December 18, 2011

Feeling45


v  ကျမကိုငယ်စဉ်ကတည်းကစိတ်ကူးယဉ်တတ်သူ၊ခံစားလွယ်သူလို့သတ်မှတ်ကြပါတယ်။အခုအသက်ကလေးရလာပြန်တော့သမီးတွေအားလုံးကတညီတညွတ်ထဲဒီတိုင်းပြောကြပြန်ပါတယ်၊ဘယ်လိုဘဲပြောပြောဒီလိုလူမျိုးတွေဟာကြမ်းတမ်းခက်ထန်သူတွေမဟုတ်တဲ့အတွက်ကျေနပ်ပါတယ်။စိတ်ကူးယဉ်တယ်ဆိုတာကလဲကျမဘာဘဲလုပ်လုပ်စိတ်ကူးနဲ့ဖြစ်နိုင်မဖြစ်နိုင်ချိန်ဆပီးမှလက်တွေ့အကောင်အထည်ဖော်လုပ်တတ်တာမို့စိတ်ကူးယဉ်ကြောမြောနေတာမျိုးမဟုတ်ပါ၊
v  ကျမမေမေကသူ့သားသမီးတွေများလွန်းလို့မမှတ်နိုင်မှာစိုးတယ်ထင်ပါတယ်၊ကျမတို့ကိုစာဖတ်တတ်ကတည်းကိုယ့်မွေးသက္ကရာဇ်တခါတည်းအလွတ်မှတ်ဆိုပီးပြောထားပါတယ်၊ထူးခြားတာကကျမရဲ့မွေးနေ့တင်မဟုတ်မောင်နှမတတွေရဲ့မွေးနေ့ကိုပါအားလုံးမှတ်မိနေတာခုချိန်ထိပါဘဲ၊သူတို့မွေးနေ့ရောက်တိုင်းသူတို့မေ့နေပေမယ့်ကျမကအမြဲသတိပေးတတ်ပါတယ်၊နောက်ပိုင်းကျတော့လဲကိုယ့်အချစ်ဆုံးသူငယ်ချင်း၊မိတ်ဆွေ၊ချစ်သူခင်သူတွေရဲ့မွေးနေ့တွေကိုမှတ်မိနေတတ်ပါတယ်၊ကျမကတော့ကိုယ့်မွေးနေ့သိကတည်းကမွေးနေ့ရောက်တိုင်းသူငယ်ချင်းတွေကိုမုန့်ဝယ်ကျွေးပါတယ်။နောက်ပိုင်းကျတော့သူငယ်ချင်းတွေနဲ့ဘုရားသွား၊ရုပ်ရှင်ကြည့်၊မုန့်စားနဲ့မွေးနေ့ကိုဖြတ်သန်းခဲ့ပါတယ်၊ပျော်စရာပါ၊
v  ကိုယ်ပိုင်မိသားစုဘ၀ရောက်ပြန်တော့မွေးနေ့မှာအမှတ်တရမိသားစုစားချင်တာလုပ်စားကြပါတယ်၊ပြီးတော့အလုပ်ဌာနမှာလဲတခုခုချက်ပြုတ်ပီးဝိုင်းဖွဲ့စားသောက်ကြ ဆုတောင်းပေးကြနဲ့ပျော်ရွှင်စရာကောင်းလှပါတယ်။
v  ဒါပေမယ့်သုမောင်ရဲ့စာတစ်ပုဒ်ကိုဖတ်လိုက်မိတဲ့အချိန်ကစပီးကျမရဲ့မွေးနေ့ဖြတ်သန်းမှုပုံစံဟာလုံးဝပြောင်းလဲခဲ့ရပါတော့တယ်၊သူဟာသူ့ရဲ့မွေးနေ့ရောက်တိုင်းမွေးသမိခင်ကျေးဇူးရှင်ကိုအလေးအနက်ထားပီးကန်တော့ပါတယ်တဲ့၊အမေမွေးခဲ့လို့ဒီနေ့အသက်ဘယ်နှစ်နှစ်ပြည့်ပါဘီဆိုပီးကန်တော့တာပါတဲ့။ခါတိုင်းသီတင်းကျွတ်ကန်တော့သလို၊ခရီးထွက်ခါနီးကန်တော့တာမျိုးမဟုတ်ဘဲခံစားရတဲ့ပီတိကမတူပါဘူးတြဲ့အဲဒီနောက်ပိုင်းတော့ကျမလဲမွေးနေ့ရောက်တိုင်းကျမအမေကိုနှစ်စဉ်မပျက်မကွက်ကန်တော့ပါတယ်။ဘာကြောင့်ကန်တော့တယ်ဆိုတာကတော့စပီးကန်တော့တဲ့နှစ်ကပြောပြပီးနောက်မပြောရတောပါဘူး။ကျမနေမကောင်းဖြစ်လို့မထနိုင်တာတောင်အမေကသူကိုယ်တိုင်အိမ်ရောက်လာပီးဒီနေ့သမီးမွေးနေ့မို့သမီးမေမေ့ကိုကန်တော့ချင်နေမှာသိလို့လာခဲ့တာဘဲဆိုပီးရောက်လာတတ်ပါတယ်၊
