ဒီစာမူက ဧပြီလ(၂၈) ရက်ကတည်းက ရေးထားပြီး ကောင်းကင်အွန်လိုင်း မဂဇင်းကို ပို့ထားတာပါ။ ကောင်းကင်ဝက်ဘ်ဆိုဒ် ပြင်နေတဲ့ အတွက် မတင်ဖြစ်တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ဒီစာမူကို မေ့သွားခဲ့ပါတယ်။ မနေ့ကမှ ဘလော့မှာ စာမူတစ်ပုဒ် တင်ရင်း ပြန်စစ်ရာက မတွေ့မှ မတင်ဖြစ်တာ သတိရပြီး စာမူပြန်ရှာကာ တင်လိုက်ရပါတယ်။ ( စာရေးသူ)
နှလုံးသားနဲ့ရင်းပြီး ဖတ်တဲ့စာ
ဧပြီလ(၂၂) ရက်နေ့မှာ စာတိုက်ကနေ စာအုပ်နှစ်အုပ်ရောက်လာပါတယ်။ တစ်အုပ်က ကိုထိန်( ပန်းချီ ထိန်လင်း) ရေးတဲ့ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း ဖြစ်ပြီး တစ်အုပ်က ABSDF ကျောင်းသားရဲဘော်ဟောင်းများရဲ့ မြောက်ပိုင်းခရီး တို့ပဲ ဖြစ်ပါတယ်။
မငယ်ရဲ့ မြောက်ပိုင်းကို ရောက်ရှိသွားပုံနဲ့ နှိပ်စက်ညှင်းပန်းခံရသည့် ဖြစ်စဉ်များကို ထပ်ပြီး ခရစေ့တွင်းကျ သိရတဲ့ အပြင် လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှု( ကိုထိန်ရေးတော့ ကိုထိန်ရဲ့ခံစားမှု၊ မငယ်ပြောတဲ့ မငယ်ခံစားမှု) တွေကို ဖတ်ရပါတယ်။ အားလုံးက အသက်သေလောက်အောင် ညှင်းပန်းခံရတဲ့ အတွက် ထောက်လှန်းရေးလို့ဝန်ခံပါမှ နှိပ်စက်တာ ရပ်သွားတဲ့အတွက် ဝန်ခံခဲ့ရတာ အတူတူချည်းပါ။
နှိပ်စက်လို့ ဝန်ခံပြီးယုံမက ဘယ်သူဘယ်ဝါကပါ ထောက်လှန်းရေးမဟုတ်လားလို့ လိုင်းတင် ရေးချခိုင်းခဲ့တဲ့အတွက် ရေးခဲ့ရပါတယ်လို့ ဖတ်ရပါတယ်။ ဒါ့ကြောင့်လည်း ကိုထွန်းအောင်ကျော်ကို တွေ့တဲ့အခါ ခွင့်လွှတ်ဖို့ ပြောခဲ့တဲ့အပြင် နားလည်ပါတယ်လို့ ပြောသွားပါသေးတယ်တဲ့။ ရင်နင့်စရာ အဖြစ်အပျက်တွေပါ။ အဖြစ်မှန်တွေကို အားလုံးသိအောင် တချိန်ကျ ပြောပြမယ်လို့ ကတိပေးထားကြတဲ့အတိုင်း ရင်နာနာနဲ့ ပြောကြရေးကြရတာကို ရင်နင့်စွာပဲ ဖတ်နေရပါတယ်။
ကိုရဲနဲ့ အင်တာဗျူးတဲ့ အပိုင်းမှာ သူကြုံခဲ့ရတာတွေ ပြောသွားတဲ့အတွက် မသိတာတွေလည်း သိရပါတယ်။ မြောက်ပိုင်း ကိစ္စရေးကြပြောကြတဲ့အခါ ကိုထွန်းအောင်ကျော် ဥက္ကဌဖြစ်နေချိန်၊ သူကိုယ်တိုင် ဗဟိုကော်မီတီဝင် ဖြစ်နေတဲ့ အချိန်မှာကတည်းက သတ်ဖြတ်မှုတွေ ဖြစ်နေပြီလို့ ကိုယ်က သိထားတဲ့အတွက် သူ့ကို ကိုယ်ကိုယ်တိုင် မေးခွန်းတွေ မေးခဲ့ဖူးပါတယ်၊ စစ်ကြောရေး ကိစ္စကို မြောက်ပိုင်းကျောင်းသားထောက်လှ
န်းရေး အဖွဲ့ကပဲ
လုပ်သွားတာကို သိရပြန်ပါတယ်၊ ကိုရဲကိုယ်တိုင် အဖမ်းခံရပြီး စစ်ကြောရေးမှာ
နှိပ်စက်ခံရတဲ့အခါမှ အော် ဒီလူတွေ ဒီလို စစ်တာကိုးလို့ သိရပါသတဲ့။
ဒါ့ကြောင့်လည်း အဖမ်းခံရတဲ့ ကျောင်းသားအားလုံးနီးပါးက
ထောက်လှန်းရေးတွေပါလို့ ဝန်ခံခဲ့ရတာ၊ ဝန်ခံမှ နှိပ်စက်တာရပ်တာဆိုတော့
ဝန်ခံကြရတာပေါ့။
" နင် ဗဟိုကော်မီတီဝင် အဖြစ်ရှိနေတုန်းမှာ
အခုရေးကြပြောကြသလို စစ်ကြောရေး လုပ်ခဲ့ရသလား၊ အဲလိုလုပ်ခဲ့တုန်းကရော
သူများကို နှိပ်စက်ညှဉ်းပန်းခဲ့သလား" ဆိုတဲ့ မေးခွန်းကို
ကျောင်းသားထောက်လှန်းရေးတွေ မေးမြန်းပြီး စစ်ကြောပြီးမှ
ထောက်လှန်းရေးမိထားတယ် ဒီလို ဒီလို ပြောရင် ဟုတ်လား မေးကြည့်မယ်ဆိုပြီး
သူကိုယ်တိုင်မေးဖူးတယ်၊ တခါမှလည်း စစ်ကြောရေးမဝင်ဖူးတော့
အတွေ့အကြုံမရှိဘူး၊ မေးရင်းနဲ့ သူတို့ကိုကြည့်ပြီး မဟုတ်ဘူးလို့
အလိုလိုသိတယ်။ ဒါ့ကြောင့် ကို ဘယ်သူကဖြင့် ထောက်လှန်းရေးမဟုတ်ပါ
မဖြစ်နိုင်ပါလို့ သူကိုယ်တိုင် လက်မှတ်ထိုး ခဲ့တဲ့
အထောက်အထားတွေရှိပါတယ်တဲ့။ ဒါ့အပြင် သူစစ်မေးနေတုန်းမှာ
အတင်းဝင်ပြီးကျွဲရိုက် နွားရိုက် လုပ်တာရှိလာလို့ ဒေါသဖြစ်ပြီး
ဒီလိုမလုပ်ဖို့ ဒီလိုလုပ်ရင် ဘယ်တော့မှ အဖြေမှန်ရမှာမဟုတ်ဘူးလို့
သူပြောခဲ့တယ်၊ တခါတလေ စစ်တာကိုရပ်လိုက်တဲ့အထိ လုပ်ပလိုက်တယ်တဲ့။
မေးမယ့်သာ မေးလိုက်တာ ကိုရဲအကြောင်း ကိုယ်အသိဆုံး၊ သူဟာ နူးညံ့တဲ့သူ၊ သူတပါးကို ထိုးနှက် ကန်ကျောက်တာ ဘယ်တော့မှ မလုပ်တဲ့အပြင် သူများလုပ်ရင်လည်း မကြိုက်ဘူး၊ ကိုယ်တို့ငယ်ငယ်က အဖေနဲ့ အမေ စိတ်ဆိုး စကားများတဲ့အခါ အဖေက အမေ့ကို ပါးစပ်နဲ့ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ပြောတာကိုတောင် သူက မကြိုက်တဲ့သူ၊ အဲလို ဖြစ်တိုင်း အမေ့ကို မပြောနဲ့ဆိုပြီး သူက မျက်ရည်ကျ ငိုတတ်တဲ့သူ။
