ထိုင်းနိုင်ငံက စားသောက်ဆိုင် တစ်ဆိုင်မှာ အမှတ်တရ သိမ်းဆည်းထားတဲ့" မြန်မာပြည်တွင်လုပ်သည်" MADE IN BURMA စာတန်းပါ ကလေးစီး စက်ဘီးလေးကို ဖေ့စ်ဘွတ်စာမျက်နှာမှာ တွေ့လိုက်ရလေသည်။ အဆိုပါ ဓါတ်ပုံလေးသည် မြန်မာပြည်ရဲ့ အတိတ်အခြေအနေနှင့် ယနေ့ခေတ် အခြေအနေကို ယှဉ်ထိုးပြလိုက် သလိုပဲဟု စာရေးသူ ခံစားလိုက်ရသည်။
တစ်ချိန်က အရှေ့တောင်အာရှမှာ ထိပ်ဆုံးက
ရှိနေခဲ့သည့် မြန်မာနိုင်ငံကို လည်ပြန်ကြည့်မိသည်။ ထိုတိုးတက်နေသည့်
အချိန်ကို ကိုယ်တိုင်မမီခဲ့ပေမယ့် လူကြီးသူမတွေ ပြောစကားအရ သိခဲ့ ရသည်၊
စာတွေထဲ ဖတ်ရသည်။ စင်္ကပူ ဝန်ကြီးချုပ် လီကွမ်းယုက စင်္ကာပူနိုင်ငံကို
တိုးတက်အောင် အားယူနေသည့် အချိန်တွင် မြန်မာပြည်ကို လာရောက်လည်ပတ်၍
စင်္ကာပူကို ရန်ကုန်လို ဖြစ်အောင် လုပ်ရမည်ဟု ကြွေးကြော်ရင်း
စင်္ကာပူနိုင်ငံကို တိုးတက်သည့် အခြေအနေရောက်အောင် လုပ်နိုင်ခဲ့သည်။ ထိုစဉ်က
အများအားကျ စံနမူနာယူခဲ့ရသည့် မြန်မာသည် အဖက်ဖက်က ချွတ်ခြုံကျနေလေသည်။
တခြားမကြည့်ပါနှင့် စာရေးသူတို့ သိမီလိုက်သည့် အချိန်မှာပင် စာရေးသူတို့ထက်
ဖွံ့ဖြိုးမှု နိမ့်ကျနေသည့် နိုင်ငံ အချို့ပင် မြန်မာကို ကျော်တက်နေကြပြီ။
လွန်ခဲ့သည့် (၄)နှစ်ခန့်က လာအိုနိုင်ငံမြို့တော် ဗီယန်ကျင်းကို
ခေတ္တသွားရောက်ဖူးသည်။ လာအိုနိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။
သယံဇာတ ထွက်ရှိမှု နည်းပါးသည်။ ဆားကိုပင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ
ဝယ်ယူရသည်။ ငွေကြေးဖောင်းပွမှုလဲ များသည်။ ထိုင်းတစ်ဘတ်ကို လာအို kip ၁၈၀
ဖြစ်သည်။ ယနေ့မှာ ထိုင်းတစ်ဘတ်ကို လာအို kip ၂၅၀ ကျော်လောက် ရှိသည်။
တစ်ချိန်က မြန်မာပြည်က ထုတ်လုပ်သည့် ထုတ်ကုန်သည် ပြည်ပတိုင် ရောက်ရှိခဲ့ပြီး ယနေ့ခေတ်မှာတော့ ထိုနိုင်ငံတွေကနေ ကိုယ့်ပြည်တွင်းက ပြန်လည် ဝယ်ယူနေရပြီ။ စတိုးဆိုင်များ၊ ကလေးကစားစရာ ဆိုင်များမှာ ထိုင်းနိုင်ငံက ထုတ်သည့် စက်ဘီးများ အသွေးအရောင်စုံစွာ ရောင်းချနေလေသည်။ နိုင်ငံ ဘာ့ကြောင့် ဆင်းရဲသလဲ၊ ချွတ်ခြုံကြရသလဲ၊ နည်းပညာက အစောကတည်းက ရှိပြီးသားပင်၊ ပိုကောင်းလာအောင် လုပ်နိုင်ဖို့သာ ရှိရာက နည်းပညာပါ ပျောက်ကွယ်သွားအောင် ဘယ်လိုများ စွမ်းဆောင် အုပ်ချုပ်ခဲ့ကြပါလိမ့်။
စာရေးသူ ထိုင်းနိုင်ငံကို ပထမဆုံး အလည်အပတ်ရောက်သည့် ၂၀၀၉ခုနှစ်က အိမ်နီးချင်း ထိုင်းအမျိုးသမီး တစ်ယောက်နှင့် စကားပြောဖြစ်တာ သတိရမိလေသည်။ ထိုအမျိုးသမီးက စာရေးသူနှင့် ရွယ်တူခန့် ရှိမည်.။ ငယ်ရင် နဲနဲငယ်နိုင်ပေမယ့် ပိုတော့ မကြီးနိုင်လို့ ခန့်မှန်းရသည်။ သူက စာရေးသူ အပြင်ထွက်သည်နှင့် ပြုံးပြ နှုတ်ဆက်တတ်သည်။ ထိုင်းလို စကားတွေ ပြောသည်။ စာရေးသူက "ဆဝါဒီခါ့" မြန်မာလို မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်စကားလောက်သာ သိတာမို့ ဘာမှ ပြန်မပြောပဲ ပြုံးပဲ ပြလိုက်သည်။ ထိုင်းတွေက မြန်မာဆိုရင် အထင်သေးတယ်။ မြန်မာအလုပ်သမားတွေကို မတရား နှိပ်စက်တယ်၊ ထိုင်းတွေက သိပ်ရိုင်းတာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေ အသိတွေ ကြားက ခပ်လန့်လန့် စိတ်ကြောင့်ပါပဲ။ သူ့ကလေးလေးတွေက