December 27, 2011
December 25, 2011
The Voice Weekly 26-December 2011
The Voice Weekly Vol.8./ No.2 PDF Download
http://www.box.com/s/uhtp30slln1rgaqhj6xl
» http://db.tt/f6YJWRzi
December 22, 2011
7Daynews Journal အတွဲ၁၀၊ အမှတ်(၄၀) ဒီဇင်ဘာ ၂၂၊ ၂၀၁၁
http://goo.gl/Lnj43 (10.1 MB)
December 21, 2011
နောက်ပြန်ကြည့်ရင်း၊ ရှေ့မျှော်ကြည့်ရင်း( ဒေါ်အောင်ဆန်းစုကြည် ) ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်၇၁ ဆောင်းပါးမှ ကောက်နှုတ်ချက်
မနေ့ကဆိုတာ
အိပ်မက်မျှသာ၊မနက်ဖန်ဆိုတာ
စိတ်ထဲက ပုံရပ်အလား။
ဒါပေမယ့် ဒီနေ့ကိုသာ
ကောင်းကောင်းနေသွား။
မနေကအတိုင်း
ကြည်နူးစရာ
အိပ်မက်ဖြစ်သလို၊
မနက်ဖန်တိုင်း
မျှော်လင့်ချက်ပြည့်တဲ့
ပုံရိပ်ဖြစ်မယ်၊
ဒီနေ့ကိုသာ
ကောင်းကောင်း
ကြည့်နေသွား။
JOKE OF THE WEEK---------The Voice Weekly ဂျာနယ်မှ
မြေး။ ။ အဘိုး..... ဆင်းရဲနွမ်းပါးမှုဆိုတာ ဘာလဲဟင်။
အဘိုး။ ။ ဟိုဟာဆိုလည်းမရှိ၊ ဒီဟာဆိုလည်းမရှိတာကို ပြောတာ မြေးရဲ့။
မြေး။ ။ ပပျောက်ရေးဆိုတာကရော။
အဘိုး။ ။ အဲဒါတော့ အဘိုးလည်း မကြုံဘူးလို့ မသိဘူးကွဲ့။
********** *******
"ဆရာဝန်ခေတ်မဟုတ်တော့ဘူးကွ၊ ရှေ့နေခေတ်ဖြစ်နေပြီ"။
" ဘာဖြစ်လို့လဲ"
" ဆရာဝန်တွေ ကိုယ်ပိုင်ရှေ့နေလိုက်ငှားနေရလို့လေ"

December 20, 2011
လှည်းတန်းတွင် ဗုံးပေါက်
လှည်းတန်းလမ်းဆုံ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက်တည် ရှိသော အများသုံး အိမ်သာတစ်ခုအတွင်း ယနေ့နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွင် လူတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ သေဆုံးသူမှာ အမျိုးသမီး ဖြစ်ပြီး ဒဏ်ရာ အပြင်းအထန် ရရှိသူမှာ အမျိုးသားဖြစ်သည်။
ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားသော အမျိုးသမီး၏ ရုပ်အလောင်းကို ၁၂ နာရီ ၈ မိနစ်တွင် သန့်စင်ခန်းအတွင်းမှ သယ်ထုတ်နေပြီ ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။(The Voice Weekly Facebook စာမျက်နှာမှ ရယူပါသည်။)
ဗိုလ်အောင်ကျော်နေ့ ပထမ အကြိမ် ကျင်းပ
၇၃ နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ကို နှစ်များစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ- ၂၀၀၇) ကဦးဆောင်၍ရန်ကုန်မြို့ သမိုင်းဘူတာရုံလမ်း၊ သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ယနေ့ နံနက်က စည်ကားစွာ ကျင်းပသည်။
အခမ်းအနားသို့ ၁၉၆၂၊ ၇၄၊ ၇၅၊ ၈၈၊ ၉၆ ခုနှစ်များက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ အပါအ၀င် စာပေနယ်၊ လူမှုရေးနယ်ပယ်များက တက်ရောက်လာကြကြောင်း သိရသည်။
အခမ်းအနားသို့ ၁၉၆၂၊ ၇၄၊ ၇၅၊ ၈၈၊ ၉၆ ခုနှစ်များက ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဟောင်းများ၊ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်များ အပါအ၀င် စာပေနယ်၊ လူမှုရေးနယ်ပယ်များက တက်ရောက်လာကြကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း မြန်မာပြည်သွားရောက်ခဲ့
ပြည်ပရောက် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် အပါအ၀င် မြန်မာ အာဏာပိုင်တွေနဲ့ တွေဆုံခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကို အတည်ပြု ပြောဆိုလိုက်ပါတယ်။
မန်မာပြည်မှာ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့တွေဆုံခဲ့သလို ယခင်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နဲ့လည်း တွေ့ဆုံခဲ့ကြောင်း၊ ဒါ့အပြင် ၀န်ကြီးချုပ် ယင်လတ် အနေနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံနိုင်ဖို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း ပြောဆိုပါတယ်။