" နောက်ပိုင်း နင်အဖမ်းခံရတဲ့အခါ ထောက်လှန်းရေးလို့ ဝန်ခံပြီးတဲ့အခါ နောက်ထပ် ထောက်လှန်းရေးလို့ စာရင်းပေးခဲ့တာ ရှိလား" ဆိုတဲ့ ကိုယ့်အမေးကို လုံးဝ( လုံးဝ) မရှိဘူး။ ကိုယ်တိုင် အဖမ်းခံရ နှိပ်စက်ခံရတဲ့ အတွက် တခြားလူတွေ ဒီလို ဖြစ်မှာဆိုးလို့ ဘယ်သူ့ကိုမှ ဆွဲမထဲ့ခဲ့ဘူး၊ ကိုယ်တိုင်ပဲ ဝန်ခံလိုက်တယ်၊ အဖော်တွေပါတာ သူတို့လည်း သိပြီးသားမို့ အတူလာခဲ့တဲ့ အဖော်တွေ လွတ်အောင် သူတို့က တကယ့်ကျောင်းသား အစစ်တွေ၊ သူတို့က ဘာမှမသိဘူး၊ ကိုယ်တစ်ယောက်ပဲ ထောက်လှန်းရေးကလွှတ်လို့ သူတို့မသိအောင် ကျောင်းသားလို့ပဲ ပြောလာလို့ ကျောင်းသားလို့ပဲ သူတိုကလည်းသိတာပါ ဒီလိုပဲ ထွက်ဆိုခဲ့တယ်။ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ဆွဲမထဲ့ခဲ့ဘူးလို့ သူပြောဖူးတယ်။
အခု ဒီစာအုပ်ထဲမှာလည်း အဲဒီအတိုင်းပဲ သူပြောသွားတာ ဖတ်ရတယ်။
ဒါတွေ ဖတ်ပြီး ကိုယ်ကကျေနပ်တယ်။ သူ့ကို မေးတာလည်း အကြောင်းရှိလို့ သေသေချာချာ မေးလိုက်တာ။ နှိပ်စက်ညှင်းပန်းမှု ဖြစ်စဉ်တွေကို အွန်လိုင်းပေါ်မှာ ဖတ်ရ ကတည်းက အကြောင်းကြောင်းကြောင့် ကိုယ်က ရိုက်မိခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ်က မခံနိုင်လွန်းလို့ တွေ့ရာလူ နာမည်ကို ပြောပြပြီး အမှုတွဲလိုက်ရင်ပဲ ဖြစ်ဖြစ်၊ တဖက်သား နစ်နာခဲ့တာ၊ ခံစားခဲ့ရတာ ကုန်ကုန်ပြောရရင် အသက်သေသွားတာများ ရှိခဲ့ရင် ပြန်ပြီး တောင်းပန်ဖို့ပါပဲ။ တာဝန်ယူဖို့ ဖြေရှင်းပေးဖို့၊ သူတင်မက ကိုယ်တို့ မိသားစုလိုက်ပါ လိုက်ပြီး တောင်းပန် ရမှာလို့ တွေးမိလို့ပါ။
အင်မတန် ဆိုးရွားလှတဲ့ ဖြစ်စဉ်ကြီးမှာ ပါဝင်ခဲ့ပေမယ့် လူသားပီသစွာ ခက်ခက်ခဲခဲ ရပ်တည်ပြီး ကောင်းမွန်တဲ့ သမိုင်းကြောင်းကို ရွေးခဲ့တဲ့ ကိုယ့်မောင်လေးကို အထူးပဲ ကျေးဇူးတင်ရပြန်ပါတယ်။ စာအုပ်ထဲက အကြောင်းတွေ သူပြောနေတာတွေ ဖတ်ပြီး နှလုံးသားကို ဓါးနဲ့မွှန်းသလို ခံစားနေရပေမယ့် ဖတ်နေရင်းက သူ အသက်ရှင်နေသေးတာ တော်သေးတာပေါ့လို့ ဖြေရင်း ဖတ်ရပါတယ်။ အခက်အခဲတွေကြားက ကိုယ့်သမိုင်းကို ဖြူစင်အောင် ရပ်တည်ခဲ့တဲ့အတွက် ချီးကျူးမိပါတယ်။
အဲဒီတုန်းက လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခေါင်းဆောင်ခဲ့တဲ့ သူတွေထဲက တယောက်ယောက်သာ သူဖြစ်ခဲ့ရင် သူ့ကို ခေါ်ပြီး ကိုယ်တွေ ကိုယ်တိုင် သေဆုံးသူတွေ နှိပ်စက်ခံခဲ့ရတဲ့ သူတွေဆီ အိမ်ပေါက်စေ့ လိုက်ပြီး လက်အုပ်ချီကာ နှဖူး မြေကြီးတိုက်လို့ တောင်းပန်ခိုင်းမှာပါ။
" အဲဒီ ဖြစ်စဉ်မှာ ဒီလောက် ကမ်းကုန်အောင် ရက်စက် ၊ တခါမှ မကြားဖူးတဲ့ နှိပ်စက်မှုတွေကို လုပ်တဲ့ သူတွေ သူတို့လုပ်ခဲ့တာကို သူတို့ ဘယ်လို ခံစားနေရသလဲ မသိဘူးနော်၊ ညည အိပ်ပျော်ရဲ့လား၊ အခုလို သောသောညံအောင် အမှန်အတိုင်း တယောက်ပြီး တယောက် ပြောနေကြတော့ သူတို့စိတ်တွေ ဘယ်လိုနေသလဲ သိချင်လိုက်တာ" ဆိုတဲ့ နှလုံးသားနုသူကြီးရဲ့ အမေးကို ကိုယ်လည်း ပြန်မဖြေနိုင်ပဲ ငေးနေမိတယ်။ ကိုယ်လည်း သိချင်နေတာပဲလေ။
" ကိုယ်ပေးခဲ့တဲ့ ကတိပြုခဲ့တဲ့ သစ္စာကို တနေ့အကောင်အထည်ဖော်ရမယ်ဆိုတာ အသွေးအသားထဲမှာ နစ်နေအောင် သိမ်းဆည်းထားတာ" ဆိုတဲ့ မငယ်ရဲ့ စကား၊ ကိုထွန်းအောင်ကျော်ကို သူပေးခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ခဲ့တဲ့ မငယ်ရဲ့ ရေးသားချက်တွေ၊
" ကျွန်တော်တို့အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သူတွေကို ပြောချင်တာက တို့ အဲဒီလို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်က လုပ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော်တို့ အဲသည်လောက်အထိ နာကျင်ခံစားခဲ့ရပါတယ်ဆိုတာကို အခု ထုတ်ဖော် ပြောပြခဲ့တာပါ။ အနည်းဆုံး ကိုယ်ချင်းစာစိတ်ထားပြီး အမှန်အတိုင်း ရှုမြင်လာမယ်ဆိုရင်ကို ပြန်လည် ထုတ်ဖော် ရေးသားရကျိုး နပ်ပါပြီ။ ကျွန်တော် အကျဉ်းကျနေတဲ့ ကာလမှာ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ရေးတဲ့ ခွင့်လွှတ်ခြင်း ဆိုတဲ့ စာအုပ်ကို အကြိမ်ကြိမ် ဖတ်ပြီး ဆင်ခြင်ခဲ့ဖူးပါတယ်။ ဆရာတော်ကတော့ ခွင့်လွှတ်တယ်ဆိုတာ အရှုံးပေးတာလည်း မဟုတ်ဘူး၊ အနိုင်ယူတာလည်း မဟုတ်ဘူး။ အဲဒီကိစ္စတစ်ရပ်နဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာ အကျဉ်းကျပြီး ပိတ်နေတဲ့ ကိစ္စ၊ အဲဒီ စိတ်ထဲမှာ အကျဉ်းကျနေတဲ့အတွက် အဲဒီကနေ ကိုယ့်ထောင်တခါးကို ကိုယ်ဖွင့်လွှတ် လိုက်တာလို့ဖွင့် ဆိုပါတယ်၊ အခုလည်း ဒီစာအုပ်ဟာ ဒီမြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေ ယူကြုံးမရ ဖြစ်မှုတွေ အကြိမ်ကြိမ် ရှိနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ စိတ်အကျဉ်းထောင် ထဲကနေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ဒေသ လို့သာ ဝန်ခံလိုက်ပါရစေခင်ဗျား" လို့ ကိုထိန်ရဲ့ လွတ်မြောက်မှုအတွက် ခံစားချက်တွေ ဖတ်ရင်း နောင်ကို ဒီလို စာအုပ်မျိုးတွေ၊ ဒီလို အင်တာဗျူးတွေ ဘယ်တော့မှ ဘယ်သောအခါမှ ရေးစရာ ပြောစရာတွေ မဖြစ်ကြပါစေနဲ့၊ ဒီလို အဖြစ်မျိုးတွေ ဘယ်သောအခါမှ မပေါ်ပေါက်ကြပါစေနဲ့လို့ ဆုတောင်းရင်း ရင်နာနာနဲ့ ဖတ်ခဲ့မိရပါတယ်။
ခိုင်ခိုင်စောလွင်
နှလုံးသားနဲ့ရင်းပြီး ဖတ်တဲ့စာ
ဧပြီလ(၂၂) ရက်နေ့မှာ စာတိုက်ကနေ စာအုပ်နှစ်အုပ်ရောက်လာပါတယ်။ တစ်အုပ်က ကိုထိန်( ပန်းချီ ထိန်လင်း) ရေးတဲ့ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း ဖြစ်ပြီး တစ်အုပ်က ABSDF ကျောင်းသားရဲဘော်ဟောင်းများရဲ့ မြောက်ပိုင်းခရီး တို့ပဲ ဖြစ်ပါတယ်။
အဲဒီစာအုပ်တွေ ရောက်လာတဲ့ အချိန်မှာ ကိုယ်က မန်းတင်ရဲ့ ဘဝအစုံ အရွယ်စုံ
ဆိုတဲ့ ဖတ်လက်စဖြစ်နေပြီး စာမျက်နှာ (၈၃၃) ရှိရာမှာ စာမျက်နှာ (၇၀၀)
ကျော်ကျော် ရောက်နေပြီ ဖြစ်လို့ ပြီးအောင် ဆက်ဖတ်လိုက်ပါတယ်။
မန်းတင်ပြီးတဲ့အခါ ကိုထိန်ရဲ့ စာအုပ်နဲ့ မြောက်ပိုင်းခရီး နှစ်အုပ်ထဲက
တခုခု ဘယ်ဟာဖတ်မယ် မရွေးမိသေးပဲ သူတို့ထဲက တအုပ်ဖတ်ဖို့ စိတ်ကူးထားပါတယ်။
တကယ်တော့ ကျောင်းသားရဲဘော်များရဲ့ မြောက်ပိုင်းခရီးဆိုပေမယ့် မငယ်( ရဲမေ
နန်းအောင်ထွေးကြည်) နဲ့ ကျမရဲ့ မောင်လေး ဖြစ်တဲ့ ကိုရဲ ( ကိုရဲလင်း) တို့
နှစ်ယောက်ရဲ့ မြောက်ပိုင်းခရီးကို မေသင်္ကြဟိန်က အင်တာဗျူးးထားတာတွေကို
စာအုပ်ထုတ်ထားတာပါ။ တခြား ကျောင်းသားရဲဘော်တွေနဲ့ အင်တာဗျူးထားတာတွေ
အွန်လိုင်းမှာ ဖတ်ပြီးထားတာမို့ နောက်ပိုင်းမှာ ဆက်လက်ထုတ်ဖို့ အစီအစဉ်
ရှိတဲ့အတွက် ဒီနာမည် ပေးထားတာလို့ ထင်ပါတယ်။
မန်းတင်ရဲ့ ဘဝအစုံ အရွယ်စုံ စာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ ကျမရဲ့ ညာဖက်လက်မောင်းတဖက်က နေမရအောင် ကိုက်ခဲလာပါတယ်။ ဖြစ်ပုံက စာအုပ်က စာမျက်နှာရှစ်ရာကျော် ဆိုတော့ ထူလွန်းအားကြီးတယ်၊ အမှန်က အဲဒီလို စာအုပ်မျိုးကို စာအုပ်ထောက်တဲ့ ဒေါက်တိုင်နဲ့ ထောက်ပြီး ဖတ်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါက်တိုင် မရှိတဲ့အတွက် အဲဒီစာအုပ်ကို တပတ်နီးနီး ဖတ်တာမှာ အချိုးးမကျ ဖြစ်ခဲ့ပုံရပါတယ်။ ခေါင်းအုံးနှစ်လုံးကို ဆင့်ပြီး စာအုပ်ကို အဲဒီပေါ်တင်လို့ တနည်း၊ စာအုပ်ကို အိပ်ယာပေါ်မှာချ လူက အိပ်ယာထဲကနေ မှောက်ပြီး ဖတ်လို့ တသွယ် ၊ စားပွဲပေါ်တင်ထားပြီး ထိုင်ခုံနဲ့ ကျကျနန ဖတ်ပြန်တော့ ကြာကြာ မထိုင်နိုင်တဲ့ အတွက် နည်းအမျိုးမျိုးနဲ့ ဖတ်ရာက အကြောတွေ လွဲကုန်တယ်လို့ ပထမတော့ ထင်မိပါတယ်။ ဒါတင်မက နောက်ကျောဖက် ဂုတ်အထက်နားကို အပ်နဲ့ ထိုးသလို တချက်တချက် ဖြစ်လာတော့ စာအုပ်အထူကြီးကို ဟန်မကျ ပန်မကျ အနေအထားနဲ့ ဖတ်မိလို့ပဲလို့ ထင်ထားပေမယ့် တကယ်ကျတော့မှ သွေးတိုး နေတာဖြစ်နေပါရော။ ဒါနဲ့ပဲ ဖတ်မယ်လို့ အားခဲထားတဲ့ စာအုပ်နှစ်အုပ်ကို မတို့မထိနိုင်ပဲ ဆေးသောက် နားနေရပါတော့တယ်။
ဒီစာအုပ်ထဲက အကြောင်းအရာတွေက ငါသိပြီးသားတွေပဲလေ၊ နောက်ပြီးတော့ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကလည်း အွန်လိုင်းပေါ်မှာ ရေးကြပြောကြနဲ့ ဖတ်ပြီးသားတွေပဲလေလို့ စိတ်ကို ဖြေနေလိုက်ပါတော့တယ်။
သွေးကျဆေးနဲ့အတူ နျူ ရိုဘီယန်ပါ တွဲသောက်တဲ့အခါ နေ့လည်နေ့ခင်း ဆိုရင် မျက်လုံးမဖွင့်နိုင်အောင် အိပ်တော့တာ၊ အဲဒါကို အိပ်နေတာလား သွေးပဲတက်နေလားဆိုပြီး ခင်ပွန်းဖြစ်တဲ့သူက အနားမှာ ခုံနဲ့ထိုင်ကာ စာအုပ်ဖတ်ရင်း စောင့်ကြည့်နေတတ်တယ်။ တရက်မှာတော့ နေ့လည်ခင်း အိပ်ပျော်သွားရာက နိုးလာတော့ စာအုပ်ဖတ်ရင်း ကုတင်ဘေးမှာ ထိုင်ခုံတလုံးနဲ့ ထိုင်ပြီး စာဖတ်နေတဲ့ ခင်ပွန်းဖြစ်သူကို ကိုထိန်ရဲ့ မြောက်ပိုင်းအရေးအခင်းစာအုပ်ကို စိတ်ပါလက်ပါ ဖတ်နေတာ တွေ့ရတယ်။ သူဖတ်နေတာ စာအုပ်က နောက်ဆုံးနားကို တော်တော်တောင် ရောက်နေပြီ။
