အိမ်ငှားစာချုပ် သက်တမ်းပြည့်တဲ့အခါ အိမ်ရှင်က အိမ်လခကို ထပ်တိုးပြီး
စာချုပ် ထပ်ချုပ်ဖို့ ပြောလာတဲ့ အတွက် ဈေးသက်သာမယ့် နေရာကို ပြောင်းဖို့
ပြင်တဲ့သူတွေ၊ အိမ်ရှင်က လက်ရှိအိမ်ငှားကို ထားချင်ပေမယ့် ပွဲစားတွေက
အိမ်ငှားအသစ်ထပ်ရမှ တစ်လစာပွဲခ ထပ်ရမှာမို့ အိမ်ရှင်နဲ့ အိမ်ငှားအကြား
လှည့်ပတ်နေတာတွေ၊ လက်ရှိနေတဲ့ အိမ်ငှားကို ဆင်းခိုင်းရမှာ အားနာတဲ့အတွက်
အိမ်ကို ဆက်ပြီး လူငှားမတင်တော့ပဲ တူမတွေကို ထားမှာမို့ ပြောင်းပေးဖို့
ပြောတဲ့ အိမ်ရှင်အကြောင်းတွေ ကို ကြားရ ဖတ်ရတိုင်း ခေတ်မမီတော့သည့်
အိမ်ရှင် အိမ်ငှား ဥပဒေနှင့် တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိသေးသည့်
အိမ်အငှား နည်းဥပဒေတွေ ကြောင့် မြေနိမ့်ရာလှံစိုက် ဖြစ်နေရသည့်
အိမ်ငှားနေရသူတို့ ဘဝကို အစိုးရမှ မည်သို့ ဖြေရှင်းပေးမလဲ၊ ဘယ်တော့
ဖြေရှင်းပေးမလဲ သိချင်နေခဲ့တာ ကြာပြီ ဖြစ်သည်။
ထိုမျှမက ရန်ကုန်မြို့ အစွန်ရှိ လယ်မြေတွေမှာ အိမ်လခ ပေးနေပါသော်လည်း စီမံကိန်း နယ်မြေဖြစ်၍ ဆိုကာ ကျူးကျော်သတ်မှတ်ပြီး အတင်းအဓမ္မ ဖျက်သိမ်းခံခဲ့ ရပြီး အိမ်မဲ့ ယာမဲ့ ဖြစ်ရသူတွေ အကြောင်း တွေ့မြင်ရသည့်အခါ အိမ်ငှားနေ၍ အိမ်လခ မှန်မှန်ပေးနေခဲ့သည့် ထိုလူတွေ အတွက် ခံစားခွင့်က နတ္ထိ၊ နေစရာအိမ်၊ ခိုလှုံရာအိမ် ၊ လုံခြုံရာအိမ် လူဆိုသော သတ္တဝါ တွေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာသည့်အခါ မိုးထဲ ရေထဲ နှင်းတောထဲ တိုးဝင် သွားလာရာက အရိပ်ခိုစရာ အမိုး အကာ စပြီး တည်ကာ နေခဲ့ ကြသည်။ ယခုသော် အမိုး အကာပင် မရှိ လမ်းဘေး ငုတ်တုတ် ထိုင်နေရမည့် အိမ်မဲ့ယာမဲ့ များကို တွေ့မြင်ရတာ များလာသည့်အခါ ထိုသို့သော ပြည်သူတွေအတွက် အစိုးရက ဘယ်လို ဘယ်ပုံ စီမံထားသလဲဆိုတာ ဘာမှ ရေရေရာရာ မတွေ့မမြင်ရသည့်အခါ မျှော်လင့်ချက်မဲ့ အိမ်ယာမဲ့ များအတွက် စာတစ်ပုဒ် ရေးချင်စိတ်ပေါက်လာသည်။
ထိုအခိုက်အတန့်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှ " မြန်မာနိုင်ငံရဲ့ အိမ်ယာမဲ့တွေကို ဘယ်လိုဖြေရှင်းကြမလဲ " ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးငြင်းခုန်ကြမည် ဆိုတာ ဖတ်လိုက်ရသည့်အခါ ကိုးကားစရာ အချက်အလက် တစ်ခုခု ရလေမလား ဒါမှ မဟုတ် မျှော်လင့်စရာ တခုခုများ ရှိလေမလား ဆိုကာ စောင့်ကြည့်ပြီးမှ ဆက်ရေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုဒီဘိတ် အစီအစဉ်ကို ကြည့်ပြီးသည့်အခါမှာတော့ စာရေးသူရဲ့ ရေးလက်စ စာမူမှာ လုံးဝကို ရပ်တံ့သွားရလေတော့သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနက ညွှန်ကြားရေးမှုးအဆင့်ရှိ တာဝန်ရှိသူ တစ်ဦးပါ တက်ရောက် ဆွေးနွေးရာမှာ အစိုးရက ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေကို ပြောသွားတာ ကြားရသည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားရခြင်းပါပဲ။
