ငယ်ငယ်တုန်းကတော့ လူကြီးမြန်မြန်ဖြစ်ချင်စိတ်ကြော
င့်
မွေးနေ့ရောက်ဖို့ တစ်နှစ်ဆိုတာကို အကြာကြီးနေမှ ရောက်တယ်လို့ ထင်လေသည်။
လူကြီးဖြစ်ချင်တာက အဖွားတို့ အမေတို့နဲ့ အိမ်နီးချင်း လူကြီးတွေက
စကားပြောရင် လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းကလေ ဘယ်လိုက ဘာပေါ့ ၊ အဲဒါ
လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကပေါ့ စသဖြင့် ပြောကြတာကို ကြည့်ပြီး
ကိုယ်တိုင်ကလဲ လွန်ခဲ့တဲ့ (၁၀) နှစ် ငယ်ငယ်တုန်းကလေလို့ ပြောချင်လာ၍
ဖြစ်လေသည်။
ပစ္စုပန်တွေ ကြာပါစေ ပစ္စုပန်ရယ်နေပါအုန်း အဖွားကြီးအို ခါးကုန်းကုန်း
အသက်(၁၀)
နှစ်လောက်မှာ လူကြီးတွေ ဝိုင်းဖွဲ့ပြောတဲ့ စကားဝိုင်းမှာ နားထောင်ရင်း
လွန်ခဲ့တဲ့ (၁၀)နှစ် ကျမငယ်တုန်းကပေါ့လို့ ပြောလို့မရ၊ ဒီတော့
သူတို့ပြောတာနားထောင်ရင်း လူကြီးဖြစ်ချင်တာပင်။ (၁၀)နှစ်ပြီးတော့ (၁၁)နှစ်၊
ပြီးတော့ (၁၂)၊ (၁၃) (၁၄) စသဖြင့် တော်တော်ကြာလေသည်။ တစ်နှစ်တစ်နှစ်
စာမေးပွဲ သုံးကြိမ်စစ်တာ ဖြေရင်း ဖြတ်သန်းရလေသည်။
တကယ်တန်း
လူကြီးဖြစ်လာတဲ့အခါ တစ်နှစ်တစ်နှစ် ရှိတ်ခနဲ ရိတ်ခနဲ အချိန်တွေက
အကုန်မြန်လွန်းသည် ဟုထင်မြင်လာသည်။ အသက်(၄၀)ကျော်လာတဲ့အခါမှာ
ပိုပြီးတောင်မြန်လာတယ် ထင်ရလေသည်။ ၄၁ ၄၂ ၄၃ စသဖြင့် စာမျက်နှာတွေ
လှန်လိုက်သလို ဖျတ်ကနဲ ဖျတ်ကနဲ၊
ထိုဖျတ်ကနဲကို ကြာလာတော့ လန့်လာသည်။
" အမလေး နီးလာပဟ နီးလာပဟ"
မကြာမကြာ တွေးမိလေတော့သည်။
" ဟိုအရင်အချိန်တွေ တမ်းတမက်မော
ပြန်လိုချင်တယ် အခုလေ..... " ဆိုတဲ့ သီချင်းက ခံစားလို့သာကောင်းတာ၊ ကဲ
ဒါဖြင့် ဟိုအရင်အချိန်ကို ပြန်သွားမလားလို့ ဆိုလာရင်တော့
" အမလေး ကြောက်ပါတယ် တော်ပါ တန်ပါ" လို့ ပြောရမည်ပင်။
ဖြတ်သန်းခဲ့ရတဲ့ ဘဝအမော သောင်းခြောက်ထောင်ထဲက တစ်ခုလောက်နဲ့တင် ဒီအတိုင်းပဲ ကောင်းပါတယ်ပေါ့။
နံနက်မိုးမလင်းခင် အိပ်ယာကထ နံနက်စာနဲ့ မိသားစု(၅)ယောက်စာ
ထမင်းဘူးတွေ အတွက် ချက်ပြုတ်၊ ထမင်းဘူး(၅)ဘူးကို ထဲ့ရတာတောင်
အချိန်အတန်ကြာလေသည်။ ချက်ရင်းပြုတ်ရင်း ကလေးတွေနှိုး ရေချိုး အဝတ်လဲ၊