" ဟ မြန်လှချည်လား" လို့ ကိုယ့်ရဲ့ အပြောကို သူက အခုလို တုန့်ပြန်ပြောတော့ ကိုယ့်မှာ သနားရမလို စိတ်ထဲ အလိုမကျသလို ဖြစ်လိုက်မိတယ်။
" ကိုယ့်နှလုံးတွေ မခံစားနိုင်ဘူး၊ ကိုယ်ကပဲ အသက်ကြီးလာလို့ နှလုံးတွေက ခံနိုင်ရည် မရှိတော့တာလား မသိဘူး၊ ရက်စက်လိုက်တာ ရက်စက်လိုက်ကြတာ ဘယ်လိုမှ မဖတ်နိုင်လို့ ကျော်ဖတ်လိုက်ရတယ် "
ဒါ့ကြောင့်ကိုးလို့ တွေးမိပေမယ့် စိတ်ထဲကနေ တခုခုကို သတိရမိပြီး အလိုမကျ သလိုလို ဖြစ်သွားပါသေးတယ်။
ပန်းချီ ထိန်လင်းရဲ့ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း စာအုပ်ကို ဇာဂနာ(
ကိုသူရ) တို့ HOME စာပေကနေ ထုတ်ဝေလိုက်တယ်လို့ ကြားကတည်းက အဲဒီစာအုပ်ကို
မှာပေးပါ၊ စာအုပ်အညွှန်း ရေးချင်လို့လို့ သူက ပြောတာပါ။ ရန်ကုန်ကို
လှမ်းမှာတဲ့အခါ ကုန်သွားပြီး ထပ်ရိုက်နေတယ်ဆိုတာနဲ့ သူက ဒါဖြင့် နောက်ကျ
နေပါ့မယ်၊ PDF လေး တောင်းပေးပါဆိုလို့ ကိုထိန့်ကို လှမ်းပြောတော့ ကိုထိန်က
ဖတ်လို့ရအောင် လင့်ပို့ပေးပါတယ်။ လင့်ကနေ ဖတ်လို့ အဆင်မပြေ ဖြစ်နေတုန်း
ကိုထိန်က ကိုယ့်ရဲ့မောင်လေးဆီ စာအုပ်ပို့ထားပေးတာ သိရပါတယ်၊ အဲဒီကမှ
ဘန်ကောက်ပြန်တဲ့ ညီမ၊ ညီမက စာတိုက်ကတဆင့် ကိုယ့်ဆီ အဆင့်ဆင့်
ရောက်လာခဲ့တာပါ။
အခုတော့ သူက ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ 
အဖြစ်အပျက်တွေကို ကျော်ဖတ်ပါသတဲ့၊ ကိုင်း စာညွှန်းရေးမယ့်သူက
ကျော်ဖတ်မှတော့ ငါပဲ ပြီးအောင်ဖတ်ပြီး ကိုယ့်ဘာသာပဲ ရေးတော့မယ်လို့
စိတ်ကူးရင်း သူ့ကို အလိုမကျ ဖြစ်တာပါ။ သူ့မှာ မခံစားနိုင်ဘူး အသဲက ခပ်နုနု
ဆိုတော့ နှလုံးတွေ မကောင်းဘူး ဆိုလာပြန်တော့ ရှိစေတော့ပေါ့လေ။
ကိုယ့်မှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်ပြီး နေကောင်းသွားတဲ့အခါ မြောက်ပိုင်းကျောင်းသားအရေးအခင်း
စာအုပ်ကို ကောက်ကိုင်ပါတယ်။ သန်းကြွယ်သူဌေးကို ဖတ်ရင်းက ဒါတွေတော့
အွန်လိုင်းမှာတုန်းက ဖတ်လိုက်တယ်မဟုတ်လားလို့ မေးတော့ ဖတ်ပြီးပြီ ဒါပေမယ့်
အဲဒါတွေ ဖတ်လို့ရလို့ ပြန်ဖတ်တယ်၊ အသစ်အတိုင်းပဲ ဖတ်လို့ မညည်းဘူးတဲ့
ကိုထိန်က စာရေး အင်မတန်ကောင်းတဲ့ ချီးကျူးလိုက်သေးတယ်။ ကိုယ်တိုင်တောင်
အွန်လိုင်းမှာ နှစ်ခါမက ဖတ်ပြီးတာတောင် အခု စာနဲ့ဖတ်တာမှာ တခါတလေ ယောင်ပြီး
ကိုယ့်နောက်ကြောကို ကုတ်မိသေးတယ်၊ အကျ င်္ီကို ယောင်ပြီး လက်နဲ့
ခါချနေမိတယ်။ စာရေးကောင်းတာတော့ ပြောမနေနဲ့လို့ ထောက်ခံရင်း
ရောင်စုံဘောလုံး တစ်လုံးငါးပြား ကို စိတ်ထဲက လိုက်ဆိုမိတယ်၊ လူ့ကက်ဆက်မှာ
ကိုယ့်မောင်လေး ရဲလင်းက သက်ဆိုင်သူသို့ သိချင်းဆိုတယ်ဆိုတော့ ဘယ်တုန်းကမှ
အိမ်မှာ ဒီသီချင်း သူဆိုတာ မကြားမိပါလားလို့ ပြန်စဉ်းစားမိရတယ်။
လူတစ်ကိုယ် သီချင်းတစ်ပုဒ် ရရမယ် ဆိုတော့ ကြားဖူးနားဝ ရထားတဲ့ သီချင်း
ဆိုလိုက်ဟန်တူပါတယ်။
မိုက်တွင်းနက်နက် နှစ်ခါပြန်တူးခဲ့သူလို့ အိန္ဒိယနယ်စပ်ကနေ ပြည်တွင်းပြန်ဝင်ပြီး ပြေးပြေးလွှားလွှား ပုန်းလှိုးး ကွယ်လျိုးနဲ့ ကချင်ပြည်နယ် ပါဂျောင်ဖက်ကို မရောက်ရောက်အောင် သွားခဲ့ရတာတွေ ဖတ်ရင်းက မဖတ်နိုင်တဲ့သူကို မျက်စောင်းလှမ်းထိုး လိုက်မိပါသေးတယ်။ သူက ဘာမှမသိပဲ ကိုယ့်ကိုတောင် ပြန်ပြီး " ဟေး ဖတ်လို့ရလား သွေးပြန်တိုးမယ်နော် နေမကောင်းပြန်ဖြစ်မယ်' တဲ့ ပြောနေတယ်။
ကိုယ်က " အမလေး ဘာမှမဖြစ်ဘူး၊ ဒီအကြောင်းတွေက သိပြီးသားတွေ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သိပြီးသားချည်းပဲ၊ အွန်လိုင်းမှာလည်း ဖတ်ပြီးသား " လို့ ခပ်ရဲရဲ ပြန်ပြောလိုက်တာပေါ့။
နမ္မားပို့စ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျောင်းသားတပ်မတော် (ကချင်ဒေသ) ကို ရောက်အောင်သွားရတဲ့ ကိုထိန့်ရဲ့ အဖြစ်အပျက်နဲ့အတူ တောခို ကျောင်းသားတွေရဲ့ ဆင်းရဲစွာ ဖြတ်သန်းရတဲ့ ဘဝ၊ စားသောက်နေထိုင်မှုတွေကို ဖတ်ရင်းက စိတ်ထဲ အတော်မကောင်းဖြစ်ပေမယ့် ကိုထိန်က သူ့ဟန်အတိုင်း ခပ်သွက်သွက် ခပ်ရွှင်ရွှင်နဲ့ ဟာသဓါတ်ခံ အမြင်ရှိတဲ့ အတိုင်း ရေးတာဆိုတော့ ရယ်စရာလည်း ဖြစ်ပေါ့။