သူပြောသွားတာက အစိုးရမှာ မြေမရှိပါဘူးလို့ ပြောသွားရာ အိုးမဲ့ အိမ်မဲ့တွေအတွက် အစီအစဉ် လုပ်ပေးဖို့ဆိုရင် စီမံကိန်းလုပ်ခွင့်ရထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဆောင်ရွက်ပေးမှ ရမယ့် သဘောရှိသည်။
“အစိုးရရဲ့လက်ထဲမှာ မြေတွေအများကြီးရှိသေးတယ်ပေါ့ေ
တကယ်တော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ အိမ်ငှား ပြဿနာ ပိုပြီး ကြီးထွားလာနေရသည်။ အဓိကအကြောင်းက နယ်မြို့နဲ့ ကျေးလက်က လူထုတွေမှာ မြေယာသိမ်းဆည်းခံရမှုတွေ၊ အလုပ်လက်မဲ့ဖြစ်လာတာတွေနဲ့ စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါမှု
တွေကြောင့် မြို့ပြတွေဆီကို အလျှိုလျှိုတိုးဝင်ရောက်ရှိလာ
ထိုမျှမက ရန်ကုန်မြို့ အစွန်ရှိ လယ်မြေတွေမှာ အိမ်လခ ပေးနေပါသော်လည်း စီမံကိန်း နယ်မြေဖြစ်၍ ဆိုကာ ကျူးကျော်သတ်မှတ်ပြီး အတင်းအဓမ္မ ဖျက်သိမ်းခံခဲ့ ရပြီး အိမ်မဲ့ ယာမဲ့ ဖြစ်ရသူတွေ အကြောင်း တွေ့မြင်ရသည့်အခါ အိမ်ငှားနေ၍ အိမ်လခ မှန်မှန်ပေးနေခဲ့သည့် ထိုလူတွေ အတွက် ခံစားခွင့်က နတ္ထိ၊ နေစရာအိမ်၊ ခိုလှုံရာအိမ် ၊ လုံခြုံရာအိမ် လူဆိုသော သတ္တဝါ တွေ ယဉ်ကျေးမှု အဆင့်အတန်း မြင့်လာသည့်အခါ မိုးထဲ ရေထဲ နှင်းတောထဲ တိုးဝင် သွားလာရာက အရိပ်ခိုစရာ အမိုး အကာ စပြီး တည်ကာ နေခဲ့ ကြသည်။ ယခုသော် အမိုး အကာပင် မရှိ လမ်းဘေး ငုတ်တုတ် ထိုင်နေရမည့် အိမ်မဲ့ယာမဲ့ များကို တွေ့မြင်ရတာ များလာသည့်အခါ ထိုသို့သော ပြည်သူတွေအတွက် အစိုးရက ဘယ်လို ဘယ်ပုံ စီမံထားသလဲဆိုတာ ဘာမှ ရေရေရာရာ မတွေ့မမြင်ရသည့်အခါ မျှော်လင့်ချက်မဲ့ အိမ်ယာမဲ့ များအတွက် စာတစ်ပုဒ် ရေးချင်စိတ်ပေါက်လာသည်။
ထိုအခိုက်အတန့်မှာပင် တိုက်တိုက်ဆိုင်ဆိုင် ဒီဗွီဘီ ဒီဘိတ်အစီအစဉ်မှ " မြန်မာနိုင်ငံရဲ့ အိမ်ယာမဲ့တွေကို ဘယ်လိုဖြေရှင်းကြမလဲ " ဆိုသည့် ခေါင်းစဉ်နှင့် ဆွေးနွေးငြင်းခုန်ကြမည် ဆိုတာ ဖတ်လိုက်ရသည့်အခါ ကိုးကားစရာ အချက်အလက် တစ်ခုခု ရလေမလား ဒါမှ မဟုတ် မျှော်လင့်စရာ တခုခုများ ရှိလေမလား ဆိုကာ စောင့်ကြည့်ပြီးမှ ဆက်ရေးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထိုဒီဘိတ် အစီအစဉ်ကို ကြည့်ပြီးသည့်အခါမှာတော့ စာရေးသူရဲ့ ရေးလက်စ စာမူမှာ လုံးဝကို ရပ်တံ့သွားရလေတော့သည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဋ္ဌာနက ညွှန်ကြားရေးမှုးအဆင့်ရှိ တာဝန်ရှိသူ တစ်ဦးပါ တက်ရောက် ဆွေးနွေးရာမှာ အစိုးရက ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေကို ပြောသွားတာ ကြားရသည့် အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားရခြင်းပါပဲ။