စာရေးသူကို တွေ့ရင် လက်အုပ်လေးချီလို့ " ဆဝါဒီခါ့" လို့ နှုတ်ဆက်ရင် အံဩ သဘောကျရသည်။ အဲဒီကလေးတွေ သောကြာနေ့ရောက်လို့ ကျောင်းသွားရင် ရိုးရာထမီနဲ့ အကျ င်္ီ ဝတ်သွားတာ တွေ့တိုင်း ယဉ်ကျေးမှုကို ကျောင်းသား ဘဝမှာ ထိန်းပေးထားတယ် ဆိုတာ သတိပြုမိရလေသည်။ ယောင်္ကျားလေးဆိုပါက ရှမ်းဘောင်းဘီနဲ့ ခပ်ဆင်ဆင် ချည်သားဘောင်းဘီ ခပ်ပွပွနဲ့ အင်္ကျီကလည်း ရှမ်းတိုက်ပုံ ဆန်ဆန် ချည်သားရင်ကွဲ ကြယ်သီးတပ် အကျ င်္ီ ကို ဝတ်ဆင်ကြသည်။ ဒါကိုကြည့်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ပုံစံကို သဘောကျမိလေသည်။ ဆောင်ပုဒ်တွေ စာတန်းတွေ အရှည်ကြီးရေးကာ ကျောင်းမှာ အလုပ်မှာ ဋ္ဌာနတွေမှာ ချိတ်ဆွဲထားတာထက် တကယ်လက်တွေ့ ကျင့်သုံးတာက ထိရောက်တဲ့ လုပ်ဆောင်မှုပဲလို့ မြင်မိလေသည်။
တစ်ဆက်ထဲမှာပဲ စာရေးသူတို့ တိုင်းပြည်က နိုင်ငံခေါင်းဆောင် ဆိုသူတွေ နိုင်ငံတကာ အနှံ့ ချစ်ကြည်ရေးခရီး ဘာခရီး ညာခရီး သွားနေကြတာ ဒါမျိုးတွေ တွေ့မြင်သိခဲ့ မြင်ခဲ့မှာ မနည်းမနောပါ။ ကိုယ့်နိုင်ငံမှာ ကျင့်သုံးလို့ရမယ့် အနေအထားတွေ တွေ့ခဲ့ သိခဲ့မှာပဲ၊ ဘာလို့များ မလုပ်ကြပါလိမ့် တွေးမိရပြန်သည်။
အဲဒီ အိမ်နီးချင်း အမျိုးသမီးက စာရေးသူကို မြန်မာလူမျိုးဆိုတာ သိသွားရော မျက်နှာကို လက်ညှိုးနဲ့ထောက်ပြီး သနပ်ခါး လို့ပြောလေသည်။ စာရေးသူတို့ရဲ့ အမွန်မြတ်ဆုံး တန်ဖိုးထားသည့် မျက်နှာလိမ်းတဲ့ သနပ်ခါးကို သိတယ်ဆိုတော့ စာရေးသူလဲ သူ့ကို သဘောကျသွားလေသည်။ သူနှုတ်ဆက်ရင် ကိုယ်ကလဲ သူ့လိုပဲ " ဆဝါဒီခါ့" လို့ လက်အုပ်ချီလို့ အပြန်အလှန် လက်အုပ်ချီရင်း ခင်မင်သွားပါတော့သည်။ ထိုင်စကား နားမလည်မှန်းသိတဲ့ အတွက် အင်္ဂလိပ်လို ပြောရင်း သူက မြန်မာလူမျိုးတွေကို လေးစာချစ်ခင်သူ တစ်ယောက်ဆိုတာ သိရလေတော့သည်။ ဒီနေရာမှာ အင်္ဂလိပ်စကား ပြောတာနဲ့ပတ်သက်ပြီး ထိုင်းလူမျိုးတွေရဲ့ မြန်မာတွေပေါ် အမြင်မတူကြတာ ရေးပြလိုသည်။
ထိုင်းတစ်ချို့က မြန်မာတွေက သိပ်တော်ကြတယ်၊ အင်္ဂလိပ်စကားကို ပြောတာမှာ ထိုင်းလူမျိုးတွေထက် သာတယ်၊ မြန်မာလူမျိုးတိုင်းလိုလို အင်္ဂလိပ်လို ရေးနိုင်ကြ ပြောနိုင်ကြတယ်လို့ ပြောတတ်ကြသလို တစ်ချို့ကတော့ မြန်မာတွေဟာ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရလို့ အင်္ဂလိပ်စကား မဖြစ်မနေ တတ်ကြတယ်လို့ မြင်ကြလေသည်။ လူ့သဘာဝမဟုတ်ပါလား။
ထို ထိုင်းအမျိုးသမီးက မြန်မာပြည်ကို အရင်တုန်းက သူတို့ အင်မတန် အားကျခဲ့ရတယ် ဆိုတာ ပြောပြလေသည်။ တစ်ရက်မှာတော့ သူ့အဖေအိမ် သွားပြီး ပြန်လာပါက ပြစရာ ရှိသည်ဆိုကာ ပြန်ရောက်သည်နှင့် စာရေးသူကို လာခေါ်သည်။
သူ့လက်ထဲမှာ ထီးတစ်ချောင်း၊
" ဒါ မြန်မာပြည်က ဝယ်ထားတဲ့ထီး၊ သူ့အဖေက မြန်မာပြည်က မှာပြီး ဝယ်ထားတာ" ဆိုလေသည်။
စာရေးသူ ဖွင့်ကြည့်တော့ ကြက်ဆင်ဆံဆိပ် ဖဲထီး ဖြစ်နေလေသည်။ အံဩ ဝမ်းသာပြီး
" ဟုတ်တယ် ဒါ တို့ မြန်မာပြည်က ထုတ်တာ ၊ အခု မရှိတော့ဘူး'' ပြောမိလေသည်။
သူက ဘာလို့ ဒါမျိုးတွေ မထုတ်တော့တာလဲ မေးတာ ပြောရမှာ အားမရှိ၍ မပြောပြဖြစ်။
ထီးရိုးမှာ MADE IN BURMA စာတန်းက အထင်းသား။
