ဦးသိန်းစိန်
ကိုပါကြီးရဲ့ ရုပ်အလောင်းကို သင်တွေ့သောအခါ မည်သို့ခံစားရပါသနည်း၊
တိုင်းပြည်က လူတယောက် သေပျောက်တာကို သင်ဂုဏ်ယူ ဝမ်းမြောက်ပါလေစ။
လူသူမနီး ရပ်ရွာမနီး မိသားစုမသိ လူမသိ သူမသိ သေခဲ့ရပြီ။
မြေကိုတူးကာ ဒဏ်ရာဗလပွ ကျိုးကြေ ကာမှ မြှုတ်နှံခဲ့ကြသည်။
မြေကိုတူးကာ ဒဏ်ရာဗလပွ ကျိုးကြေ ကာမှ မြှုတ်နှံခဲ့ကြသည်။
သင့်သားအရွယ် ဒီလူငယ်အပေါ် ဘာ့ကြောင့် ဒီမျှ ရက်စက်ရသနည်း၊
ငါ့ညီ ငါ့သား ဒီလိုများ တိတ်တိတ်ဆိတ်ဆိတ် မြေဆင်းသပိတ်ပင် မသွပ်ရတဲ့
ငါ့ညီ ငါ့သား ဒီလိုများ တိတ်တိတ်ဆိတ်ဆိတ် မြေဆင်းသပိတ်ပင် မသွပ်ရတဲ့
ဒီလို ဘဝဆိုပါက သင့်နှလုံးသား မည်သို့ ရှိမည်နည်း။
ကာချုပ်မင်းအောင်လှိုင်
တွေ့ပါရဲ့လား
ကိုပါကြီးရုပ်အလောင်း ရိုက်မောင်းပုတ်မောင်း ကျိုးပဲ့ခွက်ဝင် ဦးခေါင်းကဆံပင် ဦးဏှောက်နဲ့ရော
သင်ရော ဘယ်လို ခံစားရသနည်း။
သင်ရဲ့ ညီငယ် ဒီအရွယ်ကို တပ်ကဖမ်းဆီး ရက်စက်နှိမ်နင်း ဒဏ်ရာအဆင်းကို သင်မြင်ရသော်
သူပုန်တယောက် လက်နက်လုပြေး သတ်တယ်လေးလို့
သင့်နှလုံးသားက ထုတ်ပြန်ပေးရဲပါလေစ။
ဦးရဲထွဋ်
ကိုပါကြီးဟာ သူပုန်ပါလို့ မျက်စေ့မှိတ်ငြင်း ဘယ်ဒင်းအတွက်များ အဖြေရှာမရ
သူပုန်ဟုတ်သည် မဟုတ်သည်၊ သတင်းသမား ဖြစ်သည်မဖြစ်သည် အသားထားကာ
သူ့နေရာမှာ သင်သာဖြစ်သော် အသို့ရှိမည်နည်း၊
သင့်သမီးသည် အဘယ့်လောက်များ နှလုံးပေါက်အောင် ပူဆွေးနေမည်နည်း
သင့်နှလုံးသား သင့်မိသားဝယ် တွေးမိပါလေစ၊ တွေးပါလေစ။
သင်တို့အားလုံး ဘယ်ပုံတွေးတွေး တို့အားလုံးက
ကိုပါကြီး မက ဒီလို လူသား အားလုံးအတွက်
ကိုပါကြီး မက ဒီလို လူသား အားလုံးအတွက်
ကြိမ်မီးအုံကဲ့သို့ ပူလောင်သောက ဖြစ်ရလေပြီ။
နှလုံးသားတွေ တုန်လှုပ် ချောက်ခြား
သင်တို့အား အံဩမင်တက်မိလေ၏။
ဟယ်...................
ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ သင်လိုအစိုးရ
တို့များ အလိုမရှိ၊ ခုချက်ချင်းပင်
ဆင်းလစ်ပေတော့ ဆင်းလေတော့။
ခိုင်ခိုင်စောလွင်
သရုပ်ဖေါ်ပုံ ပန်းချီအောင်လတ်
No comments:
Post a Comment