သနပ်ခါးလိမ်း (၈)နာရီ ဒေါင်ဆို ရောက်လာမယ့် ကျောင်းကားအမီ အသင့်လုပ်ထား၊
ဒါတောင် ကျောပိုးအိတ်ထဲ စာအုပ်တွေ လိုအပ်တာကို ညကတည်းက
အဆင်သင့်လုပ်ထားပေလို့သာ၊
တခါတလေ ကျောင်းကားလာကာနီးမှ ခဲတံချွန်ပေးပါအုန်းဆို ကမန်းကတန်း လုပ် ပါးစပ်ကလည်း အခုမှ ပြောရလား ပွစိပွစိပြော လက်ကလဲ ခဲဆံညှိ၊
တခါတလေ ကျောင်းကားလာကာနီးမှ ခဲတံချွန်ပေးပါအုန်းဆို ကမန်းကတန်း လုပ် ပါးစပ်ကလည်း အခုမှ ပြောရလား ပွစိပွစိပြော လက်ကလဲ ခဲဆံညှိ၊
တခါတလေ မီးဖိုထဲမှာချက်ရင်းပြုတ်ရင်းက ကားလာပြီဆို ကမန်းကတန်း လိုက်ပို့ ၊ ကလေးတွေကို ကားပေါ်တင်ပေးရင်း အိမ်နီးချင်းတွေက
" အမရေ လုံခြည်လေး ပြင်ဝတ်လိုက်ပါအုန်း"
ဆိုမှ ထမီက ဒူးခေါင်းရောက်နေမှန်းသိပြီး ရယ်ဖြဲဖြဲနဲ့ ပြန်ဝတ်ရတာ မကြာခဏ။
ဆိုမှ ထမီက ဒူးခေါင်းရောက်နေမှန်းသိပြီး ရယ်ဖြဲဖြဲနဲ့ ပြန်ဝတ်ရတာ မကြာခဏ။
ကလေး(၃)ယောက်စလုံး ကျောင်းကားနဲ့ပါသွားပြီဆို ပေါ့ပါးသွားလေတော့သည်။
ဒါပေမယ့် မပြီးသေး။ စားထားသောက်ထားတဲ့ ပန်းကန်တွေဆေး၊ ချက်ရင်းပြုတ်ရင်းက
စိမ်ထားတဲ့ အဝတ်တွေလျှော်၊ တခါတလေ လျှော်ပြီးသား အဝတ်တွေ အချိန်မမီလို့
မလှမ်းခဲ့နိုင်ပါက သမီးကြီးက ကျောင်းအပြန်တွေ့ရင် လှမ်းထားပေးတတ်သည်။
နာရီကြည့်လိုက်ပါက ၈နာရီခွဲ ၊ တံမျက်လှဲပြီး အချိန်ရရင် ကြမ်းတိုက်
ရေမိုးချိုး ပြီးသည့်အချိန် (၉)နာရီ၊ အလုပ်က ၉နာရီခွဲ အရောက်။ ကွက်တိ
ရုံးရောက် (ဒါတောင်ရုံးနဲ့အိမ်က ကားတိုးမစီးပဲ လမ်းလျှောက်သွားလို့ရလို့) ။
ရုံးချိန်က
၉နာရီခွဲပေမယ့် ရီကောဒင်းအချိန်က (၁၀)နာရီမှ စတာမို့ ရုံးရောက်မှပဲ
နားရလေတော့သည်။ အဲကွန်းခန်းထဲမှာ ရောက်တာနဲ့သတင်းစာဖတ်၊ တီဗွီဖွင့်
သတင်းနားထောင် ၊ ထိုအခါကျမှ တမနက်လုံး မထိုင်ရသေးတာ သတိရလေတော့သည်။
ကားတိုးစီးပြီး အဝေးကလာရသည့် အိမ်ထောင်ရှင်မတွေကလည်း ထိုင်ခုံမှာ
အားရပါးရထိုင်ပီးတာနှင့်
" အမလေး ရုံးရောက်မှပဲ နားရတော့တယ်"
ဆိုတတ်လေရာ ထိုစဉ်တုန်းကတော့ ကိုယ်တစ်ယောက်ထဲ မဟုတ်တဲ့အတွက် ဘယ်လိုမှမနေ၊ အခုနေဆိုရင်တော့ အသက်ကလဲ စကားပြောလာပြီ၊ ဒီလို အလုပ်ကို နန်းစတော့ မလုပ်နိုင်တော့ပေ၊ ပြန်စဉ်းစားတာနှင့်ပင် မောလှသည်။