သူက ဆက်လေသည်။ ဒီထီးက ခေါင်လဲ အခုထိ မကွဲဘူး၊ သံချေးလဲမတက်ဘူး၊ သူ့အဖေက နောက်ပိုင်း ဝယ်မရလို့ အမှတ်တရ သိမ်းထားတာ ၊ အိမ်နားက မြန်မာတစ်ယောက်ကို ပြကြည့်မလို့ ခနဆိုတာ မနည်းပြောခဲ့ရတယ် လို့ ပြောလေသည်။
ထီးသက်တန်းသည် နှစ်ပေါင်း(၄၀) ခန့် ရှိမည်ထင်သည်။
တစ်ဆက်ထဲမှာ စာရေးသူတို့ ကျောင်းတက်စဉ်က Dove တံဆိပ် ယိုးဒယားဖြစ်ထီးတွေ ဆောင်းခဲ့ရတာ သတိရမိလေသည်။ ထိုထီးတွေသည် ထီးချုပ်သမားလက်သို့ အကြိမ်ကြိမ်ရောက်ရလေသည်။ ခေါင်ချုပ်တာကတဖုံ၊ လက်ကိုင်ပြူုတ်၍ တမျိုး၊ ထီးခရိုင်တွေ ပြန်ချုပ်ရတာ မကြာခဏ စသဖြင့်၊
မြန်မာပြည်မှာ ယ ခင်က အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး ပျောက်ကွယ်ခဲ့ရသည်။ ဒါက လူ့အသုံးအဆောင်တင် ဖြစ်သည်။ တခြား အခြား အများအပြား ဘက်ပေါင်းစုံ ပျောက်ကွယ် ဆုတ်ယုတ်တာတွေကြောင့် မြန်မာပြည် နောက်ကျန်ခဲ့တာ ဖြစ်ရမည်။
မြန်မာတစ်ကျပ် ထိုင်းတစ်ဘတ် ခေတ်ရှိခဲ့သော်လည်း ယနေ့အချိန်မှာ ထိုင်းတစ်ဘတ်- မြန်မာ ၃၀ကျပ် ဖြစ်နေလေသည်။
လာအိုနိုင်ငံ အကြောင်း ဆက်ရလျှင် ပြည်သူတွေ ဆင်းရဲကြသော်လည်း လူနေမှုအဆင့် နိမ့်ကျမှု မရှိတာကို တွေ့ရလေသည်။
ထိုအချိန်က အိမ်နီးချင်းထိုင်းနိုင်ငံမှာ ကျေးလက်တောရွာ မကျန် လူတိုင်း မိုဘိုင်းဖုန်း သုံးစွဲနေကြသော်လည်း စာရေးသူတို့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆင်းကဒ် တန်ဖိုးမှာ သိန်းဆယ်ဂဏန်း တန်ဖိုးရှိနေပြီး အခွင့်ထူးခံ သူတွေသာ ကိုင်ခွင့်ရသည့် အခြေအနေမှာပင် ရှိနေသေးသည်။ ထိုသို့သော အချိန် လာအိုနိုင်ငံမှာ မိုဘိုင်းဖုန်းကို လမ်းဘေးဈေးသည်ပါ မချန် ကိုင်နေကြပြီ၊ ဒီဂျစ်တယ် စက်များ တပ်ဆင်ထားသည့် ဓါတ်ဆီဆိုင်များမှာ အလွယ်တကူ ဝင်ရောက်ပြီး လိုသလောက် ထဲ့နိုင်ကြပြီ။ မြန်မာပြည်မှာ ထိုစဉ်က ဓါတ်ဆီဆိုင်မှာ ကားတန်းရှည်ကြီးကို တမျှော်တခေါ်စောင့် တန်းစီပြီး ကိုယ်တာဖြင့် ဆီထဲ့နေရဆဲ ဖြစ်လေသည်။ လမ်ေးဘးမှာ ပုလင်းလေးတွေ ထောင်ထားသည့် မှောင်ခိုဆိုင်တွေမှာ အရောင်းအဝယ် လုပ်နေကြဆဲ ဖြစ်လေသည်။ တိုင်းပြည်ကဆင်းရဲ၍ ပြည်သူတွေ ဆင်းရဲရသည် မှန်သော်လည်း ဖွ့ဖြိုးတိုးတက်မှုက အခြားတိုင်းပြည်ထက် နောက်ကျနေရလေသည်။ အုပ်ချုပ်သည့် အစိုးရ၏ ပြည်သူတွေအပေါ် ထားသည့် စေတနာ ကွာခြားမှုကို သိသိသာသာ တွေ့ရလေသည်။
ဗိုလ်အုန်းသီး စက်ဘီးဆိုတာ တစ်ချိန်က မြန်မာပြည်က ကလေးတွေ သဘောကျခဲ့ရသည်။
စာရေးသူတို့ပင် အဖျားအနားသာ မီလိုက်လေသည်။ ဒါပေမယ့် ထိုစက်ရုံကို မျက်မြင်
တွေ့ဖူးလေသည်။ ဗိုလ်အုန်းသီးကွေ့ ဆိုသည့် ကားမှတ်တိုင်နား ရောက်ဖူးခဲ့သည်။
ဗိုလ်အုန်းသီးသည် နာမည်သာ ကျန်သည်။ သို့သော် ထိုင်းနိုင်ငံက ထုတ်လုပ်သည့်
ပလတ်စတစ် စက်ဘီးတွေကို အခုခေတ်ကလေးတွေ စီးရသည်။ အရောင်ကလေးတွေ စုံမှစုံ
ဆိုတော့ ကလေးတွေ ကြိုက်ကြသည်။ လွန်ခဲ့တဲ့ (၁၅) ) နှစ်ခန့်က စာရေးသူရဲ့
သမီးနှစ်ယောက်ကို အတူ စီးရအောင်ဆိုကာ စက်ဘီးတစ်စီး ဝယ်ပေးဖူးသည်။
ယိုးဒယားဖြစ်လို့ ခေါ်ကြတဲ့ ကလေးစီး စက်ဘီးတွေထဲက နှစ်ယောက်စီးလို့ ရတဲ့
စက်ဘီးလေးပါ။ အရှေ့မှာ အကြီးတစ်ယောက်က နင်းပြီး အနောက်မှာ ပါတဲ့
ထိုင်ခုံမှာ အငယ်တစ်ယောက်က ထိုင်စီးလို့ရတဲ့ စက်ဘီးပါ။ အဲဒီ စက်ဘီးကို
ဆိုင်မှာတွေ့တွေ့ချင်းပဲ ကိုယ်ငယ်ငယ်က မြင်ဖူးခဲ့တဲ့ ဗိုလ်အုန်းသီး
