမကို အေးဆေးကြည့် ပွဲပြီးပါက သူပဲ လိုင်းချိန်းလိုက်မည် ဆို၍ စိတ်အေးလက်အေး သွားပြီး ကြည့်ဖြစ်လေသည်။
ကျမက မပေါ့မပါး ကိုယ်ဝန်ကြီးနှင့် ဖြစ်နေ၍ပင်။ ထိုစဉ်က အင်္ဂလိပ်ပိုင်း အစီအစဉ်မှ ကိုအောင်ထွန်းဦးဆိုသူက ကျမကို
လို့ ဆိုတတ်သည်။
နောင် စိုးမြတ်မင်းတို့၊ အောင်အောင်ဦးတိုကခေတ်ရောက်တော့ အဖော်တွေက ပိုတောင်များလာသေးသည်။ သူ့သမီးတွေက အင်္ဂလန်က ဂျရတ်ကိုပင် အလွတ်မပေးပဲ အားပေးလေသည်။

No comments:
Post a Comment