December 19, 2011
7Daynews Journal
7daynewsjournal.googlecode.com
December 18, 2011
ရယ်ရလေအသက်ရှည်လေ--------( ဂျလုံး) မော်ဒန်ဂျာနယ်မှ
အရွယ်
"ယောက်ျားတစ်ယောက်ကို ဘယ်အရွယ်မှာ ပြုပြင်ပြောင်းလဲ ပေးနိုင်သလဲ"
' ကလေးပေါက်စအရွယ်'
ဖြေဆေး
ခင်ပွန်း။ ။ အလုပ်သွားတိုင်း ကိုယ့်ဓါတ်ပုံကို မင်းအိတ်ထဲထည့်ထည့်ပြီး ဘာ့ကြောင့်ယူသွားရတာလဲ။
ဇနီး။ ။ပြဿနာတစ်ခုတွေ့လို့ ဘယ်လိုဖြေရှင်းရပါ့မလဲ သောကဖြစ်တဲ့အခါ ရှင့်ဓါတ်ပုံကို ထုတ်ကြည့်တယ်။
အဲသည်အခါ ပြဿနာကို ဖြေရှင်းနိုင်တာချည်းပဲ။
ခင်ပွန်း။ ။ကဲတွေ့ပြီမဟုတ်လား၊ ကိုယ်ဟာမင်းအတွက် အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းသတ္တိတွေ ပေးနိုင်တယ်ဆိုတာ။
ဇနီး။ ။ဟုတ်ပါ့ရှင်၊ ဟုတ်ပါ့ ၊ ဓါတ်ပုံက်ုကြည့်ပြီး ကျမကိုယ်ကျမ ပြောမိတာကတော့ ငါ့ဘဝမှာ သည်ဟာထက်ကြီးတဲ့ ပြဿနာ မရှိနိုင်ပါဘူးလို့လေ။

နောက်ဆုံးအိပ်မက်-------ခိုင်ထူး
ကင်ဂျုံအီ ကွယ်လွန်
မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော် ပြင်ပသို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ စစ်ဆေးရေးခရီး သွားရောက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ တွင် ရထားပေါ်၌ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း မြောက်ရီးယား အစိုးရ သတင်းဌာန KCNA က ထုတ်ပြန်ကြေညာ သွားသည်။ မြောက်ကိုရီးယား ခေါင်းဆောင် သေဆုံးသွားခြင်းကြောင့် နိုင်ငံတွင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ဒီဇင်ဘာ ၁၇ မှ ၂၉ နေ ထိ သတ်မှတ်ရန် မြောက်ကိုရီးယား နိုင်ငံက ကြေညာ သွားသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၀၈ ခုနစ်မှ စတင်၍ လေဖြတ်သွားသည်ဟု ယုံကြည်ရလျက် ရှိပြီး အဆိုပါ အချိန်မှစ၍ ကွန်မြူနစ် ခေါင်းဆောင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လျက် ရှိသည်။ သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအီ၏ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သော ခရီးစဉ်များတွင် ကင်ဂျုံအီ၏ ကျန်းမာ၍ တတ်တတ်ကြွကြွရှိသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်လွင့်ပေးသွား သေးသည်။
မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့တော် ပြင်ပသို့ ခေါင်းဆောင်ကြီး ကင်ဂျုံအီ စစ်ဆေးရေးခရီး သွားရောက်စဉ် ဒီဇင်ဘာ ၁၇ ရက်နေ တွင် ရထားပေါ်၌ နှလုံးရောဂါဖြင့် ရုတ်တရက် သေဆုံးသွားကြောင်း မြောက်ရီးယား အစိုးရ သတင်းဌာန KCNA က ထုတ်ပြန်ကြေညာ သွားသည်။ မြောက်ကိုရီးယား ခေါင်းဆောင် သေဆုံးသွားခြင်းကြောင့် နိုင်ငံတွင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ကို ဒီဇင်ဘာ ၁၇ မှ ၂၉ နေ ထိ သတ်မှတ်ရန် မြောက်ကိုရီးယား နိုင်ငံက ကြေညာ သွားသည်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၀၈ ခုနစ်မှ စတင်၍ လေဖြတ်သွားသည်ဟု ယုံကြည်ရလျက် ရှိပြီး အဆိုပါ အချိန်မှစ၍ ကွန်မြူနစ် ခေါင်းဆောင်၏ ကျန်းမာရေးနှင့် ပတ်သတ်၍ စိုးရိမ်ပူပန်မှုများ ပေါ်ပေါက်လျက် ရှိသည်။ သို့သော်လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျူံအီ၏ ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ မကြာသေးမီက သွားရောက်ခဲ့သော ခရီးစဉ်များတွင် ကင်ဂျုံအီ၏ ကျန်းမာ၍ တတ်တတ်ကြွကြွရှိသော ဓာတ်ပုံများကို မြောက်ကိုရီးယား အစိုးရ သတင်းဌာနက ထုတ်လွင့်ပေးသွား သေးသည်။ ( The Voice Weekly Facebook မှရယူပါသည်)
ဗကသရဲ့ ဗိုလ်အောင်ကျော်နေ့ အစီအစဉ်
Subscribe to:
Posts (Atom)