စက်ဘီးနဲ့ တူတာကို သတိတရ ပြောဖြစ်လေသည်။ စာရေးသူတို့ ငယ်စဉ်က ဗိုလ်အုန်းသီး
စက်ဘီးကို သူများစီးတာ တွေ့ဖူးခြင်းဖြစ်သည်။ အရှေ့မှာ တစ်ယောက်က နင်းပြီး အနောက်မှာ
တစ်ယောက်က ထိုင်လိုက်လို့ရသည်။ လက်ကိုင်က သံတန်းနှင့်၊ ခြေနင်းကလည်း သံ၊
နောက်ခုံကလည်း သံကိုယ်ထည် အကာအရံနှင့် လုံလုံခြုံခြုံ ရှိလေသည်။
ထိုဗိုလ်အုန်းသီး ကလေးစီးစက်ဘီးသည် MADE IN BURMA အနေနှင့်
ပြည်ပနိုင်ငံသို့ ရောက်ရှိသည်ဆိုတာတော့ အခုမှ သိရလေသည်။ ထိုအချိန်က အိမ်နီးချင်းထိုင်းနိုင်ငံမှာ ကျေးလက်တောရွာ မကျန် လူတိုင်း မိုဘိုင်းဖုန်း သုံးစွဲနေကြသော်လည်း စာရေးသူတို့ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း ဆင်းကဒ် တန်ဖိုးမှာ သိန်းဆယ်ဂဏန်း တန်ဖိုးရှိနေပြီး အခွင့်ထူးခံ သူတွေသာ ကိုင်ခွင့်ရသည့် အခြေအနေမှာပင် ရှိနေသေးသည်။ ထိုသို့သော အချိန် လာအိုနိုင်ငံမှာ မိုဘိုင်းဖုန်းကို လမ်းဘေးဈေးသည်ပါ မချန် ကိုင်နေကြပြီ၊ ဒီဂျစ်တယ် စက်များ တပ်ဆင်ထားသည့် ဓါတ်ဆီဆိုင်များမှာ အလွယ်တကူ ဝင်ရောက်ပြီး လိုသလောက် ထဲ့နိုင်ကြပြီ။ မြန်မာပြည်မှာ ထိုစဉ်က ဓါတ်ဆီဆိုင်မှာ ကားတန်းရှည်ကြီးကို တမျှော်တခေါ်စောင့် တန်းစီပြီး ကိုယ်တာဖြင့် ဆီထဲ့နေရဆဲ ဖြစ်လေသည်။ လမ်ေးဘးမှာ ပုလင်းလေးတွေ ထောင်ထားသည့် မှောင်ခိုဆိုင်တွေမှာ အရောင်းအဝယ် လုပ်နေကြဆဲ ဖြစ်လေသည်။ တိုင်းပြည်ကဆင်းရဲ၍ ပြည်သူတွေ ဆင်းရဲရသည် မှန်သော်လည်း ဖွ့ဖြိုးတိုးတက်မှုက အခြားတိုင်းပြည်ထက် နောက်ကျနေရလေသည်။ အုပ်ချုပ်သည့် အစိုးရ၏ ပြည်သူတွေအပေါ် ထားသည့် စေတနာ ကွာခြားမှုကို သိသိသာသာ တွေ့ရလေသည်။
တစ်ချိန်က မြန်မာပြည်က ထုတ်လုပ်သည့် ထုတ်ကုန်သည် ပြည်ပတိုင် ရောက်ရှိခဲ့ပြီး ယနေ့ခေတ်မှာတော့ ထိုနိုင်ငံတွေကနေ ကိုယ့်ပြည်တွင်းက ပြန်လည် ဝယ်ယူနေရပြီ။ စတိုးဆိုင်များ၊ ကလေးကစားစရာ ဆိုင်များမှာ ထိုင်းနိုင်ငံက ထုတ်သည့် စက်ဘီးများ အသွေးအရောင်စုံစွာ ရောင်းချနေလေသည်။ နိုင်ငံ ဘာ့ကြောင့် ဆင်းရဲသလဲ၊ ချွတ်ခြုံကြရသလဲ၊ နည်းပညာက အစောကတည်းက ရှိပြီးသားပင်၊ ပိုကောင်းလာအောင် လုပ်နိုင်ဖို့သာ ရှိရာက နည်းပညာပါ ပျောက်ကွယ်သွားအောင် ဘယ်လိုများ စွမ်းဆောင် အုပ်ချုပ်ခဲ့ကြပါလိမ့်။
စာရေးသူ ထိုင်းနိုင်ငံကို ပထမဆုံး အလည်အပတ်ရောက်သည့် ၂၀၀၉ခုနှစ်က အိမ်နီးချင်း ထိုင်းအမျိုးသမီး တစ်ယောက်နှင့် စကားပြောဖြစ်တာ သတိရမိလေသည်။ ထိုအမျိုးသမီးက စာရေးသူနှင့် ရွယ်တူခန့် ရှိမည်.။ ငယ်ရင် နဲနဲငယ်နိုင်ပေမယ့် ပိုတော့ မကြီးနိုင်လို့ ခန့်မှန်းရသည်။ သူက စာရေးသူ အပြင်ထွက်သည်နှင့် ပြုံးပြ နှုတ်ဆက်တတ်သည်။ ထိုင်းလို စကားတွေ ပြောသည်။ စာရေးသူက "ဆဝါဒီခါ့" မြန်မာလို မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်စကားလောက်သာ သိတာမို့ ဘာမှ ပြန်မပြောပဲ ပြုံးပဲ ပြလိုက်သည်။ ထိုင်းတွေက မြန်မာဆိုရင် အထင်သေးတယ်။ မြန်မာအလုပ်သမားတွေကို မတရား နှိပ်စက်တယ်၊ ထိုင်းတွေက သိပ်ရိုင်းတာ ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်တွေ အသိတွေ ကြားက ခပ်လန့်လန့် စိတ်ကြောင့်ပါပဲ။ သူ့ကလေးလေးတွေက စာရေးသူကို