ကိုယ့်နှလုံးတွေ တဆတ်ဆတ် တုန်လာပြီး လူက ကတုန်ကရင် ဖြစ်လာတယ်၊ သွေးတိုးပြိလား မသိလို့ ကိုယ့်ဘာသာ တွေးရင်း မဖြစ်ဘူး ဆိုကာ ရပ်လိုက်ရတယ်။ စာဖတ်တာရပ်လိုက်မှ နှလုံးခုန်ချက်က ဒုတ် ဒုတ် ဒုတ်နဲ့ ခပ်မြန်မြန် ဖြစ်နေပြီ။ ကိုင်း ကိုယ့်ခင်ပွန်း ပြောသလို နှလုံးသားတွေကပဲ ခံနိုင်ရည် မရှိတော့ပြီလား၊ မဖြစ်ဘူး ဆိုပြီး စာဖတ်ရပ်ကာ အိမ်ရှေ့မှာ ဆေးလိပ်ထွက်သောက်နေတဲ့ ခင်ပွန်းနောက်ကို သွားရပ်နေလိုက်ပြီး ဟိုဟို ဒီဒီ စကားတွေ လျှောက်ပြောပါတော့တယ်၊ ကန်စွန်းပင်တွေကို အားဆေး ကျွေးပေးမှ ထင်တယ်၊ သဇင်ဥတွေ ရေလောင်းအုန်းမှ ဆိုပြီး ရေပိုက်ယူပြီး ရေတွေ ထလောင်းနေလိုက်တယ်။
ခင်ပွန်းဖြစ်သူက
မဖတ်နိုင်လို့သာ ကျော်ဖတ်တန် ဖတ်သွားတာ စိတ်ထဲမှာ သူသိချင်နေတာတွေ
ရှိနေပုံရတယ်၊ ကိုယ့်ကို တွေ့တာနဲ့ အဲဒီတုန်းက ခေါင်းဆောင်တွေထဲ အခု
ဘယ်သူတွေ ဘယ်ရောက်နေတုန်း မေးနေပြန်တယ်။ ကိုယ့်စိတ်ထဲ ဒါတွေ
မတွေးချင်တော့လို့ ထလာပါတယ်ဆိုမှ အလိုက်မသိ မေးပြီပေါ့၊ ဒါပေမယ့်
ပါးစပ်ကတော့ ဖြေလိုက်ပါသေးတယ်။
အဲဒီအချိန် KIA က
ဘာလို့ ဘာမှ မပြောတာလဲ တဲ့၊ ကိုယ်က အဲဒါမှ ကိုယ်နဲ့ ကိုထိန် တွေးတာ
တခုတူတယ် ပြောဖြစ်ပြန်တယ်၊ နောက်တော့ ကိုယ်လည်း ပန်းပင်တွေအကြောင်း
ထပ်စိုက်မယ့် မျိုးစေ့တွေအကြောင်း စကားလွှဲပြောတော့ သူလည်း အိမ်ထဲ
ပြန်ဝင်သွားတော့တယ်၊ ဒါတောင် ကိုထိန်ကလည်း စာရေးတော်တော်ကောင်းကိုး လို့
ရွတ်နေသေးတယ်၊ ကိုထိန်ကပဲ ရေးတာကောင်းလွန်းလို့ သူမဖတ်နိုင်တာလို့
ပြောချင်နေတာလားမသိ။ ကိုယ်လဲ စိတ်ငြိမ်တဲ့ အထိ အပင်တွေ ရေလောင်းလိုက်တာ
အပင်တွေတောင် ရေနစ်ကုန်ပလား မဆိုနိုင်။
ပြည်ထောင်စုနေ့ ဒို့မမေ့မှာ အတော်ကြာရပ်သွားပြီး ဆက်မဖတ်နိုင်တော့ဘူး။
ကိုယ့်ကျန်းမာရေး ကောင်းအောင် တရက်လောက်နေမှ ပြန်ဖတ်မယ်လို့
တေးထားလိုက်တာပေါ့။ ကိုယ့်ကိုယ်ကို စိတ်ချရပြီ လို့ သိတဲ့ အခြေအနေမှာ
စာအုပ်ကို ပြန်ကိုင်တယ်၊ စိတ်ထဲမှာ နှလုံးသွင်းထားတယ်။
ကိုယ်တိုင်နှိပ်စက်ခံခဲ့ရတဲ့ အပြင် လူမဆန်တဲ့ အဖြစ်တွေကို မျက်ဝါးထင်ထင်
တွေ့မြင်ခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေတောင် သူတို့ဘဝတွေကို ပြန်မတ်အောင်
ကြိုးစားခဲ့ကြတယ်၊ ဒီအမှန်တရားကို ဖော်ထုတ်ခဲ့ကြတယ်၊ ဒါတောင် ကိုယ်က
စာလေးတောင် မဖတ်နိုင်ရလောက်အောင် ခံနိုင်ရည် မရှိရ ကောင်းလားလို့
ကိုယ့်ကိုယ်ကို အပစ်တင်ရင်း ရအောင်ဖတ်မယ်လို့ အားခဲရင်း ပြည်ထောင်စုနေ့
ဒို့မမေ့ကိုတော့ဖြင့် ကျော်ဖတ်ခဲ့ရပါတော့တယ်၊ သိပြီးသားတွေပဲလေလို့ ကိုယ့်စိတ်ကို
လှည့်စားပြီး ဆက်ဖတ်တော့မှ (၅၅)ယောက်ထွက်ပြေးဖို့ ကြိုးစားတဲ့ အကြောင်း
သဲထိတ်ရင်ဖို ဖတ်ကာ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်း စာအုပ်ကို ရင်တုန်လှိုက်မောစွာပဲ အပြီးသတ်ဖတ်လိုက်ရပါတယ်။
တလက်စထဲ မငယ်နဲ့ ကိုရဲတို့ရဲ့ အင်တာဗျူးးကို စုစည်းထုတ်ဝေထားတဲ့ ABSDF
ကျောင်းသားရဲဘော်များရဲ့ မြောက်ပိုင်းခရီး စာအုပ်ကိုပါ တဆက်တစပ်တည်း
ဖြစ်သွားအောင် ဆက်ဖတ်လိုက်ပါတော့တယ်၊ မန်းတင်ရဲ့ ဘဝအစုံ အရွယ်စုံ စာအုပ်ကို ဖတ်ပြီးတဲ့အခါမှာ ကျမရဲ့ ညာဖက်လက်မောင်းတဖက်က နေမရအောင် ကိုက်ခဲလာပါတယ်။ ဖြစ်ပုံက စာအုပ်က စာမျက်နှာရှစ်ရာကျော် ဆိုတော့ ထူလွန်းအားကြီးတယ်၊ အမှန်က အဲဒီလို စာအုပ်မျိုးကို စာအုပ်ထောက်တဲ့ ဒေါက်တိုင်နဲ့ ထောက်ပြီး ဖတ်မှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါက်တိုင် မရှိတဲ့အတွက် အဲဒီစာအုပ်ကို တပတ်နီးနီး ဖတ်တာမှာ အချိုးးမကျ ဖြစ်ခဲ့ပုံရပါတယ်။ ခေါင်းအုံးနှစ်လုံးကို ဆင့်ပြီး စာအုပ်ကို အဲဒီပေါ်တင်လို့ တနည်း၊ စာအုပ်ကို အိပ်ယာပေါ်မှာချ လူက အိပ်ယာထဲကနေ မှောက်ပြီး ဖတ်လို့ တသွယ် ၊ စားပွဲပေါ်တင်ထားပြီး ထိုင်ခုံနဲ့ ကျကျနန ဖတ်ပြန်တော့ ကြာကြာ မထိုင်နိုင်တဲ့ အတွက် နည်းအမျိုးမျိုးနဲ့ ဖတ်ရာက အကြောတွေ လွဲကုန်တယ်လို့ ပထမတော့ ထင်မိပါတယ်။ ဒါတင်မက နောက်ကျောဖက် ဂုတ်အထက်နားကို အပ်နဲ့ ထိုးသလို တချက်တချက် ဖြစ်လာတော့ စာအုပ်အထူကြီးကို ဟန်မကျ ပန်မကျ အနေအထားနဲ့ ဖတ်မိလို့ပဲလို့ ထင်ထားပေမယ့် တကယ်ကျတော့မှ သွေးတိုး နေတာဖြစ်နေပါရော။ ဒါနဲ့ပဲ ဖတ်မယ်လို့ အားခဲထားတဲ့ စာအုပ်နှစ်အုပ်ကို မတို့မထိနိုင်ပဲ ဆေးသောက် နားနေရပါတော့တယ်။
ဒီစာအုပ်ထဲက အကြောင်းအရာတွေက ငါသိပြီးသားတွေပဲလေ၊ နောက်ပြီးတော့ လွန်ခဲ့တဲ့ (၃)နှစ်လောက်ကလည်း အွန်လိုင်းပေါ်မှာ ရေးကြပြောကြနဲ့ ဖတ်ပြီးသားတွေပဲလေလို့ စိတ်ကို ဖြေနေလိုက်ပါတော့တယ်။
