ရွေးကောက်ပွဲကျင်းပဖို့
ရက်သတ္တ နှစ်ပတ်ခန့်သာ လိုတော့သည့် အချိန်မှာ ကိုယ့်တိုင်းပြည် ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို လက်တွေ့ကျကျ တွေ့မြင်လိုက်ရသည့် အခါမှာတော့ နှစ်ပေါင်းများစွာ အာဏာကို လက်ဆင့်ကမ်း
အုပ်ချူပ်ခဲ့သည့် စစ်အာဏာရှင်တို့ရဲ့ ခေါင်းဆောင်မှုကနေ
ပြည်သူတွေ ဘာမှ အကျိုးခံစားရတာ မရှိပဲ ဆင်းရဲနေကြတာ
တွေ့မြင်ရပြီး အရာအားလုံးနီးပါးမှာ ချွတ်ခြုံကျနေတာ
မျက်ဝါးထင်ထင် တွေ့ရပေတော့သည်။ ထိုအခါမှာတော့ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပါတီထဲက အဓိက အင်အားကြီး
ပါတီ နှစ်ခုအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD နိုင်မှ ဖြစ်မည်လို့ လုံးဝ မှတ်ယူလိုက်ရပေသည်။
NLD ရဲ့ အဓိက ပြိုင်ဖက်ဖြစ်ပြီး လက်ရှိ အာဏာရ
ပါတီမှာ ယခင့်ယခင်ကတည်းက နာမည်သာပြောင်းသည့် အဖွဲ့ ဖြစ်ရာ ကိုယ်ကျိုးရှာ သည့် အဆင့်က
မတက်သည့် အဖွဲ့ဆိုတာ ပြောနေရန်ပင်မလိုပေ။
ရန်ကုန်မြေကို ခြေချမိကတည်းက ပြည်သူတွေရဲ့ နေထိုင်သွားလာ လှုပ်ရှား ရုန်းကန်နေရတာ ကြည့်ပြီး စားဝတ်နေရေးအတွက် ဤမျှခက်ခဲ
ရုန်းကန်နေရသည့် မြန်မာလူမျိုးတွေအတွက် ရင်နာမိလေသည်။ တိုင်းပြည်သယံဇာတတွေကို အာဏာရှင်နှင့် အပေါင်းပါတွေ
ဝေခြမ်းယူထားပြီး ပြည်သူတွေမှာ လူချင်းတူသူချင်းမျှ မနေရပါလား စိတ်မကောင်းဖြစ်ရသည်။ ဘိုးဘွားပိုင်အိမ်ကို မရောက်တာကြာပြီး ပြန်ရောက်သည့် အချိန်တွင် ဆွေမျို
းသားချင်း အရင်းအချာတွေက နေစရာမရှိလို့ လမ်းဘေးဆင်းနေရပြီး စီမံခန့်ခွဲဖို့ ခန့်ထားသည့် အလုပ်သမားက အပိုင်စီးကာ
တက်နေသကဲ့သို့ ခံစားရလေသည်။
ဆင်းရဲသမှ
နေရတာက တဲပုပ်၊ သောက်စရာ ရေကောင်းရေသန့် ဝေးစွ သုံးစရာရေမရှိ ၊ မီးမရှိ ဆင်းရဲနေသည့်
လူတွေလို တိုက်ခန်းနှင့် နေစရာ ရှိသော်လည်း လမ်းတွေက ပျက်ဆီး၊ ချိုင့်ခွက်တွေ အပြည့်
မြေသားပင်မရှိတော့သည့် လမ်းပေါ်မှာ တန်ဘိုးရှိသည့်
အသက်ကို ပုံအပ်ပြီး စိတ်ဆင်းရဲစွာ နေထိုင်ရသည့် လူတွေလည်း များစွာရှိနေလေသည်။ သက်ကြီး
ရွယ်အို စောင့်ရှောက်မှုဆိုတာ မရှိ၊ အိုကြီးအိုမတွေ
တောင်းရမ်းစားသောက်နေကြတာ များစွာ တွေ့ရသည်။ ကျောင်းနေအရွယ် ကလေးသူငယ်တွေ နေရာအမျိုးမျိုးမှာ အလုပ်လုပ်နေကြတာ တွေ့ရသည်။ အထူးသဖြင့် မိန်းမပျိုလေးတွေ လမ်းဘေး လက်ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေမှာ
စားပွဲထိုးတွေ လုပ်နေကြရသည်။ သူတို့လေးတွေ ရှိလှ ၁၉နှစ်၊ (၂၀) နှစ် အရွယ်တွေချည်းသာ။