သူပြောသွားတာက အစိုးရမှာ မြေမရှိပါဘူးလို့ ပြောသွားရာ အိုးမဲ့ အိမ်မဲ့တွေအတွက် အစီအစဉ် လုပ်ပေးဖို့ဆိုရင် စီမံကိန်းလုပ်ခွင့်ရထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက ဆောင်ရွက်ပေးမှ ရမယ့် သဘောရှိသည်။
“အစိုးရရဲ့လက်ထဲမှာ မြေတွေအများကြီးရှိသေးတယ်ပေါ့ေ
နာ်…ခုန ဆရာမပြော
သွားတဲ့အခါကျတော့ဌာနလက်ထဲမှာ မြေလွတ်တွေမရှိပါဘူးဆိုတော့ ဘယ်ရောက် ကုန်တာလဲ
မသိဘူး” လို့ တစ်ယောက်က ထောက်ပြတဲ့အခါ သူလဲ မဖြေနိုင်၊
ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတစ်ဦးကတော့ တန်ဖိုးနဲ အိမ်ယာ၊ တန်ဖိုးမျှတ
အိမ်ယာ ဘယ်လိုပင်ဆိုဆို သိန်းရာဂဏန်း တန်ဘိုးရှိသည့် အိမ်ကို မည်သည့်
အိမ်ယာမဲ့ကမှ ဝယ်နိုင်မှာ မဟုတ်သည့်အတွက် အငှားချထားနိုင်သည့် အိမ်ယာများ
ဆောက်လုပ်ကာ အိမ်ငှား ချထားပေးက အဆင်ပြေဆုံးဟု ပြောသွားလေသည်။ ရုတ်တရက်
ဟုတ်မလိုလိုနှင့် ပြီးတော့ ထိုအိမ်ယာများ ဆောက်လုပ်ဖို့အတွက် အစိုးရက
သင့်တင့်မျှတသည့် ဈေးဖြင့် မြေဧကများစွာကို လုပ်ငန်းရှင်တွေကို
ချပေးရမည်တဲ့၊ ဆောက်လုပ်ရေးအတွက် အစိုးရက ချေးနိုင်ကချေး၊ မချေးနိုင်က
နိုင်ငံခြားဘဏ်မှ ချေးယူရမည်ဟု ဆိုပြန်ရာ အစိုးရနှင့် ခရိုနီတို့ အကြား
မြေယာ ကိစ္စက ထပ်မံပေါ်လာပြန်သည်။ နောက်ဆုံးတော့ အိမ်ယာမဲ့များ
နေစရာပေးနိုင်ဖို့ နေနေသာသာ ဘယ်လိုဖြေရှင်းရမလဲ ဆိုသည့် နည်းလမ်းပင်
မုန့်လုံးစက္ကူကပ် ဖြစ်နေတော့သည်။ တကယ်တော့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တို့မှာ အိမ်ငှား ပြဿနာ ပိုပြီး ကြီးထွားလာနေရသည်။ အဓိကအကြောင်းက နယ်မြို့နဲ့ ကျေးလက်က လူထုတွေမှာ မြေယာသိမ်းဆည်းခံရမှုတွေ၊ အလုပ်လက်မဲ့ဖြစ်လာတာတွေနဲ့ စီးပွားရေးအခွင့်အလမ်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါမှု
ကြလို့ပဲ
ဖြစ်သည်။တဖက်မှာလည်း စီးပွားရေးသမားတွေက အိမ်၊ခြံ၊မြေ၊တိုက်ခန်းတွေကို
ဝယ်ယူရင်းနှီးမြှုပ်နှံပြီး ရောင်းချ၊ငှားရမ်းလာရာကနေ မြို့ပြရဲ့
အိမ်ခြံမြေဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာကာ အကျိုးဆက်အဖြစ် သာမန်
လူတန်းစားတွေအဖို့ အဆိုပါဈေးနှုန်းတွေကို လက်လှမ်းမမှီတော့ပဲ