သွေးကျဆေးနဲ့အတူ နျူ ရိုဘီယန်ပါ တွဲသောက်တဲ့အခါ နေ့လည်နေ့ခင်း ဆိုရင် မျက်လုံးမဖွင့်နိုင်အောင် အိပ်တော့တာ၊ အဲဒါကို အိပ်နေတာလား သွေးပဲတက်နေလားဆိုပြီး ခင်ပွန်းဖြစ်တဲ့သူက အနားမှာ ခုံနဲ့ထိုင်ကာ စာအုပ်ဖတ်ရင်း စောင့်ကြည့်နေတတ်တယ်။ တရက်မှာတော့ နေ့လည်ခင်း အိပ်ပျော်သွားရာက နိုးလာတော့ စာအုပ်ဖတ်ရင်း ကုတင်ဘေးမှာ ထိုင်ခုံတလုံးနဲ့ ထိုင်ပြီး စာဖတ်နေတဲ့ ခင်ပွန်းဖြစ်သူကို ကိုထိန်ရဲ့ မြောက်ပိုင်းအရေးအခင်းစာအုပ်ကို စိတ်ပါလက်ပါ ဖတ်နေတာ တွေ့ရတယ်။ သူဖတ်နေတာ စာအုပ်က နောက်ဆုံးနားကို တော်တော်တောင် ရောက်နေပြီ။
" ဟ မြန်လှချည်လား" လို့ ကိုယ့်ရဲ့ အပြောကို သူက အခုလို တုန့်ပြန်ပြောတော့ ကိုယ့်မှာ သနားရမလို စိတ်ထဲ အလိုမကျသလို ဖြစ်လိုက်မိတယ်။
" ကိုယ့်နှလုံးတွေ မခံစားနိုင်ဘူး၊ ကိုယ်ကပဲ အသက်ကြီးလာလို့ နှလုံးတွေက ခံနိုင်ရည် မရှိတော့တာလား မသိဘူး၊ ရက်စက်လိုက်တာ ရက်စက်လိုက်ကြတာ ဘယ်လိုမှ မဖတ်နိုင်လို့ ကျော်ဖတ်လိုက်ရတယ် "
ဒါ့ကြောင့်ကိုးလို့ တွေးမိပေမယ့် စိတ်ထဲကနေ တခုခုကို သတိရမိပြီး အလိုမကျ သလိုလို ဖြစ်သွားပါသေးတယ်။
ပန်းချီ ထိန်လင်းရဲ့ ABSDF မြောက်ပိုင်းကျောင်းသားအရေးအခင်
အခုတော့ သူက ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ
ကိုယ့်မှာ သွေးပေါင်ချိန် ပုံမှန်ဖြစ်ပြီး နေကောင်းသွားတဲ့အခါ မြောက်ပိုင်းကျောင်းသားအရေးအခင်
မိုက်တွင်းနက်နက် နှစ်ခါပြန်တူးခဲ့သူလို့ အိန္ဒိယနယ်စပ်ကနေ ပြည်တွင်းပြန်ဝင်ပြီး ပြေးပြေးလွှားလွှား ပုန်းလှိုးး ကွယ်လျိုးနဲ့ ကချင်ပြည်နယ် ပါဂျောင်ဖက်ကို မရောက်ရောက်အောင် သွားခဲ့ရတာတွေ ဖတ်ရင်းက မဖတ်နိုင်တဲ့သူကို မျက်စောင်းလှမ်းထိုး လိုက်မိပါသေးတယ်။ သူက ဘာမှမသိပဲ ကိုယ့်ကိုတောင် ပြန်ပြီး " ဟေး ဖတ်လို့ရလား သွေးပြန်တိုးမယ်နော် နေမကောင်းပြန်ဖြစ်မယ်' တဲ့ ပြောနေတယ်။
ကိုယ်က " အမလေး ဘာမှမဖြစ်ဘူး၊ ဒီအကြောင်းတွေက သိပြီးသားတွေ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကတည်းက သိပြီးသားချည်းပဲ၊ အွန်လိုင်းမှာလည်း ဖတ်ပြီးသား " လို့ ခပ်ရဲရဲ ပြန်ပြောလိုက်တာပေါ့။
နမ္မားပို့စ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျောင်းသားတပ်မတော် (ကချင်ဒေသ) ကို ရောက်အောင်သွားရတဲ့ ကိုထိန့်ရဲ့ အဖြစ်အပျက်နဲ့အတူ တောခို ကျောင်းသားတွေရဲ့ ဆင်းရဲစွာ ဖြတ်သန်းရတဲ့ ဘဝ၊ စားသောက်နေထိုင်မှုတွေကို ဖတ်ရင်းက စိတ်ထဲ အတော်မကောင်းဖြစ်ပေမယ့် ကိုထိန်က သူ့ဟန်အတိုင်း ခပ်သွက်သွက် ခပ်ရွှင်ရွှင်နဲ့ ဟာသဓါတ်ခံ အမြင်ရှိတဲ့ အတိုင်း ရေးတာဆိုတော့ ရယ်စရာလည်း ဖြစ်ပေါ့။
ဆန်တစေ့ရဖို့ အရေးဆိုတဲ့ အပိုင်းမှာတော့
သစ်ပင်တွေကို ခုတ်ပိုင်း ထွင်းပြီး စပါးတွေကို မောင်းထောင်းသလို လက်နဲ့
ထောင်းရတာ ဖတ်ပြီးကိုယ်တိုင် ထောင်းရသလို လက်တွေ ညောင်းလာသလိုခံစားရတယ်။
ဆားတစ်ပွင့်အတွက် ဒါးတဝင့်ဝင့် အပိုင်းလည်း ဖတ်ပြီးရော ကိုယ့်အိမ်မှာ
အရေးမထားတဲ့ အပေါဆုံးဖြစ်ပြီး အချိန်မရွေး ဝယ်လို့ရလို့
တန်ဖိုးထားရမှန်းမသိတဲ့ ဆား အပေါ်မှာ အလေးအနက် ထားမိလာပါတော့တယ်၊ ရှိနေလို့
တန်ဖိုးမထား၊ မရှိတဲ့ အရပ် ရှားပါးတဲ့ အရပ်မှာ ဆားလေး တပွင့်ဟာ
အင်မတန်အတန်ဖိုးကြီးပါလား၊ ဆားမစားရရင် ဖြစ်တဲ့ လက္ခဏာတွေကိုပါ သိရပြီး
လန့်များတောင် လန့်မိပါတယ်။ ကျွန်တော်နဲ့လက်နှိပ်စက်ကြီး တစ်လုံးကို
ဖတ်ပြီးတဲ့အခါမှာတော့ ကိုထိန့်ရဲ့ ရဲဘော်ကြီး ၊ ကိုထိန့်ရဲ့
ကျည်ကာသေတ္တာကြီးကို ရေစက်မကုန်ပဲ ပြန်တွေ့ပါစေလို့ ဆုတောင်းပေးမိပြန်ပါတယ်။
လူဖမ်းပွဲ စတင်ခြင်း ကနေ ဥက္ကဌကိုယ်တိုင် အဖမ်းခံရခြင်း
စတာတွေမှာ ဖမ်းဆီး နှိပ်စက်မှု မျိုးစုံကို ဖတ်ရပါပြီ။ သိရပါပြီ။ ကြားခဲ့ရ
သိခဲ့ရတာတွေအတိုင်း တထပ်ထဲရှိသလို ကိုထိန်ကိုယ်တိုင် ကြုံရ ခံစားခဲ့ရ
မြင်တွေ့ခဲ့ရတာတွေ ကတော့ တသက်နဲ့တကိုယ် အံဩလို့မကုန်တဲ့ အကြောင်းတွေပါပဲ။
ရက်စက်မှုအပေါင်း သရဖူဆောင်းတော့သည် ဆိုတာထက် အဆရာ ထောင်မက ရက်စက်ခဲ့ကြသည်။
မကြားဝံ့မနာသာ လူလူချင်းမှဟုတ်ပါလေစ ကျောင်းသားရဲဘော်အချင်းချင်းမှ
ဟုတ်ပါလေစ၊ လူ့ဂုဏ်သိက္ခာ လူသားဆိုတာတွေ ပျောက်ကွယ်နေတဲ့ ငရဲခန်းတမျှ
အဖြစ်အပျက်တွေကို ဖတ်ရပါတော့တယ်။
ကျွန်တော်
သင်းအုပ်ဆရာမှာတော့ ညစဉ် အကျဉ်းကျ ကျောင်းသားတွေကို ဘုရားစာတိုင်ပေးနေတဲ့