တွေ့ရင် လက်အုပ်လေးချီလို့ " ဆဝါဒီခါ့" လို့ နှုတ်ဆက်ရင် အံဩ သဘောကျရသည်။ အဲဒီကလေးတွေ သောကြာနေ့ရောက်လို့ ကျောင်းသွားရင် ရိုးရာထမီနဲ့ အကျ င်္ီ ဝတ်သွားတာ တွေ့တိုင်း ယဉ်ကျေးမှုကို ကျောင်းသား ဘဝမှာ ထိန်းပေးထားတယ် ဆိုတာ သတိပြုမိရလေသည်။ ယောင်္ကျားလေးဆိုပါက ရှမ်းဘောင်းဘီနဲ့ ခပ်ဆင်ဆင် ချည်သားဘောင်းဘီ ခပ်ပွပွနဲ့ အင်္ကျီကလည်း ရှမ်းတိုက်ပုံ ဆန်ဆန် ချည်သားရင်ကွဲ ကြယ်သီးတပ် အကျ င်္ီ ကို ဝတ်ဆင်ကြသည်။ ဒါကိုကြည့်ပြီး ယဉ်ကျေးမှုကို ထိန်းသိမ်းသည့် ပုံစံကို သဘောကျမိလေသည်။ ဆောင်ပုဒ်တွေ စာတန်းတွေ အရှည်ကြီးရေးကာ ကျောင်းမှာ အလုပ်မှာ ဋ္ဌာနတွေမှာ ချိတ်ဆွဲထားတာထက် တကယ်လက်တွေ့ ကျင့်သုံးတာက ထိရောက်တဲ့ လုပ်ဆောင်မှုပဲလို့ မြင်မိလေသည်။
တစ်ဆက်ထဲမှာပဲ စာရေးသူတို့ တိုင်းပြည်က နိုင်ငံခေါင်းဆောင် ဆိုသူတွေ နိုင်ငံတကာ အနှံ့ ချစ်ကြည်ရေးခရီး ဘာခရီး ညာခရီး သွားနေကြတာ ဒါမျိုးတွေ တွေ့မြင်သိခဲ့ မြင်ခဲ့မှာ မနည်းမနောပါ။ ကိုယ့်နိုင်ငံမှာ ကျင့်သုံးလို့ရမယ့် အနေအထားတွေ တွေ့ခဲ့ သိခဲ့မှာပဲ၊ ဘာလို့များ မလုပ်ကြပါလိမ့် တွေးမိရပြန်သည်။
အဲဒီ အိမ်နီးချင်း အမျိုးသမီးက စာရေးသူကို မြန်မာလူမျိုးဆိုတာ သိသွားရော မျက်နှာကို လက်ညှိုးနဲ့ထောက်ပြီး သနပ်ခါး လို့ပြောလေသည်။ စာရေးသူတို့ရဲ့ အမွန်မြတ်ဆုံး တန်ဖိုးထားသည့် မျက်နှာလိမ်းတဲ့ သနပ်ခါးကို သိတယ်ဆိုတော့ စာရေးသူလဲ သူ့ကို သဘောကျသွားလေသည်။ သူနှုတ်ဆက်ရင် ကိုယ်ကလဲ သူ့လိုပဲ " ဆဝါဒီခါ့" လို့ လက်အုပ်ချီလို့ အပြန်အလှန် လက်အုပ်ချီရင်း ခင်မင်သွားပါတော့သည်။ ထိုင်စကား နားမလည်မှန်းသိတဲ့ အတွက် အင်္ဂလိပ်လို ပြောရင်း သူက မြန်မာလူမျိုးတွေကို လေးစာချစ်ခင်သူ တစ်ယောက်ဆိုတာ သိရလေတော့သည်။ ဒီနေရာမှာ အင်္ဂလိပ်စကား ပြောတာနဲ့ပတ်သက်ပြီး ထိုင်းလူမျိုးတွေရဲ့ မြန်မာတွေပေါ် အမြင်မတူကြတာ ရေးပြလိုသည်။
ထိုင်းတစ်ချို့က မြန်မာတွေက သိပ်တော်ကြတယ်၊ အင်္ဂလိပ်စကားကို ပြောတာမှာ ထိုင်းလူမျိုးတွေထက် သာတယ်၊ မြန်မာလူမျိုးတိုင်းလိုလို အင်္ဂလိပ်လို ရေးနိုင်ကြ ပြောနိုင်ကြတယ်လို့ ပြောတတ်ကြသလို တစ်ချို့ကတော့ မြန်မာတွေဟာ အင်္ဂလိပ်လက်အောက်မှာ နေခဲ့ရလို့ အင်္ဂလိပ်စကား မဖြစ်မနေ တတ်ကြတယ်လို့ မြင်ကြလေသည်။ လူ့သဘာဝမဟုတ်ပါလား။
ထို ထိုင်းအမျိုးသမီးက မြန်မာပြည်ကို အရင်တုန်းက သူတို့ အင်မတန် အားကျခဲ့ရတယ် ဆိုတာ ပြောပြလေသည်။ တစ်ရက်မှာတော့ သူ့အဖေအိမ် သွားပြီး ပြန်လာပါက ပြစရာ ရှိသည်ဆိုကာ ပြန်ရောက်သည်နှင့် စာရေးသူကို လာခေါ်သည်။
သူ့လက်ထဲမှာ ထီးတစ်ချောင်း၊
" ဒါ မြန်မာပြည်က ဝယ်ထားတဲ့ထီး၊ သူ့အဖေက မြန်မာပြည်က မှာပြီး ဝယ်ထားတာ" ဆိုလေသည်။
စာရေးသူ ဖွင့်ကြည့်တော့ ကြက်ဆင်ဆံဆိပ် ဖဲထီး ဖြစ်နေလေသည်။ အံဩ ဝမ်းသာပြီး
" ဟုတ်တယ် ဒါ တို့ မြန်မာပြည်က ထုတ်တာ ၊ အခု မရှိတော့ဘူး'' ပြောမိလေသည်။
သူက ဘာလို့ ဒါမျိုးတွေ မထုတ်တော့တာလဲ မေးတာ ပြောရမှာ အားမရှိ၍ မပြောပြဖြစ်။
ထီးရိုးမှာ MADE IN BURMA စာတန်းက အထင်းသား။
သူက ဆက်လေသည်။ ဒီထီးက ခေါင်လဲ အခုထိ မကွဲဘူး၊ သံချေးလဲမတက်ဘူး၊ သူ့အဖေက နောက်ပိုင်း ဝယ်မရလို့ အမှတ်တရ သိမ်းထားတာ ၊ အိမ်နားက မြန်မာတစ်ယောက်ကို ပြကြည့်မလို့ ခနဆိုတာ မနည်းပြောခဲ့ရတယ် လို့ ပြောလေသည်။
ထီးသက်တန်းသည် နှစ်ပေါင်း(၄၀) ခန့် ရှိမည်ထင်သည်။
တစ်ဆက်ထဲမှာ စာရေးသူတို့ ကျောင်းတက်စဉ်က Dove တံဆိပ် ယိုးဒယားဖြစ်ထီးတွေ ဆောင်းခဲ့ရတာ သတိရမိလေသည်။ ထိုထီးတွေသည် ထီးချုပ်သမားလက်သို့ အကြိမ်ကြိမ်ရောက်ရလေသည်။ ခေါင်ချုပ်တာကတဖုံ၊ လက်ကိုင်ပြူုတ်၍ တမျိုး၊ ထီးခရိုင်တွေ ပြန်ချုပ်ရတာ မကြာခဏ စသဖြင့်၊
မြန်မာပြည်မှာ ယ ခင်က အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး ပျောက်ကွယ်ခဲ့ရသည်။ ဒါက လူ့အသုံးအဆောင်တင် ဖြစ်သည်။ တခြား အခြား အများအပြား ဘက်ပေါင်းစုံ ပျောက်ကွယ် ဆုတ်ယုတ်တာတွေကြောင့် မြန်မာပြည် နောက်ကျန်ခဲ့တာ ဖြစ်ရမည်။
မြန်မာပြည်မှာ မွေးဖွားပြီး ထိုင်းနိုင်ငံမှာကြီးပြင်းကာ ထိုင်းနိုင်ငံသား
ဖြစ်နေသည့် မိတ်ဆွေ တစ်ယောက်က မယ်ဆိုင်က ပြန်လာတာမှာ တရုတ်ပြည်က ထုတ်တဲ့
တရုတ်စောင်တွေ ရောင်းဖို့ ပါလာတယ် ဆိုတာနဲ့ ဝယ်ဖြစ်လေသည်။
စောင်လာဝယ်သည့်အထဲမှ အသက်ကြီးကြီး အဖွားတစ်ယောက်က စာရေးသူကို မြန်မာဆိုတာ
သိတာနှင့် သူတို့ခေတ်က ဗန~ဓုလစောင် ကောင်းကြောင်း ပြောပြလေသည်။ အသက်(၆၀)
ခန့်ရှိမည့် အမျိုးသမီးတစ်ယောက်က စာရေးသူကို မြန်မာပြည် ဘယ်ကလာသလဲ အမေးကို
ရန်ကုန်က လာသည်ဆိုတော့ ဝမ်းသာအားရ ရန်ကုန်တက္ကသိုလ် သိမှာပေါ့ မေးလေသည်။
သိယုံမကပါ ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့ပါ သည် လို့ ပြန်ဖြေတော့
စာရေးသူလက်ကို တင်းတင်းဆုပ်လို့ ဂုဏ်ယူစွာ ပြောလေသည်။ သူ၏ အဖိုးဖြစ်သူသည်
ငွေကြေးချမ်းသာသူ ဖြစ်ပါတယ်တဲ့၊ သားသမီးတွေကို စာကျိုးစားပါက
ရန်ကုန်တက္ကသိုလ်ပို့ပေးမယ်ဆိုတဲ့  ကတိအတိုင်း သူ့ဖခင်ကို
ရန်ကုန်တက္ကသိုလ်ကို ပို့ပြီး ပညာသင်စေခဲ့ကြောင်း၊ သူတို့ အဖေလက်ထက်မှာ
ထိုင်းမှာရှိတဲ့ ကြွယ်ဝချမ်းသာတဲ့ ကြေးရတတ်လူချမ်းသာတွေ ဂုဏ်သရေရှိ
လူတန်းစားတွေက သူတို့ရဲ့ သားသမီးတွေကို မြန်မာပြည်က ရန်ကုန်တက္ကသိုလ်ကို
ပို့နိုင်တာကို ဂုဏ်တစ်ခုအ ဖြစ် သတ်မှတ်ကြကြောင်း အားရဝမ်းသာ ပြောပြလေသည်။
အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်ကို
နှစ်ပေါင်းများစွာ ပိတ်ထားတဲ့ အခိုက်ဆိုတော့ ကိုယ့်မှာ
ဘာပြန်ပြောရမှန်းပင်မသိ။ စိတ်ထဲ ဝမ်းနည်းသလို နှမြောသလို ဒေါသဖြစ်သလို
စိတ်တွေ ဖြစ်လို့နေလေသည်။
ယနေ့ခေတ်မှာတော့ ထိုင်းနိုင်ငံက တက္ကသိုလ်တွေမှာ မြန်မာအပါအဝင် နိုင်ငံတကာမှ ကျောင်းသားတွေ တက်ရောက် ပညာသင်နေကြပေပြီ။
မကြာသေးခင်
ရက်ပိုင်းမှာ စာရေးသူကိုယ်တိုင် ချင်းမိုင်တက္ကသိုလ်ဝန်းကျင်ကို
ရောက်ရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ် အလွမ်းစိတ်များ ပေါ်ပေါက်ခဲ့ရလေသည်။
စာရေးသူရဲ့ သမီးတစ်ယောက်က
ချင်းမိုင်တက္ကသိုလ် တက်ရောက်ရင်း အိမ်ပြန်ရတာ အနည်းငယ်လှမ်းသည့်အတွက်
အဆောင်နေမှ အဆင်ပြေမှာမို့ တက္ကသိုလ်နားမှာပဲ အဆောင်ရှာဖို့
ရောက်ခဲ့ရလေသည်။ ကားနှင့်သွားနေရင်းက စိတ်ထဲမှာ တက္ကသိုလ် အငွေ့အသက်ကို
ရလေရာ သမီးဖြစ်သူကို " ရှေ့နားဆို တက္ကသိုလ်နယ်မြေ ရောက်ပြီ မဟုတ်လား"
မေးလိုက်မိသည်။
သမီးဖြစ်သူက အမေ ဘယ်လိုသိလဲ မေးတာကို