အိမ်ရာမဲ့ပြဿနာတွေ၊ ကျူးကျော်ပြဿနာတွေ ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ
အဓိကဖြစ်ပေါ်နေပြီး အခြားမြို့ပြတွေမှာ တစ်နေ့တခြားကြီးထွားလာနေခြင်းပဲ ဖြစ်သည်။
မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ရှိရာ နေထိုင်သည့်
လူဦးရေ သန်း ၅၀ ကျော်နှင့် တွက်သော် တစ်စတုရန်းမိုင်မှာ (၁၈၇) ယောက်နဲ့ ဒေသတွင်း လူနေထူထပ်မှု အနဲဆုံးနိုင်ငံ ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရလေသည်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကြည့်ပါက တစ်စတုရန်းမိုင်
ပတ်လည် လူနေထိုင်မှုမှာဘင်္ဂလားဒေရှ်က ၂၈၇၀ ယောက်၊ အိန္ဒိယက ၉၅၄၊ တရုတ်က ၃၆၅ နဲ့ ထိုင်းနိုင်ငံ
က ၃၂၇ ယောက် ရှိနေတာကို တွေ့ရသည်။ အာရှမှာရော ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထပ်မှုအနည်းဆုံးတိုင်းပြည်က အိမ်၊ခြံ၊မြေဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး၊ အိုးမဲ့ အိမ်မဲ့ အများဆုံးဖြစ်နေလေသည်။
နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ရပေတော့သည်၊ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အမှန်တကယ် လုပ်နိုင်ကိုင်နိုင်သူများကို နေရာမပေးခြင်း၊ အဂတိလိုက်စားမှုတို့ကြောင့် လို့ပဲ ပြောရပေတော့မည်။
ဒီဘိတ်အစီအစဉ်မှာ ဝင်ရောက်ဆွေးနွေးသွားသည့် မြို့ရွာနှင့် အိုးအိမ်မှာ တာဝန်ရှိ ဝန်ထမ်းနှင့် တွေ့ဆုံ မေးမြန်းချက်တစ်ခုကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်လာသဖြင့် ယခုစာမူလေး ပြန်အသက်ဝင်လာရလေသည်။ ထိုသတင်းအရ အစိုးရနှင့် ပုဂလိက ဝန်ထမ်းတွေ အတွက် အိုးအိမ်များကို ဘဏ်ချေးငွေ စနစ်ဖြင့် ရောင်းချပေးဖို့ စီစဉ်နေပြီ ဟုဆိုလေရာ မုန့်လုံးစက္ကူကပ်စနစ်မှ တစ်ဆင့် ထွက်ပေါက်များ ရလေမလားလို့ ဝမ်းသာ မိရပြန်သည်။ တဖန် အစိုးရဖက်ကလည်း ကျူးကျော်ဟုဆိုသူများကို ရွာတစ်ရွာတည်ပေးပြီး နေလို့ရအောင် စီစဉ်ပေးမည်ဟု ဆိုပြန်သည်။
တကယ်တော့ တန်ဖိုးနဲလည်း မဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ်၊ တန်ဖိုး ရေးမထားသော အိမ် အမျိုးအစား မြန်မာပြည်မှာ ရှိခဲ့ ဖူးလေသည်။ ၁၉၆၇- ၆၈ ခုနှစ်ခန့်က ရန်ကုန်မြို့ ၊ သင်္ကန်းကျွန်း ရန်ကုန်သစ်ရပ်ကွက် အနီး ကျယ်ပြောလှသော လယ်ကွင်းပြင်ထဲမှာ " သုဝဏလုပ်အားပေးတိုက်ခန်းများ" အစီအရီ ပေါ်လာခဲ့သည်။ ယနေ့ထက်တိုင် ဝန်ထမ်းမိသားစုများ သားစဉ်မြေးဆက် နေထိုင်နေကြလေသည်။ ထိုအချိန်က သာမာန် ရုံးစာရေး အဆင့်မှသည် အရာရှိ အဆင့်အထိ တစ်ပတ်မှာ အလုပ်ပိတ်ရက် စနေ တနင်္ဂနွေနေ့မှာ ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လုပ်အားပေးသွားရသည်။ အုတ်သဲကျောက် ဘိလပ်မြေ တို့ကို ဝိုင်းဝန်း သယ်ပိုးပေးရသည်။ တိုက်ခန်းများ ဆောက်လုပ်ပြီးစီးသည့်အခါ မဲစနစ်ဖြင့် နေရာချထားပေးသည်။ နှစ်ထပ်တိုက်ပုံစံကို တိုက်ခန်းအတွဲလိုက် ဆောက်ထားခြင်းဖြစ်သည်။ ရှစ်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာ သီးသန့် တစ်ခန်းစီ၊ အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းနှင့် ဝရန်တာ နှင့် ခြောက်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာတွဲရက် တစ်ခန်း ၊ အပေါ်ထပ်မှာ အိပ်ခန်း တစ်ခန်းနှင့် ဝရန်တာ စသဖြင့် ဆောက်လုပ်ထားရာ မဲကျရာ ယူရသည်။ အိမ်ဖွဲ့စည်းပုံက ခပ်ညံ့ညံ့မဟုတ်၊ အရည်အသွေးကလည်း တော်ရိလျော်ရိ မဟုတ်၊ ယနေ့ဆိုပါက နှစ်ပေါင်း (၄၅) နှစ်တိုင် ပြီဆိုသော်လည်း နေထိုင်နေကြဆဲပင် ဖြစ်သည်။ အိုးအိမ်ဦးစီးဋ္ဌာနကို နှစ်ခန်းတိုက်က (၃၅)ကျပ်နှင့် ပြားစွန်းသည်။ အတိအကျ မမှတ်မိပေ၊ အိပ်ခန်းတစ်ခန်းပါ တိုက်က (၂၇)ကျပ်နှင့် ပြားစွန်းသည်၊ အိမ်လခ အလို့ငှာ လစဉ် ပေးသွင်းရသည်။ ယနေ့ထက်တိုင် လုပ်အားပေးစဉ်က ဝန်ထမ်းများ မရှိတော့သည့်တိုင် သူတို့သားသမီးများက ဆက်လက်ပေးဆောင်ပြီး နေထိုင်၍ ရနေလေသည်။ ထိုတိုက်ခန်းများသည် တန်ဖိုးနည်းလည်းမဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ် မည်သို့သော တန်ဖိုးမျှ ရေးထိုးထားခြင်းမရှိ၊ သို့သော် လူပေါင်းများစွာ အဆင်ပြေစွာ နေထိုင်နေကြလေသည်။ အရေးကြီးသည်က အိုးမဲ့ အိမ်မဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတ နာမည်တွေ မဟုတ်၊ ဘာတန်ဖိုးမှ ရေးမထားသော်လည်း အဆင်ပြေစွာ နေထိုင်လို့ရမည့် အိမ် ၊ လုံခြုံဖို့နေရာ တစ်ခု လိုနေတာပဲ ဖြစ်လေသည်။
" မနက်ဖန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ်...... လက်ထဲမှာ ဘယ်မလဲ ငွေ....ထပ်ငှားဖို့စဉ်းစားတာနဲ့  စိတ်ညစ်လည်း ဘာထူးမှာလဲ အသက်တွေကသာကြီးခဲ့တယ်၊
တို့နှစ်ယောက်အတွက် အိမ်ဘယ်မှာလဲ...... အကောင်းဆုံးနားခိုဖို့အတွက်.... .
နေရာလေးလိုချင်မိတယ်၊ တစ်နေကတော့တစ်နေ့ပေါ့ ဘယ်တော့လဲ မမေးလိုက်နဲ့ကွယ်......ဘယ်တော့ မှ
မဖြစ်လာတော့ဘူးလို့အားမလျှော့ပါ နဲ့၊ လိုက်လေဝေးလေ ပြေးနေဆဲ တို့အိပ်မက်တွေ ဝိုးတဝါးရယ်................... .............................. .............................. .............................. .............................. .............................. ..."