ကိုထိန့်ဟန်ကို မြင်ယောင်ကာ မျက်ရည်လည်အောင် သာဓုခေါ်ရင်း ဒါ့ကြောင့်
လူပေါင်း(၅၅) ယောက် တစုတဝေးကြီး လွတ်လာခဲ့တာလို့ တွေးမိပါတယ်။
ပြည်ထောင်စုနေ့ ဒို့မမေ့ ဆိုတဲ့ အပိုင်းကိုရောက်တော့ ဖေဖေါ်ဝါရီ( ၁၂) ရက်
ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ဖြတ်မှု အကြောင်းတွေ လာတော့မှာလို့ စိတ်ကကြိုတင်
သိနေပါတော့တယ်။ ထူးထူးဆန်းဆန်း ထမင်းကျွေးချိန် မဟုတ်ပဲ
ထမင်းကျွေးတဲ့အကြောင်း၊ ကျောင်းသားတွေ စားရခဲတဲ့ အမဲရိုးပြုတ်
ဟင်းရည်အကြောင်း ၊ ဘိုဘိုက အဲဒီနေ့ကအကြောင်း ပြန်ပြောတာမှာ
မောင်မောင်ကြွယ်က ဟင်းရည်လိုက်လောင်းပေးတဲ့ နန်းစောကို ဟင်းရည်တွေ
အများကြီးမထဲ့နဲ့ ဟင်းကောင်းကောင်းလေးနဲ့ စားလိုက်ချင်တယ် ဆိုလား ပြောတာ
ဖတ်ပြီး ရှေ့ဆက်မဖတ်နိုင်တော့။ ကိုယ့်နှလုံးတွေ တဆတ်ဆတ် တုန်လာပြီး လူက ကတုန်ကရင် ဖြစ်လာတယ်၊ သွေးတိုးပြိလား မသိလို့ ကိုယ့်ဘာသာ တွေးရင်း မဖြစ်ဘူး ဆိုကာ ရပ်လိုက်ရတယ်။ စာဖတ်တာရပ်လိုက်မှ နှလုံးခုန်ချက်က ဒုတ် ဒုတ် ဒုတ်နဲ့ ခပ်မြန်မြန် ဖြစ်နေပြီ။ ကိုင်း ကိုယ့်ခင်ပွန်း ပြောသလို နှလုံးသားတွေကပဲ ခံနိုင်ရည် မရှိတော့ပြီလား၊ မဖြစ်ဘူး ဆိုပြီး စာဖတ်ရပ်ကာ အိမ်ရှေ့မှာ ဆေးလိပ်ထွက်သောက်နေတဲ့ ခင်ပွန်းနောက်ကို သွားရပ်နေလိုက်ပြီး ဟိုဟို ဒီဒီ စကားတွေ လျှောက်ပြောပါတော့တယ်၊ ကန်စွန်းပင်တွေကို အားဆေး ကျွေးပေးမှ ထင်တယ်၊ သဇင်ဥတွေ ရေလောင်းအုန်းမှ ဆိုပြီး ရေပိုက်ယူပြီး ရေတွေ ထလောင်းနေလိုက်တယ်။
မငယ်ရဲ့ မြောက်ပိုင်းကို ရောက်ရှိသွားပုံနဲ့ နှိပ်စက်ညှင်းပန်းခံရသည့် ဖြစ်စဉ်များကို ထပ်ပြီး ခရစေ့တွင်းကျ သိရတဲ့ အပြင် လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှု( ကိုထိန်ရေးတော့ ကိုထိန်ရဲ့ခံစားမှု၊ မငယ်ပြောတဲ့ မငယ်ခံစားမှု) တွေကို ဖတ်ရပါတယ်။ အားလုံးက အသက်သေလောက်အောင် ညှင်းပန်းခံရတဲ့ အတွက် ထောက်လှန်းရေးလို့ဝန်ခံပါမှ နှိပ်စက်တာ ရပ်သွားတဲ့အတွက် ဝန်ခံခဲ့ရတာ အတူတူချည်းပါ။
နှိပ်စက်လို့ ဝန်ခံပြီးယုံမက ဘယ်သူဘယ်ဝါကပါ ထောက်လှန်းရေးမဟုတ်လားလို့ လိုင်းတင် ရေးချခိုင်းခဲ့တဲ့အတွက် ရေးခဲ့ရပါတယ်လို့ ဖတ်ရပါတယ်။ ဒါ့ကြောင့်လည်း ကိုထွန်းအောင်ကျော်ကို တွေ့တဲ့အခါ ခွင့်လွှတ်ဖို့ ပြောခဲ့တဲ့အပြင် နားလည်ပါတယ်လို့ ပြောသွားပါသေးတယ်တဲ့။ ရင်နင့်စရာ အဖြစ်အပျက်တွေပါ။ အဖြစ်မှန်တွေကို အားလုံးသိအောင် တချိန်ကျ ပြောပြမယ်လို့ ကတိပေးထားကြတဲ့အတိုင်း ရင်နာနာနဲ့ ပြောကြရေးကြရတာကို ရင်နင့်စွာပဲ ဖတ်နေရပါတယ်။
ကိုရဲနဲ့ အင်တာဗျူးတဲ့ အပိုင်းမှာ သူကြုံခဲ့ရတာတွေ ပြောသွားတဲ့အတွက် မသိတာတွေလည်း သိရပါတယ်။ မြောက်ပိုင်း ကိစ္စရေးကြပြောကြတဲ့အခါ ကိုထွန်းအောင်ကျော် ဥက္ကဌဖြစ်နေချိန်၊ သူကိုယ်တိုင် ဗဟိုကော်မီတီဝင် ဖြစ်နေတဲ့ အချိန်မှာကတည်းက သတ်ဖြတ်မှုတွေ ဖြစ်နေပြီလို့ ကိုယ်က သိထားတဲ့အတွက် သူ့ကို ကိုယ်ကိုယ်တိုင် မေးခွန်းတွေ မေးခဲ့ဖူးပါတယ်၊ စစ်ကြောရေး ကိစ္စကို မြောက်ပိုင်းကျောင်းသားထောက်လှ
မေးမယ့်သာ မေးလိုက်တာ ကိုရဲအကြောင်း ကိုယ်အသိဆုံး၊ သူဟာ နူးညံ့တဲ့သူ၊ သူတပါးကို ထိုးနှက် ကန်ကျောက်တာ ဘယ်တော့မှ မလုပ်တဲ့အပြင် သူများလုပ်ရင်လည်း မကြိုက်ဘူး၊ ကိုယ်တို့ငယ်ငယ်က အဖေနဲ့ အမေ စိတ်ဆိုး စကားများတဲ့အခါ အဖေက အမေ့ကို ပါးစပ်နဲ့ ကြမ်းကြမ်းတမ်းတမ်း အော်ဟစ်ပြောတာကိုတောင် သူက မကြိုက်တဲ့သူ၊ အဲလို ဖြစ်တိုင်း အမေ့ကို မပြောနဲ့ဆိုပြီး သူက မျက်ရည်ကျ ငိုတတ်တဲ့သူ။
" နောက်ပိုင်း နင်အဖမ်းခံရတဲ့အခါ ထောက်လှန်းရေးလို့ ဝန်ခံပြီးတဲ့အခါ နောက်ထပ် ထောက်လှန်းရေးလို့ စာရင်းပေးခဲ့တာ ရှိလား" ဆိုတဲ့ ကိုယ့်အမေးကို လုံးဝ( လုံးဝ) မရှိဘူး။ ကိုယ်တိုင် အဖမ်းခံရ နှိပ်စက်ခံရတဲ့ အတွက် တခြားလူတွေ ဒီလို ဖြစ်မှာဆိုးလို့ ဘယ်သူ့ကိုမှ ဆွဲမထဲ့ခဲ့ဘူး၊ ကိုယ်တိုင်ပဲ ဝန်ခံလိုက်တယ်၊ အဖော်တွေပါတာ သူတို့လည်း သိပြီးသားမို့ အတူလာခဲ့တဲ့ အဖော်တွေ လွတ်အောင် သူတို့က တကယ့်ကျောင်းသား အစစ်တွေ၊ သူတို့က ဘာမှမသိဘူး၊ ကိုယ်တစ်ယောက်ပဲ ထောက်လှန်းရေးကလွှတ်လို့ သူတို့မသိအောင် ကျောင်းသားလို့ပဲ ပြောလာလို့ ကျောင်းသားလို့ပဲ သူတိုကလည်းသိတာပါ ဒီလိုပဲ ထွက်ဆိုခဲ့တယ်။ ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ ဆွဲမထဲ့ခဲ့ဘူးလို့ သူပြောဖူးတယ်။