v  ဒီနှစ်မှာတော့ကျမဟာအမိမြေနဲ့ဝေးတဲ့တနေရာမှာရောက်နေရပါဘီ၊မေမေ့ကိုကန်တော့ချင်ပေမယ့်အဝေးကနေစိတ်ထဲကနေဘဲရည်မှန်းရပါတော့တယ်၊မိတ်ဆွေအပေါင်းအသင်းတွေနဲ့လဲဝေးခဲ့ရဘီမို့ ဆုတောင်းသံဆုပေးသံတွေနဲ့ဝေးရပါဘီ။မွေးနေ့နီးလာလေစိတ်ကိုလျှော့ထားပီးအရာအားလုံးကိုကံကိုသာလွှဲထားလိုက်ပါတော့တယ်၊ဒါတွေဟာကိုယ့်ရဲ့ကံအကြောင်းတရားတွေပေဘဲလို့စိတ်ကိုထားနိုင်အောင်နေလိုက်ပါတယ်၊
v  မွေးနေ့မတိုင်ခင်တစ်ရက် ဇွန်လ(၂၆)ရက်မှာ f.b ၀င်လိုက်တဲ့အခါမှာ ကျမပီတိဖြစ်လွန်းလို့မျက်ရည်ကျမတတ်ဖြစ်ခဲ့ရပါတယ်၊ကျမလေးစားရတဲ့၊ကျမမေမေနဲ့သက်တူရွယ်တူဖြစ်တဲ့ဆရာမောင်ဝံသရဲ့မွေးနေ့ဆုတောင်းလေးကိုဖတ်လိုက်ရလို့ပါဘဲ။
v  Happy birthday and so many returns : ချစ်သူများနဲ့ကွေကွင်းရခြင်းဆင်းရဲ၊မချစ်မနှစ်သက်သူများနှင့်ပေါင်းဖော်ရခြင်းဆင်းရဲတို့မှလွတ်ကင်းပါစေသတည်း။တဲ့
v  ကျမရဲ့ ၄၅နှစ်မြောက်မွေးနေ့ဟာအလုံးစုံပြည့်စုံသွားတယ်လို့ခံစားလိုက်မိပါတယ်။
v   
v  (ဆရာမောင်ဝံသရဲ့စာအုပ်တွေဖတ်တော့ ဟိုအရင်ကာလတွေကစာရေးသူရဲ့အထ္ထုပတ္တိကိုစာအုပ်ရဲ့နောက်ကျောဖုံးမှာရေးတတ်ပါတယ်၊အဲဒီမှာကတည်းကဒီစာရေးဆရာကမေမေနဲ့မွေးတဲ့နှစ်အတူတူဘဲဆိုပီးမှတ်မိနေခဲ့တာပါ)
v  အဲဒီနောက်မှာတော့ဖဘ ကသူငယ်ချင်းတွေရဲ့ ဆုတောင်းပို့သတာတွေတဖွဲဖွဲရောက်လာပါတော့တယ်၊ကျမကအပြင်မှာသူငယ်ချင်းအပေါင်းအသင်းထားရင်လူအင်မတန်ရွေးပါတယ်၊ကိုယ့်စိတ်ထဲနှစ်နှစ်ကာကာမရှိရင်၊မခင်ရင်အပေါင်းအသင်းမလုပ်ပါဘူး၊ဟန်ဆောင်ပီးလဲမပေါင်းတတ်တဲ့အတွက်အင်မတန်ရင်းနှီးမှသူငယ်ချင်းဖြစ်ပါတယ်၊ဒီအကျင့်ကဖဘ ထဲထိပါလာပီးဖဘမှာလဲသူငယ်ချင်းနဲပါတယ်၊ခုလိုအနည်းငယ်သောမိတ်ဆွေသူငယ်ချင်းများမှပို့သသောဆုမွန်များကြောင့် ပျော်ရွှင်ခဲ့ရပါဘီ၊

No comments:

Post a Comment