ဆိုတတ်လေရာ ထိုစဉ်တုန်းကတော့ ကိုယ်တစ်ယောက်ထဲ မဟုတ်တဲ့အတွက် ဘယ်လိုမှမနေ၊ အခုနေဆိုရင်တော့ အသက်ကလဲ စကားပြောလာပြီ၊ ဒီလို အလုပ်ကို နန်းစတော့ မလုပ်နိုင်တော့ပေ၊ ပြန်စဉ်းစားတာနှင့်ပင် မောလှသည်။
ညနေရုံးဆင်းချိန်က
(၄)နာရီခွဲဆိုပေမယ့် ရီကောဒင်းက (၄)နာ၇ီအထိသာ သတ်မှတ်ထားရာ (၄)နာရီဒေါင်ကနဲ
ထိုးတာနှင့် အိမ်ပြန်ပြေးရလေသည်။ ဟင်းက မနက်စာညစာပေါင်းချက်ထားပေမယ့်
ထမင်းတစ်အိုးတည်ရမည်။ မနက်ကလျှော်ထားတဲ့ အဝတ်တွေ မီးပူတိုက်ရမည်။
နေ့တိုင်းမတိုက်ပါက လူ(၅)ယောက် ကျောင်းတက် ရုံးတက် နေ့စဉ်အဝတ်တွေက
တောင်လိုပုံသွားလိမ့်မည်။ ညစာ ထမင်းစားပြီး အိုးခွက်ပန်းကန်တွေဆေးကြော
နေတုန်း ကလေးတွေကို နာရီဝက်လောက် အိမ်ရှေ့ကွက်လပ်မှာ ဆော့ကစားဖို့
လွှတ်ထားရာက (၇)နာရိထိုးရင် အိမ်စာလုပ်၊ စာကြည့်ဖို့ ပြန်ခေါ်ရသည်။
အိမ်စာပါတာ လုပ်ခိုင်း၊ ကျက်စာပါတာ ကျက်ပြီး စာပြန်တာ နားထောင်ပြီးက
ည(၈)နာ၇ီ။ သတင်းခေါင်းစဉ် နားထောင်ပြီး အိပ်ယာဝင်၊ နံနက်(၄)နာရီထိုးပါက
ကြည့်မြင်တိုင်ဆိပ်ကမ်းက သင်္ဘေတစ်စီး ဥဩဆွဲသံ ပုံမှန်ကြားရလေသည်။
ကြည့်မြင်တိုင်ဆိပ်ကမ်းကို ငါးလာပို့တာလား၊ ငှက်ပျောဒိုင်ကို
ငှက်ပျောခိုင်တွေ လာပို့တဲ့ သင်္ဘောလား မသိ။ အချိန်အမြဲမှန်သည်။
ထိုဥဩသံကြားပါက ငေါက်ကနဲ အိပ်ယာကထ။
တခါတလေ တွေးမိလေသည်။
တခါတလေ တွေးမိလေသည်။
" ည(၈)နာရီက မနက်(၄)နာရီကြားမှာ ငါဘာမှ မသိပါလား၊ သေသွားရင်တောင် သိပါမလား" ပေါ့၊
တကယ်လဲ ငလျှင်လှုပ်လဲ မသိ၊ ဆူနာမီလဲမသိ၊ မှတ်မှတ်ရရ ဆူနာမီဖြစ်တဲ့ ရက်က
ပိတ်ရက်၊ အလုပ်နားရက်မို့ ထုံးစံအတိုင်း နံနက်(၇)နာ၇ီကျော်သည်အထိ
အိပ်ယာကမထ၊ အိမ်နီးချင်းတစ်ယောက်က တံခါးကို တဝုန်းဝုန်းပုတ်ကာ"
" ငလျှင်လှုပ်တယ် အောက်ဆင်းကြမယ် အပေါ်ထက်ကလူတွေ အကုန်အောက်ရောက်ပြီ"
" ငလျှင်လှုပ်တယ် အောက်ဆင်းကြမယ် အပေါ်ထက်ကလူတွေ အကုန်အောက်ရောက်ပြီ"
နှိုးမှ သိလေသည်။
အင်ဒိုနီးရှားနှင့် ထိုင်းက ဖူးခက်တို့က သတင်းတွေ ကြည့်ရင်း အပျက်အဆီးတွေတွေ့မှ အတော်ပြင်းပါလားသိရလေသည်။
ကိုင်း အတိတ်ကို ပြန်မသွားချင်ရင် အနာဂတ်ကိုရော ဆိုပါက အနာဂတ်ကတော့ ပြောခဲ့သလို နီးဖို့ရာပဲ ရှိတော့သည်။
