December 20, 2011

လှည်းတန်းတွင် ဗုံးပေါက်

လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။
 
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီး၏ ရုပ်အလောင်းကို ၁၂ နာရီ ၈ မိနစ်တွင် သန့်စင်ခန်းအတွင်းမှ သယ်ထုတ်နေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။(The Voice Weekly Facebook စာမျက်နှာမှ ရယူပါသည်။)

No comments:

Post a Comment