အခု ဒီစာအုပ်ထဲမှာလည်း အဲဒီအတိုင်းပဲ သူပြောသွားတာ ဖတ်ရတယ်။
ဒါတွေ ဖတ်ပြီး ကိုယ်ကကျေနပ်တယ်။ သူ့ကို မေးတာလည်း အကြောင်းရှိလို့ သေသေချာချာ မေးလိုက်တာ။ နှိပ်စက်ညှင်းပန်းမှု ဖြစ်စဉ်တွေကို အွန်လိုင်းပေါ်မှာ ဖတ်ရ ကတည်းက အကြောင်းကြောင်းကြောင့် ကိုယ်က ရိုက်မိခဲ့ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ်က မခံနိုင်လွန်းလို့ တွေ့ရာလူ နာမည်ကို ပြောပြပြီး အမှုတွဲလိုက်ရင်ပဲ ဖြစ်ဖြစ်၊ တဖက်သား နစ်နာခဲ့တာ၊ ခံစားခဲ့ရတာ ကုန်ကုန်ပြောရရင် အသက်သေသွားတာများ ရှိခဲ့ရင် ပြန်ပြီး တောင်းပန်ဖို့ပါပဲ။ တာဝန်ယူဖို့ ဖြေရှင်းပေးဖို့၊ သူတင်မက ကိုယ်တို့ မိသားစုလိုက်ပါ လိုက်ပြီး တောင်းပန် ရမှာလို့ တွေးမိလို့ပါ။
အင်မတန် ဆိုးရွားလှတဲ့ ဖြစ်စဉ်ကြီးမှာ ပါဝင်ခဲ့ပေမယ့် လူသားပီသစွာ ခက်ခက်ခဲခဲ ရပ်တည်ပြီး ကောင်းမွန်တဲ့ သမိုင်းကြောင်းကို ရွေးခဲ့တဲ့ ကိုယ့်မောင်လေးကို အထူးပဲ ကျေးဇူးတင်ရပြန်ပါတယ်။ စာအုပ်ထဲက အကြောင်းတွေ သူပြောနေတာတွေ ဖတ်ပြီး နှလုံးသားကို ဓါးနဲ့မွှန်းသလို ခံစားနေရပေမယ့် ဖတ်နေရင်းက သူ အသက်ရှင်နေသေးတာ တော်သေးတာပေါ့လို့ ဖြေရင်း ဖတ်ရပါတယ်။ အခက်အခဲတွေကြားက ကိုယ့်သမိုင်းကို ဖြူစင်အောင် ရပ်တည်ခဲ့တဲ့အတွက် ချီးကျူးမိပါတယ်။
အဲဒီတုန်းက လူမဆန်တဲ့ နှိပ်စက်မှုတွေကို ခေါင်းဆောင်ခဲ့တဲ့ သူတွေထဲက တယောက်ယောက်သာ သူဖြစ်ခဲ့ရင် သူ့ကို ခေါ်ပြီး ကိုယ်တွေ ကိုယ်တိုင် သေဆုံးသူတွေ နှိပ်စက်ခံခဲ့ရတဲ့ သူတွေဆီ အိမ်ပေါက်စေ့ လိုက်ပြီး လက်အုပ်ချီကာ နှဖူး မြေကြီးတိုက်လို့ တောင်းပန်ခိုင်းမှာပါ။
" အဲဒီ ဖြစ်စဉ်မှာ ဒီလောက် ကမ်းကုန်အောင် ရက်စက် ၊ တခါမှ မကြားဖူးတဲ့ နှိပ်စက်မှုတွေကို လုပ်တဲ့ သူတွေ သူတို့လုပ်ခဲ့တာကို သူတို့ ဘယ်လို ခံစားနေရသလဲ မသိဘူးနော်၊ ညည အိပ်ပျော်ရဲ့လား၊ အခုလို သောသောညံအောင် အမှန်အတိုင်း တယောက်ပြီး တယောက် ပြောနေကြတော့ သူတို့စိတ်တွေ ဘယ်လိုနေသလဲ သိချင်လိုက်တာ" ဆိုတဲ့ နှလုံးသားနုသူကြီးရဲ့ အမေးကို ကိုယ်လည်း ပြန်မဖြေနိုင်ပဲ ငေးနေမိတယ်။ ကိုယ်လည်း သိချင်နေတာပဲလေ။
" ကိုယ်ပေးခဲ့တဲ့ ကတိပြုခဲ့တဲ့ သစ္စာကို တနေ့အကောင်အထည်ဖော်ရမယ်ဆိုတာ အသွေးအသားထဲမှာ နစ်နေအောင် သိမ်းဆည်းထားတာ" ဆိုတဲ့ မငယ်ရဲ့ စကား၊ ကိုထွန်းအောင်ကျော်ကို သူပေးခဲ့တဲ့ ကတိကို အကောင်အထည်ဖော်ခဲ့တဲ့ မငယ်ရဲ့ ရေးသားချက်တွေ၊
" ကျွန်တော်တို့အပေါ် ရက်စက်စွာ ကျူးလွန်ခဲ့သူတွေကို ပြောချင်တာက တို့ အဲဒီလို လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်က လုပ်ခဲ့တဲ့ ကိစ္စမှာ ကျွန်တော်တို့ အဲသည်လောက်အထိ နာကျင်ခံစားခဲ့ရပါတယ်ဆိုတာကို အခု ထုတ်ဖော် ပြောပြခဲ့တာပါ။ အနည်းဆုံး ကိုယ်ချင်းစာစိတ်ထားပြီး အမှန်အတိုင်း ရှုမြင်လာမယ်ဆိုရင်ကို ပြန်လည် ထုတ်ဖော် ရေးသားရကျိုး နပ်ပါပြီ။ ကျွန်တော် အကျဉ်းကျနေတဲ့ ကာလမှာ မဟာမြိုင်တောရ ဆရာတော် ဦးဇောတိက ရေးတဲ့ ခွင့်လွှတ်ခြင်း ဆိုတဲ့ စာအုပ်ကို အကြိမ်ကြိမ် ဖတ်ပြီး ဆင်ခြင်ခဲ့ဖူးပါတယ်။ ဆရာတော်ကတော့ ခွင့်လွှတ်တယ်ဆိုတာ အရှုံးပေးတာလည်း မဟုတ်ဘူး၊ အနိုင်ယူတာလည်း မဟုတ်ဘူး။ အဲဒီကိစ္စတစ်ရပ်နဲ့ ပတ်သက်ပြီး ကိုယ့်စိတ်ထဲမှာ အကျဉ်းကျပြီး ပိတ်နေတဲ့ ကိစ္စ၊ အဲဒီ စိတ်ထဲမှာ အကျဉ်းကျနေတဲ့အတွက် အဲဒီကနေ ကိုယ့်ထောင်တခါးကို ကိုယ်ဖွင့်လွှတ် လိုက်တာလို့ဖွင့် ဆိုပါတယ်၊ အခုလည်း ဒီစာအုပ်ဟာ ဒီမြောက်ပိုင်း ကိစ္စနဲ့ ပတ်သက်တဲ့ မကျေနပ်မှုတွေ ယူကြုံးမရ ဖြစ်မှုတွေ အကြိမ်ကြိမ် ရှိနေခဲ့တဲ့ ကျွန်တော်တို့ရဲ့ စိတ်အကျဉ်းထောင် ထဲကနေ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ပြီး လွတ်မြောက်ရေး ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ဒေသ လို့သာ ဝန်ခံလိုက်ပါရစေခင်ဗျား" လို့ ကိုထိန်ရဲ့ လွတ်မြောက်မှုအတွက် ခံစားချက်တွေ ဖတ်ရင်း နောင်ကို ဒီလို စာအုပ်မျိုးတွေ၊ ဒီလို အင်တာဗျူးတွေ ဘယ်တော့မှ ဘယ်သောအခါမှ ရေးစရာ ပြောစရာတွေ မဖြစ်ကြပါစေနဲ့၊ ဒီလို အဖြစ်မျိုးတွေ ဘယ်သောအခါမှ မပေါ်ပေါက်ကြပါစေနဲ့လို့ ဆုတောင်းရင်း ရင်နာနာနဲ့ ဖတ်ခဲ့မိရပါတယ်။
ခိုင်ခိုင်စောလွင်
No comments:
Post a Comment