ကျန်တာကတော့ မနက်ဖန် ဘာချက်ရပါ့၊ ကလေးတွေက
ကျန်တာကတော့ မနက်ဖန် ဘာချက်ရပါ့၊ ကလေးတွေက
" အမေ ရှမ်းခေါက်ဆွဲ မစားရတာကြာပြီ ချက်ပါလား"
ဆိုလာရင်
ဆိုလာရင်
"မနက်ဖန် ချက်စားကြတာပေါ့"
ဒါမျိုးတွေသာ များလာသည်။
ဒါမျိုးတွေသာ များလာသည်။
တစ်ချိန်တုန်းက အနာဂတ်ကို အတော်တွေးပူ ဖူးလေသည်။ ကလေးတွေ စာတတ်ပါ့မလား၊ ကျောင်းပြီးပါ့မလား၊ စာဖတ်ပါ့မလား၊
အခုတော့ လျှမ်းလျှမ်းတောက်
မဟုတ်ပေမယ့် လမ်းကြောင်းတစ်ခုပေါ်တော့ လျှောက်နေကြပြီ။ သူတို့
မယိမ်းမယိုင်ပဲ တည့်တည့်လေးလျှောက်ရုံနှင့် အထိုက်အလျှောက်
အဆင်ပြေလိမ့်မည်။
ကိုယ့်အတွက်ကတော့ အနာဂတ်က တစ်လမ်းပဲ ရှိသည်။ ထိုအနာဂတ်ကို လူတိုင်းရောက်မှာပင်။ ဒါပေမယ့် တတ်နိုင်သလောက် ဖြည်းဖြည်းပေါ့။
ဒါဆို ဘုရားဟောအတိုင်း ပစ္စုပန်တည့်တည့်သာ ကြည့်၊ တည့်တည့်မှတ်၊ မှတ်ပါသည်။
သို့သော် စိတ်က အတိတ် အနာဂတ်ဆီကို ဝဲလည်လှဲ့နေသည်။
အနည်းဆုံး ကိုယ်အသက်ရှုနေတာလေးကိုမှတ် မှတ်ပါသည်။ ဝင်လေ ထွက်လေကို မှတ်၊ မှတ်ပါသည်။ ကိုယ့်အတွက်က ဒါပဲရှိသည်။
မနက်တိုင်း
အိပ်ယာကထသည်နှင့် နာရီဝက် မှတ်လေသည်။ ဒီကုသိုလ်လုပ်ခွင့် ရလာတာတော့
ကိုယ့်ဘဝမှာ ကျေနပ်လေသည်။ ဟိုယခင်တုန်းကလို မျက်စိနှစ်လုံး ပွင့်တာနှင့်
လုပ်ဟ လုပ်ဟ လို့ တွန်းအားပေးနေတဲ့ အရာတွေ မရှိတော့ပေ။
ဖြစ်နေတာက
ကိုယ်ကိုယ်တိုင်ပင်။ ဝင်လေ ထွက်လေ မှတ် ၊ ဝင်လာတဲ့လေက အေး၊ ထွက်တဲ့လေက
နွေး ဒါလဲသိ၊ မှတ်ရာက ဟော ရေချိုးခန်းမှာ ရေသံကြားတယ်၊
ဘယ်သူနိုးပြီလဲမသိဘူး၊ ဘာလို့ အစောကြီးထလာတာလဲ၊ ညကတော့ ဘာမှမပြောထားပါလား၊
သွားစရာရှိတယ် ထင်တယ်။ မနက်စာ ဘာမှ လုပ်မထားရသေးဘူး၊ နေပစေလေ သူ့ဘာသာ
ခေါက်ဆွဲပြုတ်ပြီး စားသွားလိမ့်မယ်။ အဲ ငါမှတ်တာ အာရုံပျက်သွားပြီ။
မထူးပါဘူး ရပ်လိုက်တော့မယ်။ ဒါမျိုးက မကြာခဏ။
မဖြစ်ချေဘူး၊ ကိုယ့်အတွက်ပဲ လုပ်တော့မယ်၊ ပြန်တွေးကြည့်ရင် အတိတ်မှာ မောခဲ့တယ်၊ အနာဂတ်ကလဲ နီးလာပြီ။
" အမလေး ပစ္စုပန်ပဲ ကောင်းပါတယ်" ပစ္စုပန်တွေ ကြာပါစေ ပစ္စုပန်ရယ်နေပါအုန်း အဖွားကြီးအို ခါးကုန်းကုန်း