ပညာရေးနိမ့်ကျ နေတာထက် ပညာသင်ကြားခွင့်တွေ
ဆုံးရှုံးနေကြရသည်။ အနာဂတ် လူငယ်တွေ အများစုမှာ
ဘဝတိုးတက်ရေး အသိဉာဏ်မြင့်မားရေး အခွင့်အလမ်း
ဘာမှ မရှိ၊ အစိုးရက ဘာတစ်ခုမှ လုပ်ဆောင်ပေးတာ မရှိ။ ကျောင်းနေအရွယ် ကလေးက စပြီး တက္ကသိုလ်ပညာ သင်ယူရမည့်
အရွယ်တွေ အားလုံး မိသားစု စားဝတ်နေရေးအတွက် ဝိုင်းဝန်းဖြည့်ဆည်းနိုင်ဖို့ အလုပ်တွေ
လုပ်နေကြရသည်။
လူချင်းတူ
သူချင်းမျှ နေထိုင် စားသောက်ရသလားဆိုတော့ ဝေးစွ၊ ကုန်းဈေးနှုန်းကလည်း ကြောက်ခမန်းလိလိ၊
ရှာရတဲ့ သူတွေ အသက်မထွက်ရုံ တမယ်ပင်၊ နေရတော့ရော၊
အလယ်အလတ်လူတန်းစားပင် ရန်ကုန် ဆင်ခြေဖုံးပင် မကပ်နိုင်၊ မြို့သစ်မှာနေရတာတွေက ဘုရားစူး လူတွေ နေကြတာ ဟုတ်ရဲ့လား
ထင်စရာ၊ အွန်လိုင်းမှာ ကျောင်းသားခေါင်းဆောင် တစ်ယောက် ရေးထားသည့် “ တိရိစ္ဆာန်သာသာဘဝတွေ” ဆိုတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရသလိုပင်။
မြန်မာပြည်သူတွေ အားလုံး ဆင်းရဲနေသလားဆိုလားတော့ မဟုတ်ပြန်၊ ချမ်းသာသည့် သူများကတော့ ကျိကျိတက် ချမ်းသာကြသည်။
အချို့ဝန်ထမ်းတွေပင် ရသည့်လခထက် ပိုလျှံစွာ သုံးစွဲနိုင်၊ နေထိုင်နိုင်တာတွေ ရှိနေတာ
တွေ့ရပြန်သည်။
သာမာန်ပြည်သူအများစုကတော့ ကျန်းမာရေး စောင့်ရှောက်မှု လုံးဝ
မခံစားရတာ သေချာသည်။ ဘာမှ စမ်းသပ်နေစရာမလိုလောက်အောင်ပင်
ချိနဲ့နေသော ကိုယ်ခနာ၊ ညှိုးလျသော မျက်ဝန်းတွေထဲက ဝါကျင်နေသော မျက်လုံးများ၊ မွဲခြောက်ခြောက် အသားအရေ တို့သည် သူတို့ရဲ့ ကျန်းမာရေး
လက္ခဏာကို ဖော်ညွှန်းပြသနေသကဲ့သို့ အတိုင်းသားပင်၊
အစိုးရသည် ပြည်သူကို မစောင့်ရှောက်ပဲ ပစ်ပယ်ထားသည့် အသွင်သဏ္ဍန်က အတိုင်းသား။ တိုင်းပြည်က ဘာဝင်ငွေမှ
မရှိတဲ့ အတွက် ဆင်းရဲနေတာလား ဆိုတော့ မဟုတ်ပြန်၊ အခု စာရေးနေတဲ့ အချိန်မှာပဲ ဖေ့စ်ဘွတ်နဲ့
ဂျာနယ်တွေမှာ အာဏာရှင်တို့ရဲ့ ကျောက်စိမ်းအရောင်းအဝယ်
သတင်းက ဟိုးလေးတကြော်ကြော် တက်လာတာ ဖတ်ရသည်။ ကျောက်စိမ်းကရရှိသော ဝင်ငွေသည် ၂၀၁၄ခုနှစ်
တစ်နှစ်ထဲမှာပင် အမေရိကန်ဒေါ်လာ ၁၂ဘီလျံ ရှိပြီး အစိုးရကျန်းမာရေး အသုံးစားရိတ်ရဲ့
(၄၆) ဆ ရှိတယ်လို့ ဆိုသည်။ အဆိုပါ ဝင်ငွေတွေ ဘယ်ကို ရောက်သွားသလဲဆိုတာ မေးခွန်းထုတ်ထားတာ
ဖတ်ရပါသည်။
ကျောက်စိမ်းအပါအဝင် မြန်မာပြည်က ထွက်သည့် သယံဇာတတွေရဲ့
အကျိုးအမြတ်ကို ပြည်သူတွေ ထိထိရောက်ရောက် မခံစားရပဲ အကျိုးခံစားနေရသည့် သူတွေ ရှိနေတာ
ငြင်းမရပါ။
ထိုင်းမှာ အိမ်နီးချင်း အမျိုးသမီးက
ထိုင်းနိုင်ငံသား၊ အိမ်မြေ ခြံတွေ ငါးလုံးခန့်ရှိသည်။ အနားမှာပင် လက်ရှိနေသည့် အိမ်မပါပဲ သုံးထပ်တိုက်