တက္ကသိုလ်ရဲ့ အရိပ်ကို တွေ့နေရတယ်လေ လို့ ပြောမိလေသည်။
တက္ကသိုလ်ကျောင်းသူ/ ကျောင်းသားတို့ရဲ့ ပျိုမြစ်နုနယ်တဲ့ အသွင်၊ တက်ကြွ
ရွှင်လန်းစွာဖြင့် ကားတွေ ၊ မော်တော်ဆိုင်ကယ်တွေနဲ့ ပျားပန်းခပ်မျှ
သွားလာနေတဲ့ ပုံရိပ်တွေက တက္ကသိုလ်ကျောင်းတော်ကြီးနဲ့ မဝေးတော့ဘူးဆိုတာ
အလိုလို သိစေလေသည်။
မီးပွိုင့်အရောက်
ကားရပ်ခိုက်မှာ ရင်ထဲ လှိုက်လှိုက်လှဲလှဲ တမ်းတ သတိရစေသည့် မြင်ကွင်းနဲ့အတူ
ရန်ကုန်တက္ကသိုလ်ကို သွားနေပါလားလို့ ခံစားရလောက်အောင် ခံစားချက်ဖြစ်လေသည်။
ခံစားချက်သည် ရင်ထဲမှာ သိုဝှက်မနေပဲ သမီးဖြစ်သူထံ စကားအဖြစ်ထွက်လာလေသည်။
" သမီးရေ ချင်းမိုင်တက္ကသိုလ်ကို ဘယ်နှစ်ခုနှစ်မှာ စဖွင့်သလဲ" အမေးကို သမီးက
"
အတိအကျ မသိဘူးအမေ ၁၉၆၀ ပတ်ဝန်းကျင်ကလို့ပဲ သိတယ်၊ အိမ်ပြန်ရောက်မှ ဂူဂဲမှာ
ရှာကြည့်ရင် သိမယ် လို့ ဖြေရင်း ဘာလို့လဲ အမေလို့ "
မေးခွန်းပြန်ထုတ်လေသည်။
ဘာဖြစ်လို့လဲ ဆိုတော့
ချင်းမိုင်တက္ကသိုလ်ကို ရန်ကုန်တက္ကသိုလ်ပုံစံ ယူပြီး ဆောက်ထားသလားလို့
ထင်လာလေသည်။ စာရေးသူတို့ ကားရပ်ထားသည့် လမ်းမက ပြည်လမ်းမပေါ်
လှည်းတန်းမီးပွိုင့်မှာ ရပ်ထားတာနှင့်တူနေပြီး ညာဖက်ကို ချိုးလိုက်ရင်
တက္ကသိုလ်ရိပ်သာလမ်း ဘက်ရောက်တဲ့ ပုံစံမျိုးမှာ လမ်းချိုးကလေးကအစ တူနေတာ၊
တည့်တည့်မသွားပဲ အကွေ့ကားတွေ ကွေ့သွားရမယ့် လမ်းကလေးဘေးက မြေအနေအထားတူနေတာ၊
ကွေ့သွားရင် တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်ဓမ္မာရုံကို တွေ့ရတော့မလို
ထင်ယောင်မိစေတာ သမီးကို ပြောပြဖြစ်လေသည်။ မီးပွိုင့်ကို ဖြတ်အပြီး
ချင်းမိုင်တက္ကသိုလ်ဝင်းကို အပြင်ကနေ တွေ့လိုက်တဲ့အခါ မာလာဆောင်နဲ့
ရာမညဆောင်ကြားက မြင်ကွင်းနဲ့အတူ စီးပွားရေးတက္ကသိုလ်ဘက်က ဝင်ရတဲ့
အပေါက်လိုတစ်ပုံစံထဲမှာ ချင်းမိုင်တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကို
ဝင့်ဝင့်ကြွားကြွား တွေ့ရပြန်တော့ ရန်ကုန်တက္ကသိုလ်ကိုများ
အတုယူထားလေသလားလို့ ကိုယ်ထင်တာ မလွဲ နိုင်ဘူးလို့ တွေးမိလေသည်။
ချင်းမိုင်တက္ကသိုလ်နှင့်
လမ်းမကြီး ခြားနေသည့် လမ်းရဲ့ဘယ်ဘက် အခြမ်းမှာ လမ်းသွယ်လေးတွေ
အမြောက်အများရှိသည့် အပြင် စားသောက်ဆိုင်များ၊ မုန့်မျိုးစုံ၊
အသုံးအဆောင်ပစ္စည်းမျိုးစုံ ရောင်းချသည့် ဆိုင်တွေ အများကြီး ရှိလေသည်။
လမ်းသွယ်တစ်ခုထဲ ချိုးဝင်လိုက်သည်နှင့် ရန်ကုန်တက္ကသိုလ်အနီးက
စံရိပ်ငြိမ်ကို သတိရသွားလောက်အောင် ပုံသဏ္ဍန်တွေ တွေ့ရလေသည်။ အဆောင်များ၊
ဆိုင်များမှာ ကျောင်းသားတွေ လွတ်လပ်ပေါ့ပါးစွာ ထိုင်ပြီး
ရယ်မာနေကြပုံတွေက တက္ကသိုလ်အငွေ့အသက်ကို လွမ်းဆွတ်သွားစေလေတော့သည်။
အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးမှာတော့ အိပ်ယာက ယခုမှ နိုးထလာသလို လူးလွန့်နေဆဲ။
အစဉ်အလာကြီးမားသည့် ရန်ကုန်တက္ကသိုလ်ကြီးမှာတော့ အိပ်ယာက ယခုမှ နိုးထလာသလို လူးလွန့်နေဆဲ။
ရန်ကုန်တက္ကသိုလ်အနီးမှာ
အင်လျားကန်ရေပြင် ကြီးရှိတာနှင့် ချင်းမိုင်တက္ကသိုလ်အနီးမှာ ချင်းမိုင်ရဲ့
အသဲနှလုံးလို့ တင်စားရမယ့် တောင်ပေါ်ဘုရားရှိရာ ဒွိုင်စူထေ့ တောင်ကြီး
တည်ရှိတာသာ ကွာလေသည်။ ချင်းမိုင်တက္ကသိုလ်က တောင်ခြေတွင်ရှိပြီး