အဆိုတော် အငဲရဲ့ " အိမ်" ဆိုသည့် သီချင်းသံက အာရုဏ်ထဲ ပျံ့လွင့်လို့ လာလေသည်။
ခိုင်ခိုင်စောလွင်
မြန်မာနိုင်ငံရဲ့ ဧရိယာအကျယ်အ၀န်းဟာ စတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် ရှိရာ နေထိုင်သည့်
လူဦးရေ သန်း ၅၀ ကျော်နှင့် တွက်သော် တစ်စတုရန်းမိုင်မှာ (၁၈၇) ယောက်နဲ့ ဒေသတွင်း လူနေထူထပ်မှု အနဲဆုံးနိုင်ငံ ဖြစ်နေတာကို အံ့ဩဖွယ် တွေ့ရလေသည်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကြည့်ပါက တစ်စတုရန်းမိုင်
ပတ်လည် လူနေထိုင်မှုမှာဘင်္ဂလားဒေရှ်က ၂၈၇၀ ယောက်၊ အိန္ဒိယက ၉၅၄၊ တရုတ်က ၃၆၅ နဲ့ ထိုင်းနိုင်ငံ
က ၃၂၇ ယောက် ရှိနေတာကို တွေ့ရသည်။ အာရှမှာရော ကမ္ဘာမှာပါ မြေအပေါဆုံး လူနေထပ်မှုအနည်းဆုံးတိုင်းပြည်က အိမ်၊ခြံ၊မြေဈေးနှုန်း အမြင့်ဆုံးဖြစ်နေပြီး၊ အိုးမဲ့ အိမ်မဲ့ အများဆုံးဖြစ်နေလေသည်။
နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်ရပေတော့သည်၊ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းနှင့် အမှန်တကယ် လုပ်နိုင်ကိုင်နိုင်သူများကို နေရာမပေးခြင်း၊ အဂတိလိုက်စားမှုတို့ကြောင့် လို့ပဲ ပြောရပေတော့မည်။
ဒီဘိတ်အစီအစဉ်မှာ ဝင်ရောက်ဆွေးနွေးသွားသည့် မြို့ရွာနှင့် အိုးအိမ်မှာ တာဝန်ရှိ ဝန်ထမ်းနှင့် တွေ့ဆုံ မေးမြန်းချက်တစ်ခုကို ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရသည့်အတွက် မျှော်လင့်ချက်ရောင်ခြည်လေး လင်းလက်လာသဖြင့် ယခုစာမူလေး ပြန်အသက်ဝင်လာရလေသည်။ ထိုသတင်းအရ အစိုးရနှင့် ပုဂလိက ဝန်ထမ်းတွေ အတွက် အိုးအိမ်များကို ဘဏ်ချေးငွေ စနစ်ဖြင့် ရောင်းချပေးဖို့ စီစဉ်နေပြီ ဟုဆိုလေရာ မုန့်လုံးစက္ကူကပ်စနစ်မှ တစ်ဆင့် ထွက်ပေါက်များ ရလေမလားလို့ ဝမ်းသာ မိရပြန်သည်။ တဖန် အစိုးရဖက်ကလည်း ကျူးကျော်ဟုဆိုသူများကို ရွာတစ်ရွာတည်ပေးပြီး နေလို့ရအောင် စီစဉ်ပေးမည်ဟု ဆိုပြန်သည်။
တကယ်တော့ တန်ဖိုးနဲလည်း မဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ်၊ တန်ဖိုး ရေးမထားသော အိမ် အမျိုးအစား မြန်မာပြည်မှာ ရှိခဲ့ ဖူးလေသည်။ ၁၉၆၇- ၆၈ ခုနှစ်ခန့်က ရန်ကုန်မြို့ ၊ သင်္ကန်းကျွန်း ရန်ကုန်သစ်ရပ်ကွက် အနီး ကျယ်ပြောလှသော လယ်ကွင်းပြင်ထဲမှာ " သုဝဏလုပ်အားပေးတိုက်ခန်းများ" အစီအရီ ပေါ်လာခဲ့သည်။ ယနေ့ထက်တိုင် ဝန်ထမ်းမိသားစုများ သားစဉ်မြေးဆက် နေထိုင်နေကြလေသည်။ ထိုအချိန်က သာမာန် ရုံးစာရေး အဆင့်မှသည် အရာရှိ အဆင့်အထိ တစ်ပတ်မှာ အလုပ်ပိတ်ရက် စနေ တနင်္ဂနွေနေ့မှာ ထိုဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ လုပ်အားပေးသွားရသည်။ အုတ်သဲကျောက် ဘိလပ်မြေ တို့ကို ဝိုင်းဝန်း သယ်ပိုးပေးရသည်။ တိုက်ခန်းများ ဆောက်လုပ်ပြီးစီးသည့်အခါ မဲစနစ်ဖြင့် နေရာချထားပေးသည်။ နှစ်ထပ်တိုက်ပုံစံကို တိုက်ခန်းအတွဲလိုက် ဆောက်ထားခြင်းဖြစ်သည်။ ရှစ်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာ သီးသန့် တစ်ခန်းစီ၊ အပေါ်ထပ်မှာ အိပ်ခန်းနှစ်ခန်းနှင့် ဝရန်တာ နှင့် ခြောက်ခန်းတွဲ နှစ်ထပ်တိုက်မှာ အောက်ထပ်က ဧည့်ခန်းနှင့် မီးဖိုချောင်၊ မီးဖိုချောင်တွဲရက်မှာ ရေချိုးခန်းနှင့် အိမ်သာတွဲရက် တစ်ခန်း ၊ အပေါ်ထပ်မှာ အိပ်ခန်း တစ်ခန်းနှင့် ဝရန်တာ စသဖြင့် ဆောက်လုပ်ထားရာ မဲကျရာ ယူရသည်။ အိမ်ဖွဲ့စည်းပုံက ခပ်ညံ့ညံ့မဟုတ်၊ အရည်အသွေးကလည်း တော်ရိလျော်ရိ မဟုတ်၊ ယနေ့ဆိုပါက နှစ်ပေါင်း (၄၅) နှစ်တိုင် ပြီဆိုသော်လည်း နေထိုင်နေကြဆဲပင် ဖြစ်သည်။ အိုးအိမ်ဦးစီးဋ္ဌာနကို နှစ်ခန်းတိုက်က (၃၅)ကျပ်နှင့် ပြားစွန်းသည်။ အတိအကျ မမှတ်မိပေ၊ အိပ်ခန်းတစ်ခန်းပါ တိုက်က (၂၇)ကျပ်နှင့် ပြားစွန်းသည်၊ အိမ်လခ အလို့ငှာ လစဉ် ပေးသွင်းရသည်။ ယနေ့ထက်တိုင် လုပ်အားပေးစဉ်က ဝန်ထမ်းများ မရှိတော့သည့်တိုင် သူတို့သားသမီးများက ဆက်လက်ပေးဆောင်ပြီး နေထိုင်၍ ရနေလေသည်။ ထိုတိုက်ခန်းများသည် တန်ဖိုးနည်းလည်းမဟုတ်၊ တန်ဖိုးမျှတလည်း မဟုတ် မည်သို့သော တန်ဖိုးမျှ ရေးထိုးထားခြင်းမရှိ၊ သို့သော် လူပေါင်းများစွာ အဆင်ပြေစွာ နေထိုင်နေကြလေသည်။ အရေးကြီးသည်က အိုးမဲ့ အိမ်မဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်း၊ တန်ဖိုးမျှတ နာမည်တွေ မဟုတ်၊ ဘာတန်ဖိုးမှ ရေးမထားသော်လည်း အဆင်ပြေစွာ နေထိုင်လို့ရမည့် အိမ် ၊ လုံခြုံဖို့နေရာ တစ်ခု လိုနေတာပဲ ဖြစ်လေသည်။
" မနက်ဖန် ဒီအခန်းက နေခဲ့တာ စာချုပ်ပြည့်တော့မယ်...... လက်ထဲမှာ ဘယ်မလဲ ငွေ....ထပ်ငှားဖို့စဉ်းစားတာနဲ့
အဆိုတော် အငဲရဲ့ " အိမ်" ဆိုသည့် သီချင်းသံက အာရုဏ်ထဲ ပျံ့လွင့်လို့ လာလေသည်။
ခိုင်ခိုင်စောလွင်
Photo
No comments:
Post a Comment