နှစ်လုံး ရှိပြီး အခြားသူများကို လခဖြင့် ငှားထားသည်။ ရင်းနှီးလာတဲ့အခါ သူပြောပြချက်အရ
သူတို့သည် တရုတ်လူမျိုးတွေ ဖြစ်သည်။ မြန်မာနယ်စပ်မှာ ကျောက်စိမ်း အရောင်းအဝယ်ဖြင့်
ကြီးပွားပြီး ထိုင်းနိုင်ငံမှာ အခြေချနေထိုင်နေတာ ဖြစ်သည်။ သူက ပြောသေးသည်။ ယခင်ခေတ်တွေက
သူတို့ တရုတ်တွေ အချင်းချင်းမှာ နွမ်းပါးသူတွေ့ပါက
မြန်မာပြည်သွားပါ၊ ဟိုမှာ အလုပ်လုပ် ၊ အများကြီး လုပ်စရာမလို သုံးနှစ်လောက်ဆိုပါက နေစရာ
အိမ်၊ တိုက်နှင့် ကားနှင့် အဆင်ပြေလာကြသည်လို့ ဆိုလေသည်။
မြန်မာပြည်သူတွေ ဆင်းရဲမွဲတေ၊ အလုပ်အကိုင်မရှိ၍ အိမ်နီးချင်းနိုင်ငံတွေမှာ
အလုပ်သွားလုပ်နေရချိန်မှာ အခြားနိုင်ငံသားတွေက ကိုယ့်တိုင်းပြည်က သယံဇာတတွေက ရရှိတဲ့
အကျိုး အမြတ်ကို ခံစားပြီး ချမ်းသာစွာနေကြတာ တွေ့ရတာ အင်မတန် ရင်နာစရာ ကောင်းလှသည်။
ထိုအမျိုးသမီး တစ်ယောက်ထဲမကပါ၊ အိမ်နီးချင်းနိုင်ငံမှာ
အခြေချနေထိုင်သည့် သူလို အခြားနိုင်ငံသား အားလုံးနီးပါး မြန်မာပြည်ရဲ့ ကျောက်စိမ်းနှင့်
တွင်းထွက်တွေမှ အကျိုးအမြတ်တွေ ရရှိခံစားပြီး ချမ်းချမ်းသာသာ နေကြရသည်။ သူတို့ သားစဉ်မြေးဆက်ပင်
စားမကုန်ပါ။ တိုက်တွေ မြေတွေ မိသားစုဝင်တွေ အတွက် လူစေ့အောင် ဝယ်ထားကြသည်။ သားသမီးတွေက
ထိုင်းနိုင်ငံသားတွေ ဖြစ်ကုန်ကြပြီး အဆင့်မြင့်ပညာတွေ သင်ကြားနေကြပြီ။
ဒါတွေအားလုံးသည် တိုင်းပြည်ရဲ့ သယံဇာတကို ကောင်းမွန်စွာ
မထိန်းသိမ်းနိုင်ခြင်းနှင့် အုပ်ချုပ်မှု စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတို့ ကြောင့်ဆိုတာ
မြေကြီးလက်ခတ်မလွဲပေ။ ဤမျှ ညံ့ဖျင်းသည့် အစိုးရမျိုး ပြည်သူတွေ ဆက်လက် ကြုံနေအုန်းမည်ဆိုပါက
ဒုက္ခဆင်းရဲတွင်း ဘဝကနေ တသက်လုံး လွတ်မှာမဟုတ်။
တိုင်းပြည်ရဲ့ စီးပွားရေး ချွတ်ခြုံကျကာ တိုင်းပြည် ဆင်းရဲနေ၊ ပြည်သူတွေ ဆင်းရဲမွဲတေ
နေသည့် ဘဝက လွတ်အောင် အကောင်းဆုံး နည်းလမ်း ရှိနေတာ အဆိုးထဲက အကောင်းဖြစ်သည်။
ဒီအခြေအနေကို ပြည်သူတွေ လက်လွတ်မခံပါနှင့်။ တိုင်းပြည်ကြီးကို
အကောင်းဆုံးပြောင်းလဲနိုင်မည့် အခွင့်အရေးသည် လာမည့် ရက်သတ္တပတ်အတွင်း ရောက်ရှိလာတော့မည်။
အတိမ်းအစောင်း မခံသည့် အခြေအနေတွင် ပြည်သူအားလုံး ပြောင်းမှ ဖြစ်တော့မည်။ ပြောင်းကို
ပြောင်းရမည်လို့ သံနိတ်ဌာန်ချပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ကိုသာ မဲပေးလိုက်ကြပါစို့လို့
အတိအလင်း တိုက်တွန်းလိုက်ရပါသည်။
No comments:
Post a Comment