ရန်ကုန်တက္ကသိုလ်ကတော့ အင်းယားရေပြင်နားမှာ ရှိရာ အေးချမ်းမှု အရိပ်ကို
ယူထားတာတော့ ဆင်လေသည်။
၁၈၇၈ခုနှစ်မှာ
ရန်ကုန်ကောလိပ်အဖြစ်မှ စတင်တည်ထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်ကြီးရဲ့
အရိပ်ကို ၁၉၆၄ ခုနှစ်မှာ တည်ထောင်သည့် ချင်းမိုင်တက္ကသိုလ်မှာ တွေ့ရသည့်အခါ
လွမ်းဆွတ်မှုနှင့်အတူ ခံစားချက်တွေက စာနှင့်ရေးပြလို့ပင်
ကုန်နိုင်ဖွယ်မမြင်။
မြန်မာပြည်ရဲ့ အတိတ်က
အရိပ်တွေကို နှမျောတမ်းတရင်း ဘာ့ကြောင့် ဆုတ်ယုတ်ယိုယွင်း
ကျဆင်းနိမ့်ပါးခဲ့ရပါသလဲ၊ အဖြေတွေကြားက အကြောင်းတရားတွေကြားကမှ
မြန်မာပြည်ရဲ့ လက်ရှိ နာမည်ကြီး ခရိုနီတစ်ယောက်ဆီ အတွေးခြေဆန့်မိလေသည်။
သူ၏ဖခင်သည် မဆလတစ်ပါတီ အာဏာရှင်
ဦးနေဝင်းရဲ့ ယုံကြည် အားကိုးရသည့် လူတစ်ယောက်ဖြစ်ခဲ့ပြီး တပ်မတော်မှ
ခေါင်းဆောင် တစ်ယောက်ဖြစ်ခဲ့လေသည်။ စစ်တောင်းစက္ကူစက်၊
မြန်မာ့အိမ်သုံးဆေးဝါး ထုတ်လုပ်ရေးစက်ရုံ ( ဘီပီအိုင်) စတာတွေမှာ တာဝန်ယူ
လုပ်ကိုင်ခဲ့သည်တဲ့။ ပြည်တွင်းဖြစ်ဆေးဝါးတွေကို ပြည်သူတွေ လိုအပ်သလို မရတာ
အဲဒီခေတ်ကလူတွေ ပိုပြီး သိပါလိမ့်မည်။ စက္ကူတွေ ရှာပါးတာ၊ ကျောင်းသုံးစာအုပ်
ဝါကျင့်ကျင့်တွေကို သုံးခဲ့ရတာ စာရေးသူတို့ပင် သိမီလိုက်လေသည်။ တာဝန်ယူ
ဆောင်ရွက်ခဲ့သူကတော့ ဆွေစဉ်မျိုးဆက် စားမကုန်သည့်အပြင် ဒီဘက်ခေတ်မှာ
တိုင်းပြည်ရဲ့အချမ်းသာဆုံး လူချမ်းသာတစ်ယောက်ပင် ဖြစ်နေလေပြီ။
မြန်မာပြည်အနှံ့ ဖွင့်လှစ်ထားသည့် နာမည်ကြီး ရှော့ပင်းမောလ်များစွာ၏ ပိုင်ရှင်သည် တပ်မတော်မှ ထိပ်တန်းခေါင်းဆောင်ကြီးတစ်ဦး ရဲ့
ကိုယ်ရေးအရာရှိရဲ့ ဇနီးဖြစ်သူ ပိုင်တာဖြစ်လေသည်။ စက်ရုံများ၊
စူပါမားကက်များ ၊ စီးပွားရေးလုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ
အစရှိသည်တို့သည် တပ်မတော်မှ ထိပ်တန်းခေါင်းများ ၊ အဆက်အနွယ်များသာ
ပိုင်ကြလေရာ ဒီတိုင်းပြည်မှ မဆင်းရဲ ဘယ်တိုင်းပြည် ဆင်းရဲပါ့လို့
တွေးမိလေသည်။
ယခင်က တိုင်းပြည်ရဲ့
စီးပွားရေးသမားတွေက ထုတ်ကုန်တွေ ပြည်ပပို့ပြီး နိုင်ငံခြားငွေရအောင်
ရှာဖွေပေးနိုင်သည်။ တိုင်းပြည်က ထွက်ကုန်ကို နိုင်ငံတကာက အသိအမှတ်ပြုအောင်
ထုတ်လုပ်ပေးနိုင်ခဲ့ကြလေသည်။ ခေတ်သစ် စီးပွားရေးသမား ခရိုနီတွေကတော့
တိုင်းပြည်ရဲ့ အရင်းအမြစ် သယံဇာတာကို အမြစ်ပါမကျန် ထုတ်ယူ ရောင်းစားပြီး
စီးပွားရှာကြလေသည်။
ယနေ့
လူပြောများနေကြသည့် စကားတစ်ခွန်း ဖြစ်သော နောက်ကြောင်းပြန်လှည့်မှလား၊
ဆိုသည့် စကားသည် တာသွားလှသည်။ နောက်ကြောင်း မလှည့်ပါ ဆိုသော်လည်း
ယခင်ခေတ်ကကဲ့သို့ ကင်းထောက်အဖွဲ့တွေ ပြန်ဖွဲ့သည်။ ပညာသင်ဆုတွေ
ပြန်ပေးသည်။ ကောင်းပါသည်။ ဒါဖြင့် ယခင်က ကောင်းတဲ့ အစဉ်အလာတွေကို
ဘာ့ကြောင့် ရပ်လိုက်ပါသလဲ၊ ယခု ထိုအစဉ်အလာကို တကြော့ပြန် သွားဖို့
ကြိုးစားကြပြန်သည်။ ရှေ့သို့တိုးရင်း နောက်ဆုတ်ကြည့်နေသလား၊ ဒါဖြင့်
ပြည်သူတွေအတွက် ဗိုလ်အုန်းသီးစီးရင်း ကြက်ဆင်ဖဲထီးဆောင်းကာ
ရန်ကုန်တက္ကသိုလ် အရောက်ပြန်သွားရအုန်းမည့် အခွင့်အလမ်းတွေ
ပြန်ရောက်လာအုန်းမှာလား မျှော်ရပေအုန်းတော့မည်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment